ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလော ခရီးစဉ်

Thursday, March 1, 2012

(ဓာတ်ပုံများ - Burma VJ Media Network)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ကလောသို့ နိုင်ငံရေးခရီးစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ Burma VJ Media Network ရဲ့ ဖေ့စ်ဘုတ် http://www.facebook.com/burmavjmedia မှာ ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရှမ်းပြည်နယ် ဟဲဟိုး၊ ကလော၊ အောင်ပန်း မြို့တွေကို သွားရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကလောမြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ၀င်ပြိုင်ဖို့ NLD က ရွေးချယ်ထားသူကတော့ ဒေါက်တာဒေါ်သန်းငွေ ဖြစ်ပါတယ်။
NLD ရဲ့ အဓိကပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက အဲဒီနယ်အတွက် ဦးမြ၀င်း ဆိုသူကို ရွေးထားပါတယ်။

NLD ရဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်/စည်းရုံးရေး လုပ်ငန်းတွေမှာ ထင်ရှားတဲ့ အနုပညာရှင်များလည်း ပူးပေါင်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်လည်း NLD ရဲ့ ရှမ်းပြည်နယ် မဲဆွယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီမယ်၊ မနေ့ကတည်းက ဟဲဟိုးလေဆိပ်ကို ရောက်သွားပြီလို့ YPI ခေါ် Yangon Press International ရဲ့ ဖေ့စ်ဘုတ် http://www.facebook.com/ygnpress မှာ ရေးထားပါတယ်။







1 comments :

  1. Anonymous said... :

    ဘာဘဲဝတ်ဝတ်အမေအရမ်းလှတယ်ဗျာ... ကျက်သရေအရမ်ရှိတာဘဲ..ကြတ်သိန်းထတယ်..အမေ..၀မ်းသာလွန်းလို့ :D ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved