ဘိတ် နဲ့ လောင်းကစား

Tuesday, March 13, 2012

ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်ကြီးမြို့မှာ တွေ့ရတဲ့ လောင်းကစားဝိုင်းတခု။
လောင်းကစားနည်းမျိုးစုံကို ဒေသအသီးသီးတွင် တွေ့နိုင်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကျင်ပျက် ခြစားမှုများကြားတွင် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်နေရခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ရဲတပ်ဖွဲ့က လောင်းကစား ဒိုင်များထံမှ လိုင်းကြေးများ ကောက်ခံပြီး တဘက်တွင် လောင်းကစားသူ ပြည်သူများကိုဖမ်းဆီး အရေးယူ ထောင်ချလျက်ရှိသည့်အတွက် ကျန်ရစ်သည့် မိသားစုများမှာ ဒုက္ခပင်လယ်ဝေနေရသည်၊ ထို့ပြင် နိုင်ငံတော်အတွက်လည်း သိန်းထောင်သောင်းချီ နစ်နာဆုံးရှုံးလျက်ရှိကြောင်း အထောက်အထား အခိုင်အလုံ စာရင်းဇယားနှင့် တစ်ကွ တင်ပြခဲ့သည့်အတွက် ( 2011၊ 7၊ 15) ရက် (၀ါဆိုလပြည့်) နေ့တွင် ရပ်ကွက်အလိုက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ယခင်နှစ်လုံး ၊ သုံးလုံး၊ ဘောလုံး ရောင်းချခဲ့သူ (တင်ပြချက်စာရင်းပါ) အယောက် (60) ကျော် အိမ်များတွင် တစ်အိမ်တက်ဆင်း အသေးစိတ် စစ်ဆေးရှာဖွေခဲ့ကြပါသည်။

(စစ်ဆေးရေးအဖွဲ့များတွင် သက်ဆိုင်ရာ နယ်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး၊ ဆယ်အိမ်မှူး/ရာအိမ်မှူးတစ်ဦး၊ ဒုတိယရဲအုပ်တစ်ဦး၊ (ရဲဘော်/ဒုတပ်ကြပ်/တပ်ကြပ်/တပ်ကြပ်ကြီး) တစ်ဦး စုစုပေါင်း အနည်းဆုံး လေးဦးစီ ပါဝင်သည်။)

၎င်းရောင်းချသူများအနက် အများစုမှာ (ဆင်းရဲနွမ်းပါးမှု လျော့နည်းရေး/လောင်းကစား ပပျောက်ရေး စီမံချက် ပညာပေးကာလ) တွင် လုံးဝ ပိတ်သိမ်းခဲ့သည့်အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ထပ်မံ သွားရောက် အစစ်ဆေးခံခဲ့ရပါသည်။

စာရင်းရှိ (60) ကျော်အနက် (27) ယောက်သာ မနက် (8း00) နာရီ၊ ည (11း00) နာရီအထိ (4၊ 5) ရက် ဆက်တိုက် အစစ်ဆေးခံခဲ့ရပြီး (လောင်းကစားဒိုင်ချုပ်များ ဖြစ်သည့် ဦးတင်နန္ဒနှင့် ညီအစ်ကိုများ၊ ဦးဘိုမဲနှင့် အပေါင်းအပါများ၊ ဦးပေါင်မုန့်၊ ဦးတင်ထွန်း၊ ဦးသိန်းနိုင်) တို့မှာ ပိုင်ရာ ဆိုင်ရာများဖြင့် ရှောင်တိမ်းနေခဲ့ပါသည်။

အဂတိလိုက်စားကြောင်းပေါ်ပေါ်က်သည့်အတွက် တိုင်းဒုစရိုက်နိုမ်နင်းရေးအဖွဲ့မှ ဒုတိယရဲအုပ်ထွန်းထွန်းဦးမှာ အရာခံဗိုလ်အဆင့် ရာထူး တစ်ဆင့်နိမ့်ဖြင့် တိုင်းကျော် နယ်ပြောင်းခံရပြီး တစ်ခြားနယ်မြေမှူးများ နှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များမှာ တိုင်းအတွင်း နယ်ပြောင်း လပိုင်းသာ ကြာသည်။

တစ်ချို.ဒုရဲအုပ် (ချိုလွင်၊ နယ်မြေ 4 ရဲကင်းမှူးမှာ ရဲအုပ် အဆင့်ဖြင့် ခရိုင် ဒုစရိုက်နိုမ်နင်းရေး အဖွဲ့သို့ ပြောင်းရွှေ့ တာဝန်ချထားခံရသူ) များမှာ ရာထူးများတိုးမြှင့်သွားသည့် အတွက် ကိုထွန်းထွန်းဦးက မကျေနပ်သဖြင့် ပြန်လည် တင်ပြခြင်းကြောင့် ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ထုံးစံအတိုင်း (စားနေမြဲ နယ်မြေမှူးများက) ကြိုတင် သတင်းပေးခြင်းဖြင့် လောင်းကစားဒိုင်ချူပ်များ ကြိုတင် တိမ်းရှောင်သွားပြီး လက်ခွဲများသာ အစစ်ဆေးခံကြရပါသည်။

မြိတ်မြို့နယ်ရဲတပ်ဖွဲ့က နေရာကောင်း ရရှိသော/လူကြီးမျက်နှာသာ အပေးခံရသော/ရိုက်စား/ခြောက်စား လုပ်တတ်သော ရဲများမှာ (ရာထူး အဆင့်အတန်း လစာများဖြင့် မကိုက်ညီသော) နောက်ဆုံးပေါ်ဆိုင်ကယ် တ၀ီဝီ၊ ဖုန်းတဂွမ်ဂွမ်၊ ရေခဲသေတ္တာ၊ အဲယားကွန်းများဖြင်.၄င်းတို့ ကိုယ်ပိုင်အိမ်များတွင် အလုပ်ကြိုးစားလျက် ရှိပြီး ကျန်အချိန်များတွင် စားသောက်ဆိုင်များ၊ ကာရာအိုကေခန်းများတွင် ပြည်သူ့အတွက် တရားဥပဒေ စိုးမိုးရေးကို စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

(၉ ရက်နေ့က ဧရာဝတီကို ရောက်လာတဲ့စာ ဖြစ်ပါတယ်)

4 comments :

  1. အောင်သူ said... :

    ကျွန်တော် ရန်ကုန် တောင်ဒဂုံမှာ နေပါတယ်။ NLD ပါတီဝင် မဟုတ်သော်လည်း NLD ကို အပြည့်အ၀ ထောက်ခံပါတယ်။ ကျွန်တော်တို့ ရပ်ကွက်က NLD ပါတီဝင်တွေက ချဲသမားတွေ တစ်လုံး နှစ်လုံး သုံးလုံး အလောင်းအစား လုပ်နေသူတွေ ဖြစ်လို့ ရပ်ကွက်ထဲက ပါတီကို ထောက်ခံအားပေးနေသူတွေက သူတို့ကို ကြည့်ပြီး အထင်သေးတာမျိုးတွေ ဖြစ်နေပါတယ်။ “ဒီလိုလူစားမျိုးတွေသာ အာဏာရလို့ကတော့” ဆိုပြီး ပြောဆိုဝေဖန်တာကိုလဲ ကြားနေရပါတယ်။
    အမေစုနဲ့ NlDလူကြီးတွေအနေနဲ့ အောက်ခြေမှာ ဦးဆောင်နေသူတွေ လေးစားလောက်သူတွေ ဖြစ်လာအောင် ပြောဆိုဆုံးမပေးကြပါဦးလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ်။

  1. Anonymous said... :

    ပြောပုံလေးက လှပါတယ်။ ကျော်ဆန်း ကစားကွက်ထဲက မထွက်တာ ခက်တယ်။ ညီလေး ပြောတာ အမှန်ဆိုရင် နာမည်နဲ့ တကွ ဖော်ကြည့်ပါလား။

  1. Anonymous said... :

    အပေါ်က comment ရေးထားတာ
    တကယ်မှန်ပါတယ်ခင်ဗျာ။

  1. Kalysta said... :

    အဲလို ဝန်ထမ်း ရှိတော့ရှိ၏တော်တော့ရှား၏ ဥပမာ ဗျာ သစ်ပင်တပင်ကို အရင်းမှခုတ်လိုပ်လျင်ရှင်သန်ဖို့ခက်သည် အခက်အလက် အကိုင်းစလေးကို ခုတ်တော့ပြန်ရှင်သန်တာပေါ့ ကျွန်တော်ပြောတာကို သဘောပေါက်လိမ့်မည်ထင်ပါသည်။ဘယ်တာဝန်ရှိမှ ဒုစရိုက်ခေါင်းဆောင်း၊ လောက်းကစားခေါင်းဆောင်ကိုမဖမ်းပါ ဖမ်းရင်လည်း ကော်မရှင်ပေးထားတဲ့လူတွေ ၊ လိုင်းကြေးမပေးတဲ့လူတွေသာဖ်းတာပါ၊ ဟိုလူတွေက ဘယ့ချိန်လာမယ်ဆိုတာသိနေတာကို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved