ဒေါ်အောင်ဆန်းစုကြည်ရဲ့ မော်လမြိုင်ခရီး

Friday, March 9, 2012

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုမင်းသူအတွက် စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့ကျရင် မော်လမြိုင်မှာ မဲဆွယ်စည်းရုံးမှာပါ။
မနက် ၉း၀၀ နာရီ ဟောပြောပွဲလုပ်မယ့်နေရာက မြို့ထဲမှာ မဟုတ်ဘဲ ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းမှာလို့ သိရပါတယ်။

ဘိုကုန်းရပ် သံလွင်ဥယျာဉ်မှာ ဟောပြောပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူး တဲ့။
ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် ဒေါ်ခင်ဌေးကြွယ်အတွက် မဲဆွယ်စည်းရုံး ဟောပြောမှာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved