လွှတ်တော်ထဲက တိုင်းရင်းသား ယဉ်ကျေးမှု

Tuesday, March 6, 2012

ဦးခက်ထိန်နန် (ဓာတ်ပုံ-ဧရာဝတီ)

မနေ့တုန်းက ပြည်ထောင်စုလွှတ်တော် ဆွေးနွေးချက်တချို့ပါ -

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) ဦးခက်ထိန်နန်ရဲ့ ဆွေးနွေးချက်

၁ - မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များတွင် တိုင်းရင်းသား အစီအစဉ်များကို အချိန်ပေး ကဏ္ဍခွဲပြီး ထုတ်လွှင့်ပေးရန်
၂ - မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အဆင့်ဆင့်တွင် အခြား တိုင်းရင်းသားများ၏ အဆို၊ အက၊ အရေး၊ အတီး အနုပညာ ယဉ်ကျေးမှုများကိုပါ ထည့်သွင်း၍ ထိန်းသိမ်း ဖော်ထုတ် မြင့်တင်သွားရန်
၃ - ယဉ်ကျေးမှုတက္ကသိုလ်တွင် တိုင်းရင်းသားများ၏ အဆို၊ အက၊ အရေး၊ အတီး ရိုးရာ အနုပညာယဉ်ကျေးမှုများကိုပါ သင်ကြားပေးရန်
၎ - ပြည်ပသို့ သွားရောက် ဖျော်ဖြေသော ယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့များတွင် တိုင်းရင်းသားနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ ပါဝင်စေရေး

ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းရဲ့ ပြန်လည် ဆွေးနွေးချက်

နံပတ် ၂ နဲ့ ပတ်သက်ပြီး ပြန်ရှင်းချက်တချို့က ဒီလိုပါ
"မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် လူမျိုးစုပေါင်း (၁ဝဝ) ကျော် ပါဝင်သည့် တိုင်းရင်းသားအားလုံးအတွက် တပြေးညီ တန်းတူ ယှဉ်ပြိုင်နိုင်သည့် ယူနစ်တူသော ပြိုင်ပွဲတစ်ရပ်ကို ထည့်သွင်းကျင်းပပေးရန် ဆိုသည်မှာ အလွန် ခက်ခဲပါကြောင်း၊ တိုင်းရင်းသား အဆို၊ အက အားလုံးသည် တစ်မျိုးတစ်ဘာသာစီ တစ်သွင်ဆန်းပြီး ခမ်းနား ထည်ဝါသော ရိုးရာအမွေအနှစ်များ ဖြစ်ကြသည့်အတွက် ၎င်း အဆို၊ အကများကို ယှဉ်ပြိုင်စေပြီး အမှတ်ပေးရန်၊ နှိုင်းယှဉ်ရန်၊ အရှုံးအနိုင် ခွဲခြားရန် ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ ဖြစ်လည်း မဖြစ်သင့်ပါ" လို့ ဆိုပါတယ်။

သူတို့ ၂ ယောက် ဆွေးနွေးချက်တွေကို မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
http://3.bp.blogspot.com/-8vFePa7z_S4/T1WKJfcG_dI/AAAAAAAAEyY/mV3xt35xnHo/s1600/0%2Bparliament.jpg မှာပါ။



1 comments :

  1. Seng said... :

    How can be equality in Burma. Even just to dance and sing by all ethnic culture is impossible. Is it democracy ?
    Yes may be it is democracy for Burmese ( Burma). But not for the ethnic people. You can't even mention for the political right ......its far more beyond imagination....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved