ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ မဲဆွယ်

Monday, March 5, 2012

အထက်မြန်မာပြည်စည်းရုံးရေးခရီးစဉ်မှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားတဲ့မြို့ကတော့
ဗိုလ်ချုပ်ကြီးတို့ရဲ့ နယ်မြေ နေပြည်တော် ဖြစ်ပါတယ်။
Burma VJ Media Network ရဲ့ ဖေ့စ်ဘုတ်ကတွေ့တဲ့ ပုံတချို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
သတင်းကတော့ ဧရာဝတီ ပင်ပစာမျက်နှာမှာ ဖော်ပြထားတဲ့သတင်းပါ။

နေပြည်တော် လူထု ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်ကြို
ကျော်ခ

မြန်မာအစိုးရခြေစိုက် နေပြည်တော်သို့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရန် ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံလူထုက တခဲနက် ကြိုဆိုကြသည်။

နေပြည်တော်ရှိ လစ်လပ်နယ်မြေလေးခုအနက် ပထမဆုံးအဖြစ် ဒက္ခိဏသိရီမြို့နယ်သို့ဒေါ်အောင်ဆန်းစုကြည် သွားရောက် ရာတွင် ဒေသခံ လေးသောင်းကျော်က “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ အောင်မြင် ပါစေ” ဟု ကြွေးကြော်သံ များဖြင့် သောင်း သောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြကြောင်း NLD ကပြောသည်။

“မလာခင်တုန်းကတော့ စိတ်ထဲမှာထင်မိတယ်။ ဒီ ဒက္ခိဏသီရိမြို့နယ်က ရွာသူရွာသားတွေက တော်တော်များတယ်ဆိုတော့ ဝန်ထမ်းတွေလည်း ပါမလားတော့မသိဘူး။ နည်းနည်းများကြောက်ကြမလားလို့၊ ကျမကထင်မိတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားသည်။

ဒက္ခိဏသီရိမြို့နယ်တွင် လူထုစည်းရုံးရေး ဟောပြောရန်အတွက် ကွင်းပြင်ကျယ်များကို ငှားယမ်းရာတွင် ကန့်ကွက်မှုများနှင့် ကြုံရကြောင်း၊ သို့သော် ဟောပြောပွဲကို အနီးရှိ ရွာမကျေးရွာခံများသာမက အစိုးရဝန်ထမ်းများပါ လာရောက်ကြိုဆိုကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ သတင်းထောက် များက ဧရာဝတီသို့ ပြောသည်။

ဒက္ခိဏ သီရိမြို့နယ်တွင် NLD ပါတီက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနိုင်ငံလင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းမြို့နယ် သည် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဦးမြင့်လှိုင် ၏မဲဆန္ဒနယ်မြေဖြစ်သည်။

နေပြည်တော်တွင် မြို့နယ် ၅ ခုရှိသည့်အနက်မှ လစ်လပ်နယ်မြေဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်တွင် NLD က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းမြို့နယ်များတွင် ပါတီစည်းရုံးရေးအတွက် ကွင်းပြင်များ ငှားယမ်းရာတွင် နှောက်ယှက်မှုများကြုံတွေ့နေရသကဲ့သို့ ပါတီ ဆိုင်းဘုတ်များကိုလည်း ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ပုဗ္ဗသီရိမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောသည်။

နေပြည်တော်မရောက်မီ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သေးသည်။ ယင်းခရီးစဉ်ကို ယနေ့ နံနက် ၆ နာရီခွဲ့ခန့်တွင် သူတည်းခိုရာ မန္တလေးမြို့ Novotel Hotel မှ စတင်ထွက်ခွာခဲ့ပြီးနောက် တံတတားဦးမြို့နှင့် နွားထိုးကြီးမြို့များ၌ သောင်းနှင့်ချီသော ဒေသခံ လူထု ပရိသတ်များကို မဲအောင်နိုင်ရေး စည်းရုံးဟောပြောမှု များပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လမ်းခရီးတလျှောက် သောင်းနှင့်ချီသော ဒေသခံများက NLD အလံ အမှတ်တံဆိပ်ပါ အလံများဝှေ့ယမ်းကာ တခဲနက် ကြိုဆို၊ နှုတ် ဆက်မှုများပြုလုပ်ခဲ့ကြသကဲ့သို့“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု
ဆုတောင်းပေးခဲ့ကြသည်ဟု ခရီးစဉ်တွင် လိုက်ပါသွားသော သတင်းထောက် တဦးက ပြောသည်။

မွန်းတည့်ချိန်တွင် မိထ္ထီလာမြို့သို့ရောက်ရှိခဲ့ပြီး ဒေသခံလူထု လေးသောင်းကျော်အား မိန့်ခွန်းပြောရာတွင် အကြောက်တရားကင်းကြ ရန် တိုက်တွန်းဟောပြောခဲ့ကြောင်း ယင်းမြို့နယ်၏ NLD ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။


ယနေ့ပြုလုပ်ခဲ့သည့် စည်းရုံးရေးခရီးစဉ်တွင် နွားထိုးကြီးမြို့တခုမှလွဲ၍ ကျန်မြို့နယ်များဖြစ်သည့် တံတားဦး၊ မိတ္ထီလာနှင့် နေပြည် တော်တို့တွင် NLD က ခေတ္တငှားရမ်းထားသည့် အားကစားကွင်း၌
ခွင့်ပြုချက်မရရှိသဖြင့် လယ်ကွင်းများတွင် ဟောပြောခဲ့ရကြောင်း သိရသည်။

အလားတူ စနေနေ့က မန္တလေး မြို့စည်းရုံးရေးခရီးစဉ်၌လည်း တောင်းဆိုထားသည့် အားကစားကွင်းတွင် ခွင့်ပြုချက်မရရှိသဖြင့် လယ်ကွင်းများကို ရှင်းလင်းကာ ဟောပြောခဲ့ရသကဲ့သို့ စစ်ကိုင်းတိုင်းခရီးစဉ်တွင်လည်း မြစ်ကမ်းနဖူး သဲသောင်ပြင်ပေါ်တွင် ဟော ပြောခဲ့ရသည်။

NLD ပါတီအနေဖြင့် ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် လစ်လပ် မဲဆန္ဒနယ်မြေ ၄ ခု အပါအဝင် လစ်လပ်နယ်မြေ ၄၈ ခုလုံး တွင် ဝင်ရောက်ရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။


5 comments :

  1. kyawtan said... :

    မြန်မာလူမျိုးများပွဲကြိုက်ကြသည်။အထူးအဆန်းဆိုလျှင် ကလေးကောလူကြီးပါ စိတ်ဝင်စားကြသည်။ သွားကြသည်။

  1. DNT said... :

    Kyawtan ဆင်ခြင်ပြောပါ၊ ဒါ ပွဲ မဟုတ်ပါ၊ အထူးအဆန်းလဲမဟုတ်ပါ၊ ခင်ဗျား ကြံဖွတ်တွေ ခေါင်းပေါင်းဝတ်အရှက်မရှိ စစ်သားတွေ၊ မောက်မာ၇ိုင်းစိုင်းတဲ့ စစ်သားတွေ ဘယ်နေရာမှာ လာပြီးဒီလို စကားပြောရဲလား၊ ပြောလို့ရလား၊ ဘယ်နှစ်ယောက်လာမလဲ၊ ဘာတွေပြောမလဲ၊ အရာရာယှဉ်လို့ရတယ်၊ စိတ်ဝင်စားကြတာတော့ အမှန်ပဲ ကြံ့ဖွတ်စစ်ရိုင်းတွေလို ရွှီးတာ ဖြီးတာ လိမ်တာ ခြောက်တာ လှန့်တာ မပါ၊ ပြည်သူတွေရဲ့ အကျိုး အမှန်တရားတွေကို ပြောမှာကို ကြားချင်လို့ စိတ်ဝင်စားလို့ လာကြတာ၊ ပိုက်ဆံပေးလို့မဟုတ် ခြောက်လို့မဟုတ် မလာမနေရ အမိန့်ကြောင့် မဟုတ်ဘူးဆိုတာ မှတ်ပါ၊ ခင်ဗျား သတိရှိရင် ပွဲ လုပ် လိုက်ပါလား ကျုပ်တို့လာခဲ့မယ်

  1. Myint Myat Thu said... :

    Dear Ko Kyawtan, not everyone in Burma like to attend political campaign and but NLD is exceptional. Why not you organize political campaign for Union Solidarity Development Party (USDP)then see how many people attend and you will see true color of citizen of Burma.

  1. timothy said... :

    Who is Kawtan?
    ကြံ့ဖွတ်ခေါ်သန်းရွှေအောက်ဆွဲ။
    ခင်ဗျားသိထားဘို့က၊
    ဒါပွဲမဟုတ်ဘူး၊
    လူထုတရပ်လုံးရဲ့ကြည်ညိုလေးစားမှုကိုရတဲ့
    လူထုခေါင်းဆောင်အန်တီစုလာတဲ့နေရာတိုင်းလူအုပ်
    လူထုကြီးတားမရဆီးမရ၊ခင်ဗျားတို့အမျိုးမျိုးဖျက်လို့မရတာဘာလဲဆိုတာလေးပြောပြမယ်။
    မေတ္တာကိုဘယ်သူမှမအောင်မြင်နိုင်ဘူးဆိုတဲ့ဘုရားဟော
    ကိုခင်ဗျားယုံတယ်မဟုတ်လား။
    အန်တီစုကလူထုမေတ္တာလွှမ်းချုံထားချင်းခံရတဲ့၊
    လူထုခေါင်းဆောင်တယောက်ဖြစ်လို့
    သူ့လူထုစည်းဝေးတွေမှာလူသောင်းသိန်းနဲ့ချီပြီးတက်ရောက်အားပေးကြတာဘဲ။
    ဒါကိုခင်ဗျားနားမလည်တာလား၊
    ကြံ့ဖွတ်ရဲ့ဖွတ်ကြားအကြံစုတ်ပဲ့ဘဲလားဆိုတာခငိဗျားကိုယ်တိုင်ဘဲပြန်မေးကြည့်ပါလို့ပြောဆိုဆုံးမလိုက်ကြောင်းပါဘဲ။

  1. Anonymous said... :

    kyawtan ခင်ဗျား ဘာကောင်လဲ၊
    ပွဲဆိုတာ ကြံ့ဖွံ့တွေပဲလုပ်တယ်။ အရှက်မရှိ ပိုက်ဆံပေးပြီးလာခိုင်းတယ်။ လက်အုပ်ချီခိုင်းတယ်။ ဒါလဲ လက်တွေ့မှာ NLD ကို ယှဉ်နိုင်စွမ်းကောရှိရဲ့လား။
    တိုင်းပြည်အတွက် လူမျိုးအတွက် ဘာအလုပ်တစ်ခုမှ မလုပ်ခဲ့ပဲ အာဏာအားကိုး၊ ငွေအားကိုး နဲ့ ထင်ရာစိုင်းနေတဲ့ အော့ကြောလန် ကြံ့ဖွံ့အမတ် ဒေါက်တုခင်ရွှေ တို့လုပ်မှ ပွဲလို့ခေါ်မှာလား ။
    ခင်ဗျားမှန်တယ်ဆို ပြောကြည့်စမ်းပါဗျာ . . .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved