ဘယ်သူက ဘယ်သူ့ကို ဖမ်းစားတာလဲ ?????

Wednesday, March 21, 2012

အိမ့်သံစဉ်

ဓာတ်ပုံများ - ရတီမဂ္ဂဇင်း

ဂျာမဏီ နိုင်ငံမှာ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားပြေပြစ်မှုတွေနဲ့ လူတွေကိုဖမ်းစားထားတဲ့ Lural ဆိုတဲ့ မော်ဒယ် မလေးဟာ အခုတော့ သူ့ကို ဖမ်းစားတဲ့သူ ရှိနေပါပြီ။

မြန်မာ့ ရေ မြေ၊ တောတောင် သဘာဝ အလှတွေ၊ မြန်မာနိုင်ငံသားတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေက သူ့ကို ဖမ်းစားခဲ့ တယ်လို့ လူရာက ပြောတဲ့အကြောင်း ဒီလထုတ် ရတီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

ဂျာမဏီရဲ့ ဆောင်းခိုဖို့ မြန်မာနိုင်ငံ ငပလီ ကမ်း ခြေ ကို လာမယ်။ နှစ်တိုင်း လာဖို့ ငပလီက ဟိုတယ်တခုမှာ ၅ နှစ်စာ ဘွတ်ကင် လုပ်ထားတယ်လို့ ဆိုတယ်။

Lural အသက် ၁၄ နှစ်လောက်ကတည်းက ကြော်ငြာတွေ ရိုက်ပြီး မော်ဒယ် အဖြစ် စတင်လုပ်ကိုင်လာတာ အခုတော့ အသက် ၁၈ နှစ်အရွယ် ရောက်ရှိနေပါပြီ။

သူ့မိဘတွေကတော့ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလ အထိ နှစ်စဉ် ငပလီကမ်းခြေမှာ လာရောက် ဆောင်းခို တာ ၃ ကြိမ်တောင် ရှိပြီ၊ သူကတော့ မြန်မာပြည်နဲ့တကွ ငပလီကမ်းခြေနဲ့ ရာသီဥတုတို့ကို အလွန် ချစ်မြတ်နိုးပါတယ် တဲ့။

မြန်မာပြည်ရဲ့ မော်ဒယ်လောကနဲ့ ပတ်သက်ပြီး ပြောကြားသွားရာမှာ ကမ္ဘာ့အဆင့်မီအောင် ကြိုးစားဖို့ လိုနေသေးတယ် တဲ့။ ပုဂ္ဂိုလ်စွဲ ကင်းကင်းနဲ့ ဒီထက် ပွင့်လင်းတဲ့ စင်တင်ပွဲတွေ လိုအပ်နေသေးတယ် လို့လည်း မှတ်ချက်ပြုသွားတယ် လို့ ဆိုပါတယ်။

1 comments :

  1. Anonymous said... :

    I love reading this post but I want to point out something. It should be ' German Model', not 'Germany Model''. This is not a mistake by the author of the post. It is by the Myanmar journal. Sometimes, they use 'Model boy, Model girl' which is wrong. If they want to differentiate their sex, then, they should at least use 'Male model, or female model'. I just want to share knowledge, not to boss around. Thank you.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved