အုပ်ချုပ်ရေးမှာ စစ်တပ်က ၀င်ရှုပ်ခြင်း

Sunday, March 11, 2012



ဦးသိန်းစိန် အရပ်သားအုပ်ချုပ်ရေးမှာ စစ်တပ်က ၀င်စွက်နေတဲ့ သက်သေ တချို့

ဘောင်းဘီဝတ် ဗိုလ်မှူးချုပ်မျိုးမြင့်သန်းက ဘောင်းဘီဝတ် ဦးမျိုးမြင့်သန်း ဖြစ်သွားတယ်၊ နိုင်ငံခြားရေးဌာနက သူ့ကို သံအမတ်ကြီးရာထူး ပေးလိုက်တယ် ဆိုပြီး သက်သေ အမှတ် ၁ မှာ ဖော်ပြထားပါတယ်။
သက်သေ ၄ ခု၊ ထောက်ပြချက် ၄ ခုကို ဆွေဆွေကြည်ရဲ့ Facebook http://www.facebook.com/sweswekyi2012 ကနေ ယူပါတယ်။

သက်သေ(၁)
=========================================
posting မရှိဘဲ သံအတွေ့အကြုံမရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ်ကို သံအမတ်တိုက်ရိုက်ခန့်)


ဗိုလ်မှူးချုပ်ကို သံအမတ်ကြီးအဖြစ် တာဝန်ပေး ခန့်ထားနိုင်ရေးအတွက် ကာကွယ်ရေးက နိုင်ငံခြားရေးကို ပေးပို့တဲ့စာအပြည့်အစုံ ဖတ်ရှုနိုင်မယ့် လင့် http://1.bp.blogspot.com/-gSlu-qFsHzE/T1wrr_UPujI/AAAAAAAAE54/cUBsdm5Ah6U/s1600/1qwxx.jpg


သက်သေ(၂)
=========================================

တိုင်းပြည်မှာ အရေးပေါ်အခြေအနေပေါ်ပေါက်လာလို့ ကာလုံအဖွဲ့ဝင် ၁၁ ဦးလုံးအစည်းအဝေးမတက်နိုင်ရင် သမ္မတသိန်းစိန်ဟာ ကာချုပ်မင်းအောင်လှိုင်၊ ဒုကာချုပ်စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ အစည်းအဝေးခေါ်ပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်တယ်လို့ အခြေခံဥပဒေ ၂၀၀၈မှာ ပြဋ္ဌာန်းထားတယ်။

ဒါကြောင့် စစ်ဗိုလ်ဝန်ကြီးတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို ၂ ဦးဟာ ကျန်ပြည်ထောင်စုဝန်ကြီးတွေထက် ပိုအရေးပါတဲ့ လူတန်းစားသစ် စူပါဝန်ကြီးတွေဖြစ်နေပါသတဲ့။

သက်သေ(၃)
=========================================

တိုင်းပြည်မှာအရေးပေါ်အခြေအနေဖြစ်လာရင် ကာချုပ်မင်းအောင်လှိုင်က တကူးတက အာဏာသိမ်းရန် မလိုပါ။ နိုင်ငံတော်သမ္မတသိန်းစိန်ကသာ ကာချုပ်မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ်လွဲအပ်ကြောင်း ကြေညာပေးရမည်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါ...သတဲ့။ (ပုဒ်မ ၄၁၈(က)).

အဲလိုကြေညာချိန်ကစပြီး လွှတ်တော်အားလုံး ဥပဒေပြုဆိုင်ရာလုပ်ငန်းအားလုံး ရပ်ဆိုင်းရမည်။ ယင်းလွှတ်တော်များသက်တမ်းကုန်လျင် သက်ဆိုင်ရာလွှတ်တော်တွေ အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်ရမည်လို့ပါ ပြဋ္ဌာန်းထားပါတယ်။

သက်သေ(၄)
=========================================

အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၄၂ မှာ ပြဋ္ဌာန်းထားတာက နိုင်ငံတော်သမ္မတသည် ကာလုံ၏အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည် လို့သာ ရေးထားတယ်။ သမ္မတက တိုက်ရိုက်ခန့်ခွင့်ရှိသည်လို့ ဦးသိန်းစိန်ပြောသလို ရေးမထားပါ။ သဘောကတော့ ကာလုံရဲ့ ထောက်ခံချက်မရဘဲ ကာချုပ်ကို သမ္မတက သူ့သဘောနဲ့ တိုက်ရိုက်ခန့်ထားခွင့်မရှိ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ ကာလုံအဖွဲ့ဟာ ၁၁ မဲမှာ စစ်တပ်က ၆မဲကိုင်ထားတာမို့ စစ်တပ်က ခန့်ချင်သူကိုသာ ကာချုပ်ခန့်နိုင်တယ် ဆိုတဲ့ သဘော သက်ရောက်နေတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနားမယူခင် သူကြိုက်တဲ့သူ ခေါင်းခေါက် ခန့်ခဲ့တာဖြစ်တယ်။

ထူးခြားတာက သမ္မတနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို ဘယ်လိုအရေးယယူအပြစ်ပေးမလဲ ဆိုတာသာ အခြေခံဥပဒေမှာ ရေးထားပြီး ကာချုပ်ကို ဘယ်လိုဖြုတ်ရမယ် ဆိုတာတော့ တမင်ပြဋ္ဌာန်းမထားပါ။ ဒါကြောင့် ကာချုပ်မင်းအောင်လှိုင်ကို အခြေခံဥပဒေ ၂၀၀၈ အထက်ရောက်နေသူလို့ တင်စားပြောကြပါတယ်။ ဒါကြောင့် အခြေခံဥပဒေမှာ စစ်တပ်ကို အာဏာ အလွန်အကျွံပေးထားတယ်လို့ အန်တီစုက ပြောတာဖြစ်ပါတယ်။

8 comments :

  1. Accountant- General said... :

    This is unbelievable and could see the true color of current government.All of us have to fight back to end this.

  1. Anonymous said... :

    Thanks for the eye-opening compilations demonstrating precise and short descriptions on how the military has intervened in so-called civilian administration in Burma.

  1. Tiger said... :

    စစ်တပ်က သဘောထားမဖြူစင်လို့  အုပ်ချုပ်ရေးမှာ ဝင်ရှုပ်နေတာပါ။ စစ်တပ်က စစ်တပ် အလုပ် လုပ်သင့်ပါတယ်။ စီးပွားရေး မသိ၊ လူမှု့ ရေးမသိ၊ ပညာရေး ခေါင်းပါး၊ အတွေးအခေါ် သိမ်ဖျင်း သူတွေ က တိုင်ပြည်ကို အပေါ်စီးက လာအုပ်ချူပ်နေလို့  နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် နောက်ကျကျန်နေခဲ့တာပါ။ ရှက်တက်ရင် သိပ်ကောင်းပါတယ်။ မရှက်မရှိရင် တိုင်းပြည်တစ်ပြည်လုံး တရုတ်ကျွန် ကုလားကျွန် ရုရှားကျွန် လုံးလုံး ဖြစ်ရုံသာ အဖတ်တင်မှာပါ။

  1. Anonymous said... :

    Burmese army is already the slaves of Russians. They rely on them so much and because they are bunch of cowards with no brains. Russians are no more in power, it was USSR. Those Russia and China made their knowledge blind so that they can use them as puppets to suck their own blood. Also that dan project is still going on. Keep lying till their skins peel off.

  1. ကိုပေါက်စ said... :

    စစ်သားဆိုတာ စစ်တိုက်ရင်တော်ပြီပေါ့....။

  1. Anonymous said... :

    စစ်တပ်က ကာကွယ်ရေးကိစ္စက လွဲပြီး အုပ်ချုပ်ရေးမှာ ၀င်ပြီး မစွက်ဖက်သင့်ပါ။ စစ်တပ်ကြောင့် ပြည်သူတွေ ဆင်းရဲမွဲတေ ကူလီနိုင်ငံအဖြစ်ကို ကျဆင်းခဲ့ပြီးပါပြီ။

  1. Anonymous said... :

    ဘာမှပြောနေဘို့မလိုဘူး။ ဦးသိန်းစိန်ကိုယ်တိုင်က စစ်သားဘဲ။ ကြံ့ဖွတ် အာဏာမြဲနေသမျှ မြန်မာပြည် မွဲနေအုံးမှာ။ တ၇ုတ်ကျွန် ဖြစ်နေအုံးမှာ။

  1. Anonymous said... :

    All the above comments were true and correct. I have totally support them. Burma will be going like this and now at the bottom level with 11 Billion Debt. But, the Generals are Multi Billionaires,So, just see and consider about our country,and we civilian are so pitiful. The young graduates generation are working like slves in Abroad,and even some girls of Burma becomes as Sex Workers in many country. This situation is worse and the responsibility is this Greedy,Selfish, Military Generals. Who will help us to become better ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved