NLD ကို ရွေးကောက်ပွဲကော်မရှင် သတိပေး

Thursday, February 23, 2012


NLD က ဝေငှတဲ့ လက်ကမ်းစာစောင် ၃ စောင်က ဥပဒေနဲ့ ငြိစွန်းတယ် တဲ့။ ဘယ်လို ငြိစွန်းတယ် ဆိုတာ ကော်မရှင်ရဲ့ ပေးစာမှာ ဖော်ပြမထားပါ။ ပြန်ကြားရေးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည်လို့တော့ အပိုဒ်၂ မှာ ရေးထားပါတယ်။ -----

5 comments :

  1. မောင်ဘုန်းမြတ် said... :

    ဘယ်ဘက်က မှားတယ် မှန်တယ်ဆိုတာတော့ မသိရသေးပါဘူး။
    ပြောချင်တာက- ကိုယ်လက်မခံနိုင်သည့် ဥပဒေ ဖြစ်သည့်တိုင်အောင် ကိုယ့်ဘက်က အဲဒီဥပဒေကို မပယ်ဖျက်နိုင်သေးသမျှ တည်ဆဲအနေနဲ့ ရှိနေရင် တိတိကျကျ လိုက်နာတာ ကောင်းမယ်ထင်တယ်။
    ကိုယ်က သူ့စည်းထဲကို ၀င်မိသွားပြီးကိုး။

  1. ကိုသန်းထွန်း said... :

    ပြည်သူ့ရှေ့က ဦးဆောင်ပါတီတစ်ခုအနေနဲ့
    တည်ဆဲဥပဒေတွေကို ကြိုက်သည်ဖြစ်စေ
    မကြိုက်သည်ဖြစစေ လိုက်နာရမှာပါ ၉၀ ရွေးကောက်ပွဲရလဒ်ကို နမူနာယူသင့်ပါတယ်
    ကိုယ် ကိုတိုင် အစိုးရဖွဲ့ဖြစ်တဲ့အခါကျရင် ပြည်သူတွေကို ဘယ်လို အုပ်ချုပ်ကြမလဲ ရင်လေးစရာပါ

  1. Anonymous said... :

    ကိုယ်က ငြိစွန်း မစွန်းသိချင်ရင်၊
    သူတို့  ကိုးကားချက်ပေးထားတဲ့ ထုတ်ပြန်ချက်တွေနဲ့  ပြန်တိုက်ဆိုင် ကြည့်ရပါတယ်။ မမှန်ရင် ပြန်လည်ချေပခွင့်၊ ရှိပါတယ်။ အစိုးရကို ခနဲ့ မှ၊ အစိုးရလုပ်တာတွေကို မကောင်းကြောင်းချည်း ရေးမှ၊ စာဖတ်ပရိသတ်ကြိုက်မယ်
    လို့ ထင်ရင်၊ စာဖတ်ပရိသတ်ကို အထင်သေးရာ ကျပါတယ်။

  1. Anonymous said... :

    ကိုယ်က ငြိစွန်း မစွန်းသိချင်ရင်၊
    သူတို့  ကိုးကားချက်ပေးထားတဲ့ ထုတ်ပြန်ချက်တွေနဲ့  ပြန်တိုက်ဆိုင် ကြည့်ရပါတယ်။ မမှန်ရင် ပြန်လည်ချေပခွင့်၊ ရှိပါတယ်။ အစိုးရကို ခနဲ့ မှ၊ အစိုးရလုပ်တာတွေကို မကောင်းကြောင်းချည်း ရေးမှ၊ စာဖတ်ပရိသတ်ကြိုက်မယ်
    လို့ ထင်ရင်၊ စာဖတ်ပရိသတ်ကို အထင်သေးရာ ကျပါတယ်။

  1. myo myanmar said... :

    all comments are so good ,must do like that.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved