ကသာ ဈေးမီး
Wednesday, March 7, 2012
ကသာမြို့တနေရာ (ဓာတ်ပုံ - http://vensobhana.blogspot.com/)
ကသာမြို့ မြို့မဈေးမီးလောင်လို့ ဆိုင်ခန်းပေါင်း ၃၇၄ ခန်း ပါသွားတယ်လို့ သတင်းရပါတယ်။
အနီးနားဝန်းကျင်က နေအိမ် ၁၀ လုံးလည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၃ နာရီမှာ စလောင်တယ်၊ အခုအချိန်ထိ မီးကြွင်းမီးကျန်တွေ ငြှိမ်းနေရတုန်းပဲ လို့ ပြောပါတယ်။
ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ရဲ့ ဈေးဆိုင်ခန်းလည်း မီးထဲ ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဆရာ ဟာဂျူလီနဲ့ ဖုန်းအဆက်အသွယ် မရသေးပါ။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ တွက်ချက်စစ်ဆေးနေတုန်းပဲလို့ မြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။
3 comments :
  1. Anonymous said... :
    ဟာဂျူလီ(ကသာ)ရဲ့ဆိုင်ခန်းပါသွားတယ်ဆိုတာမှန်ပါတယ်
  1. shwemintharr said... :
    ဆရာရေ ဆရာ့အတွက် ကာတွန်းဇာတ်လမ်းကောင်းကောင်းလေးတော့ ရပြီးပေါ့ ကျွန်တော့်အမြင်ပြောရရင်တော့ ဈေးတွေကို မီးလိုက်ရှို့နေတာဟာ သူတို့စီးပွားရေးသမားကြီးတွေနဲ့ပေါင်းပြီး အဆင့်မြင့်ကုန်တိုက်တွေဆောက်ဖို့၊ ဒါမှမဟုတ် ကွန်ဒိုတွေဆောက်ဖို့လို့ဘဲမြင်ပါတယ်။(ကသာမြို့တစ်မြို့ တည်းကိုပြောခြင်းမဟုတ်ပါ အခြားမြို့ကြီးများမှာလောင်ခဲ့စဉ်ကလည်း ထိုနည်းအတိုင်းဘဲဖြစ်ပျက်ခဲ့ပါတယ်။
  1. Anonymous said... :
    ဟုတ်ပါတယ်ဗျာ ကိုဟာကြူလီရဲ့ ဆိုင်အပါအ၀င်
    တော်တော်များများ ပါသွားပါတယ်။ အရင် တစ်ခါ မီးလောင်တုံးကလဲ ရပ်ကွက်-၂ ပါ။ အခုလဲ ရပ်ကွက်-၂ ပါပဲ။ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်သွားတာပါ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved