ခေတ်သစ်ပြည်သူ့ပါတီ မဲဆွယ်ပြီ

Monday, March 12, 2012

ဒေါ်ရီရီစံ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂)၊ ခေတ်သစ်ပြည်သူ့ပါတီ

ခေတ်သစ်ပြည်သူ့ပါတီဟာ ခေတ်သစ် သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု ဆိုတဲ့ နိုင်ငံရေးအဖွဲ့ကနေ အသွင်ပြောင်းထားတာပါ။

ပါတီကို မှတ်ရလွယ်တဲ့ ရိုးရိုးရှင်းရှင်း နာမည် ပေးထားတဲ့အတွက် လူထုနဲ့ ပိုမို နီးစပ်သွားမယ်လို့ ယူဆရပါတယ်။

အခုတော့ ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ မဲဆွယ်နေပါပြီ။

နိုင်ငံရေးသိပ္ပံဝေါဟာရတွေ ရက်ရက်ရောရော သုံးထားတဲ့ ပါတီရဲ့ မဲဆွယ်မှု ထုတ်လွှင့်ချက်ကို ဖတ်ဖို့
http://3.bp.blogspot.com/-FBvThBBRfTc/T11nZ5-glzI/AAAAAAAATwA/VyXUGC-vcpU/s1600/002.jpg ကို နှိပ်ပါ။

မီဒီယာမှာ မြင်နေရတဲ့ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်မှုသတင်းတွေမှာ အများစုက NLD ရဲ့ လှုပ်ရှားမှုတွေချည်းပါပဲ။ ခေတ်သစ်ပြည်သူ့ပါတီရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးပါ။

၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ငွေကြေးအမြောက်အများ မသုံးနိုင်တဲ့အတွက် မဲဆွယ်မှုလုပ်ငန်းတွေ သိပ်မလုပ်နိုင်ခဲ့သလို၊ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးပေးဖို့လည်း အခက်အခဲ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved