တပ်စည်ပင် နဲ့ မီးလင်းကော်မတီရဲ့ ဝေစား၊ မျှစား

Tuesday, March 13, 2012


ဧရာဝတီ ခင်ဗျား ...

ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက်အတွင်း မီတာခများကို ပုံပါအတိုင်း တိုးမြှင့်ကောက်ခံနေပါသည်။
လျှပ်စစ်ဌာနက တာဝန်ခံကောက်ခံခြင်းမဟုတ်ဘဲ တပ်စည်ပင်နှင့် လျှပ်စစ်မီးလင်းကော်မတီ(တရားမ၀င်) တို့က ကောက်ခံနေခြင်းဖြစ်ပါသည်။
လျှပ်စစ်ဌာနသို့ပြောကြားသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ဝေစား၊ မျှစား စားနေကြပါသည်။

ထရန်စဖော်မာ (၂) လုံး တပ်ဆင်ထားခြင်း ဆိုသည်မှာလည်း ဈေးသူ/ဈေးသားများ ငွေထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ လုပ်ထားခြင်းဖြစ်ပါသည်။
တပ်စည်ပင်၏ ပိုက်ဆံ လုံးဝမပါဝင်ပါ၊ မပါဝင်သော်လည်း မီတာခကိုတော့ကောက်ခံနေပါသည်။

လျှပ်စစ်မီးကိုလည်း ရိုးရိုးမီတာ တပ်ပေးထားပြီး၊ လုပ်ငန်းသုံးပါဝါမီတာခကောက်ထားရုံမှမျှမက အပိုဆောင်းငွေများကိုပါ ကောက်ခံနေပါသောကြောင့် ဈေးသူ/ဈေးသားများမှာ ၀န်ထုပ်ဝန်ပိုးများဖြစ်နေပါသည်။

ထိုတရားမ၀င်သော လျှပ်စစ်မီးလင်းကော်မတီအား ဖျက်သိမ်းကာ လျှပ်စစ်ဌာနက တာဝန်ယူပေးပါရန်၊ မီတာခများအား ရိုးရိုးမီတာတပ်ထားသောကြောင့် ရိုးရိုးမီတာ ၃၅ ကျပ်နှုန်းသာဆောင်လိုပါကြောင်း နှင့် တာဝန်ရှိသူများက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် ဧရာဝတီမှတဆင့် တင်ပြလိုက်ရပါသည်။


ဈေးသူ/ဈေးသားများ

2 comments :

  1. Anonymous said... :

    နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့်ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၊အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခင်ဗျား၊
    ပြည်ထောင်စုအဆင့် ၀န်ကြီး၊ဒုဝန်ကြီးတွေ ၊တိုင်း​နဲ့​ ပြည်နယ် အစိုး​ရအဖွဲ့​ဝင်​တွေ၊​ တပ်မ​တော်​ခေါင်း​ဆောင်​တွေ၊​နီးစပ်ရာစီးပွါးရေး လုပ်ငန်းရှင်တွေကိုနေပြည်တော်မှာ ရောင်းချပေးတဲ့ တစ်ဧကတန်ဘိုး ကျပ်တစ်ရာတန် အနှစ်၆၀ ဂရန်မြေကွက်လက်ကျန်များထဲမှ ၁၀၀၀ကျပ်ဖိုး(၁၀ ဧက)ခန့်ဝယ်ယူလိုပါ၍ ရောင်းချပေးပါခင်ဗျား။ကျေးဇူးသိတတ်သိအနေဖြင့်ဝန်ဆောင်ခ မြေကွက်များတန်ဘိုး၏ ၄ဆ(၄၀၀၀ ကျပ်)တိတိ ကိုလည်း ပေးဆောင်မှာဖြစ်ဎါတယ် ခင်ဗျား။

  1. Anonymous said... :

    ဖဲဝိုင်းလိုပေါ့ကွာ . . စားတဲ့အလှည့်လဲ စားပေါ့. .
    လျော်ရရင်လဲ . မနွဲ့နဲ့ပေါ့ကွာ . .မဟုတ်ဖူးလား . .အမြဲတမ်းစားလို့မရပါဘူး . .မင်းတို့ လျော်ရမယ့်ရက်က . .နီးပါပြီ . .ဘ၀နဲ့ ရင်းပြီးလျော်ဖို့ . . ပြင်ထားကြလိုက်ပေရော့ . .

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved