ကြားဖြတ်ရွေးကောက်ပွဲ စစ်တမ်း

Thursday, March 1, 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရမယ် ဆိုရင် ဘယ်ပါတီကို မဲပေးမလဲ ဆိုပြီး ဧရာဝတီဘလော့မှာ စစ်တမ်း ကောက်လိုက်တာ
သဘောထား ဖော်ထုတ်မှု ၇၀၀၀ နီးပါး ရခဲ့ပါတယ်။ (ဖေဖော်ဝါရီ ၂၃ - မတ် ၁)

ဒီ ၇ ရက်အတွင်း ဧရာဝတီဘလော့မှာ သဘောထားပေးထားကြတာက ဒီလိုပါ -

ကြံ့ခိုင်ရေး - ၃၃၄
တစည - ၆၀

NLD - ၅၉၀၇
တခြားပါတီ (သို့) တသီးပုဂ္ဂလ - ၆၅

စောင့်ကြည့်ရဦးမယ် - ၂၃၉
မဲမပေးပါ - ၂၁၉

တွေ့တဲ့အတိုင်း ကြံ့ခိုင်ရေး ပါတီက အွန်လိုင်းစစ်တမ်းမှာ မရှုမလှ အရေးနိမ့်ပါတယ်။

သက်တမ်းရှည် တစည ပါတီကြီးက ဒီစစ်တမ်းအလိုအရ ဆိုရင် လူကြိုက်နည်းနေပါတယ်၊ တခြားပါတီ (သို့) တသီးပုဂ္ဂလ ထက်တောင် နည်းနေပါတယ်။

အသက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးဖို့ တာဝန် ရှိပေမယ့် ထုံးစံအတိုင်း မဲမပေးလိုသူများလည်း ရှိပါတယ်။ ဒီစစ်တမ်းမှာတော့ ရာခိုင်နှုန်းအားဖြင့် ၃%ပဲ ရှိတာ တွေ့ရပါတယ်။

ဒီစစ်တမ်းမှာ သဘောထား ထုတ်ဖော်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောင်လည်း အလျင်းသင့်သလို စစ်တမ်းများ ကောက်ယူလိုပါသေးတယ်။

(စာကြွင်း -
ဒီစစ်တမ်းဟာ စစ်တမ်း ဖြစ်တယ်။
တကယ့်ရွေးကောက်ပွဲမဟုတ်ဘူး။
ကြိုတင်မဲတွေ မပါဘူး။
မဲပေးလိုသူဟာ တကြိမ်ပဲ ပေးခွင့်ရှိတယ်။
Google ရဲ့ စစ်တမ်းစည်းကမ်းချက်အရ ကွန်ပျူတာတလုံးကနေ တကြိမ်ပဲ မဲပေးနိုင်အောင်လုပ်ထားတယ် စသည်ဖြင့် ဧရာဝတီ ၀က်မာစတာတယောက်ဖြစ်တဲ့ ကိုသားကြီးက ရှင်းပြပါတယ်။)

2 comments :

  1. မောင်ပြည်သူ said... :

    စစ်တမ်းဟာစစ်တမ်းပါပဲ။မဲအများကြီးပြတ်ပြီးအသာရနေ
    တဲ့ပါတီက၀မ်းမသာသင့်သလိုထောက်ခံသူတွေကလည်း
    မဲအများကြီးရနေပြီပဲ၊ငါတို့တစ်မဲနဲ့လဲဘာမှဖြစ်သွားမှာမ
    ဟုတ်ပါဘူးဆိုပြီးတကယ့်မဲပေးရမယ့်နေ့မှာမဲမသွားပေး
    နေသင့်ပါဘူး။မဲနည်းနေတဲ့ပါတီတွေကလည်းစစ်တမ်းကို
    ကြည့်ပြီးကိုယ့်ပါတီမဲများအောင်အစွမ်းကုန်ကြိုးစားကြမှာသေချာပါတယ်။ယခင်ကရွေးကောက်ပွဲရလဒ်နဲ့စစ်တမ်း
    များကိုသတိမူကြပါ။အင်တာနက်တက်မဲပေးတဲ့သူအများစုဟာပြည်ပရောက်မြန်မာနိုင်ငံသားအများစုဖြစ်ပါတယ်။ဒီထက်အဆပေါင်းထောင်သောင်းများစွာရှိတဲ့ပြည်သူ
    တွေဟာမြန်မာပြည်တွင်းမှာရှိပါတယ်။အဓိကအားက
    ပြည်တွင်းကပြည်သူတွေပါ။တိုက်တွန်းလိုတာကမဲပေး
    မယ့်နေ့မှာမဲမပျက်မကွက်သွားပေးကြပါ။ကိုယ်နှစ်သက်
    ရာပါတီနဲ့ကိုယ်စားလှယ်လောင်းအမည်ကိုသေချာကြည့်
    ပြီးအကွက်အလယ်ကျကျတံဆိပ်နှိပ်ပါ။ပယ်မဲမဖြစ်စေပါ
    နဲ့။အခွင့်အရေးရရင်သက်ဆိုင်ရာမဲရေတွက်ရာနေရာတွေ
    မှာမဲလိမ်၊မဲခိုးအစရှိတဲ့ကိစ္စများမရှိရအောင်သတိပြုစောင့်
    ကြည့်ကြပါလိုတိုက်တွန်းလိုပါတယ်။အတိတ်ကိုသင်္ခန်းစာ
    ယူကြပါ။

  1. timothy said... :

    လူတိုငိးမှာ တာဝန်ကိုယ်စီရှိတယ်လို့သဘာထားပြီး၊
    စစ်တပ်ကမဲခိုး၊မဲလိမ်၊တရားမဝင်တဲ့အဓမ္မနည်းများနဲ့၊
    လုပ်မှာကိုနားမျက်စိရှင်ရှင်ထားပြီး၊
    သတိမလစ်ကြဘို့ဆော်သြောလိုက်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved