ဦးသိန်းစိန်ရဲ့ ၃ နိုင်ငံခရီး

Wednesday, March 21, 2012

မနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ သမ္မတနန်းတော်က ကြိုဆိုမှု (ဓာတ်ပုံ - Getty Images)
ဗီယက်နမ် သမ္မတ Truong Tan Sang နဲ့ မြန်မာသမ္မတဦးသိန်းစိန် ဖြစ်ပါတယ်။

ဦးသိန်းစိန်ရဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံ ခရီးက မနေ့က အင်္ဂါနေ့ မနက်မှာ အစပြုပါတယ်။
သူနဲ့အတူလိုက်ပါသွားသူများစာရင်းကို ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ အခုလို တွေ့ရပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုတိယ ကာချုပ်
ဒုဗိုလ်ချုပ်ကြီးကိုကို၊ ပြည်ထဲရေးဝန်ကြီး

ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး ဝန်ကြီး
ဦးမြင့်လှိုင်၊ လယ်ဆည်ဝန်ကြီး

ဦးခင်မောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီး
ဦးဝင်းထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး

ဦးဝင်းမြင့်၊ စီးပွား/ကူးသန်းဝန်ကြီး
ဦးတင့်ဆန်း၊ ဟိုတယ်/ခရီး၊ အားကစားဝန်ကြီး

ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာဝင်းမြင့်၊ ကျန်းမာရေး ဒုဝန်ကြီး


ဟိုချီမင်းရုပ်တုရှေ့က ၂ နိုင်ငံ သမ္မတ (ဓာတ်ပုံ - Reuters)

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Tan Dung နဲ့ ဦးသိန်းစိန် (ဓာတ်ပုံ - Getty Images)


ဒါကတော့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့နေတာပါ။
ဟနွိုင်မြို့ ပါတီရုံးမှာပါ။ (ဓာတ်ပုံ - Getty Images)

ဦးသိန်းစိန် နဲ့ ပါတီ အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong (ဓာတ်ပုံ - Reuters)

ဒါကတော့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved