ကြံ့ခိုင်ရေး မဲဆွယ်မှု ထုတ်လွှင့်ချက်

Monday, March 12, 2012

ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲတန်ခိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ အများက ယူဆကြတဲ့ ကြံ့ခိုင်ရေး ပါတီဟာ နောက် ၃ ပတ်အကြာမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာမှာလည်း အနိုင်ရဖို့ ကြိုးစားနေပါတယ်။

ဒီနေ့သတင်းစာမှာ ကြံ့ခိုင်ရေးရဲ့ မဲဆွယ်မှု ထုတ်လွှင့်ချက် ဖော်ပြထားပါတယ်။

http://1.bp.blogspot.com/-ZB6j9wZ4xGs/T11nZvILgMI/AAAAAAAATv0/sMU4S1Kkj9I/s1600/003.jpg မှာ ဖတ်ရှုနိုင်ပါတယ်။

5 comments :

  1. Anonymous said... :

    တိုင်း ပြည် ကိုတရုပ် လက် သို့ ထပ် မံရောင်းစား သွားမည် ဖြစ် ကြောင်းရဲ ရဲ ကြီး အာမခံ ပါတယ်............

  1. Anonymous said... :

    ပထမ အပိုဒ်၂ပိုဒ်ဖတ်ပြီးတော့ ဆက်မဖတ်ချင်လောက်အောင် စိတ်ထဲမှာ ချဉ်သွားပြီး မောင်ဌေးဦးဆိုတဲ့ လူနဲ့ အဲ့ဒီပါတီက အရှက်မရှိ သရက်စိ၊ ပေါက်ပန်းသေးပြောတတ်တာပဲ ဖြစ်သွားတယ်။ တော်ပြီ ဆက်မဖတ်တော့ဘူးဆိုပြီး ပိတ်မလို့လုပ်တုန်း မျက်စိက မြင်ဖြစ်အောင် မြင်သွားသေးတယ်၊ ဒို့တာဝန် အရေးသုံးပါး။ သေလိုက်ပါတော့ကွာ စစ်အစိုးရ မူဝါဒတွေ။ ဒါလဲ မပြောင်းသေးဘူး။

  1. Anonymous said... :

    A big liar.

  1. ywarthar said... :

    ဒီအကောင်တွေကို ယုံနေသရွေ့  တို့နိုင်ငံ ဘယ်တော့မှ ဒီအခြေအနေက တိုးတက်လာမှာမဟုတ်ဘူး ဆိုတာ သူတို့ စစ်အာဏာရှင်တွေ လက်တွေ့လုပ်ပြသွားတဲ့ နှစ် ၄၀ ကျော်က သက်သေပြနေပါတယ်။ ဒီကောင်တွေ ပါးစပ်က ဘာပြောပြော မယုံကြည်ဘဲ၊ လက်တွေ့ဖြစ်နေတာတွေနဲ့ ယှဉ်ပြီး ပြည်သူများအနေနဲ့ နားမယောင်ဘို့လိုပါသည်။
    တဘက်က တရားမျှတ မယောင်ပြောနေပြီး ၊ ခုကတည်းက မဲစာရင်း အလိမ်အညာတွေ နေရာတိုင်းမှာ ကြားနေရတာ သူတို့ရဲ့ ယုတ်မာတဲ့ စိတ်ကို ပြောင်ပြောင်တင်းတင်း ပြနေတာပဲ။

  1. Ba said... :

    သေခြင်း၏အချားဖက်၌ ?
    သင်သည်မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်
    လက္ခံထားပါသည်လဲ ?
    သေပြီးတစ်ဖန်ပြန်လည်ရှင်ပြန်ထမှုသည်ကား
    သင်ယုံကြည်ကိုးကွယ်ရာဘာသာတရား၏အဆိုအဆုံးမ
    အတိုင်းသာလျှင်သင်လက္ခံပြောပြနိုင်ပေလိမ့်မည်။
    ဘုရားသခင် အမှန်တစ်ကယ်မည်သို့စီရင်တော်မူမည် ဆိုသည်ကိုတော့
    မည်သူမျှ တပ်အပ်မပြောနိုင်သည်မှာကားမလွဲမသွေပင်။
    ပြောပြနိုင်အောင်လည်းမည်သူ့မှာမျှ အတွေ့ကိုယ်တွေ့အကြုံမရှိပါပေ။
    သို့သော်
    ကျနုပ်တို့၏မြန်မာနိုင်ငန်တော်ကြီးတွင်ကား
    အတိအကျ ပြောနိုင်သောပညာရှင်များ ဧပြီလ (၁) ရက်နေ့တွင်ပေါ်ပေါက်လာပေတော့မည်။
    ထိုသူများကား ကြံ့ဖွံ့ပါတီ တဖြစ်လဲ ဗိုလ်ချုပ်ကြီးဟောင်းများအစိုးရ၏ကြီးကြပ်လမ်းညွန်မှုဖြင့်
    လက်ကိုင်တုတ်များနှင့်ဖွဲ့စည်းထားသော သန့်ရှင်းလွတ်လပ်မျှတရမည်ဟုကြွေးကျော်ထားသော
    '' ရွေးကောက်ပွဲ ကော်မရှင်'' ပေတည်း။
    ဒီချုပ် နှင့် မပါတ်သက်သော၊ ရိုးနုံအသော၊ကြောက်တတ်သော၊မိသားစုများကိုဒေသခံ
    အုပ်ချုပ်ရေးပိုင်းရှိ လူလည်၊လူမိုက်၊လူရမ်းကားများကသိရှိပြီးဖြစ်သည်။
    ထိုမိသားစုများထဲမှ ကွယ်လွန်ပြီးသူများကို မဲဆန္ဒပေးပိုင်ခွင့်ရှိသူများစာရင်းတွင်
    ထည့်သွင်းပေးလိုက်ပြီး ထိုမဲများကား သေချာပေါက် '' ကြံ့ဖွံ့မဲများ''သာတည်း။
    ထို့ကြောင့် ကျနုပ်တို့၏ မြန်မာနိုင်ငန်တွင် သေသည်၏ အခြားဖက်၌ကား
    '' ကြံ့ဖွံ့ကိုမဲပေးကြကြောင်း'' ဧပြီလ ( ၁ ) ရက်နေ့မှစ၍ ကြားဖူးရပေဦးတော့မည်။
    '' ကြိုတင်မဲ '' ရိုးသွားပေပြီ။
    ဒီတစ်ချီတော့ '' ဝိညာဉ်မဲ '' ပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved