ယမကာလုလင်များကိုလည်း ကြံ့ဖွံ့မဲဆွယ်

Saturday, March 24, 2012

ပြည်ခိုင်ဖြိုးပါတီက အရက်ဖြူဆိုင်လည်း ရောက်ပါတယ် တဲ့၊ Facebook မှာ တွေ့ရတဲ့ ဒီဓာတ်ပုံအရ သိရပါတယ်။
လွှတ်တော်ကြီးများထဲ နေရာအများစု အပိုင်စား ရရှိထားပေမယ့် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် ၄၈ နေရာမှာလည်း အနိုင်ရဖို့ အပြတ်ကြိုးစားနေတာပါ။
ပြိုင်ဘက်ကို တနေရာမှ မပေးဖို့ အစွမ်းကုန် မဲဆွယ်နေပါပြီ။

နေရာအနှံ့ လိုက်လံ မဲဆွယ်နေတဲ့ ဒီပါတီကြီးက ယမကာလုလင်များ ရှိတဲ့နေရာကိုလည်း ရောက်ပါတယ်။
ပြုံးပြုံးရွှင်ရွှင်ပါပဲ။
ဘယ်တုန်းက ဘယ်ဒေသမှာ ရိုက်ထားမှန်း မသိရပါ။
ဓာတ်ပုံမှာ အသံ မပါတော့ ဘာတွေ ပြောနေကြတယ်ဆိုတာကိုလည်း မသိရပါဘူး။

ပုံကို ပုညဆွေရဲ့ ဖေ့စ်ဘုတ်က ယူပါတယ်။

1 comments :

  1. Anonymous said... :

    မဲရမယ် အာဏာရမယ်ဆိုရင် နောက်ဖေးလမ်းကြား ထမီလှမ်းတဲ့တန်းအောက်ထိဝင်မဲ့အာဏာရူးတွေ ခုနေတော့မျက်နှာပေးအမျိုးမျိုးနဲ့ ပွဲပြီးရင်ကြည့်လိုက်ပေါ့ ပြည်သူလူထုကိုမျက်ရည်ပေါက်ကြီးငယ်ကျအောင် နည်းအမျိုးမျိုးနဲ့ဖိနှိပ့်ချယ်လှယ် ဂုတ်သွေးစုတ်ကြပါလိမ့်မယ် ဒီလိုကောင်တွေကြောင့်တစ်တိုင်းပြည်လုံးဆင်းရဲဒုက္ခတွေရောက်နေကြရတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved