ကော့သောင်းနဲ့ ကျောက်မီးသွေး အန္တရာယ်

Thursday, March 8, 2012

ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်အကြား ဆောက်လုပ်ထားတဲ့ ကျောက်မီးသွေးသုးံ ဓါတ်အားပေး စက်ရုံရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြို့ခံပြည်သူ များက များစွာ စိုးရိမ်လျက်ရှိပါသည်။

လုပ်ငန်းရှင် ထိုင်းမြန်မာလူမျိုး ဦးကျော်လွင် ပိုင်ဆိုင်သည့် သန်းဖြိုးသူ ကုမ္ပဏီ၏ ၈ မဂ္ဂါဝက် အားပေးစက်ရုံသည် ၉၀ ရာခိုင်နုန်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။

(၁.၃.၂၀၁၂) နေ့က ကုမ္ပဏီ စီမ်ံကိန်း မန်နေဂျာဦးလှမော် နှင့် ကုမ္ပဏီတာဝန်ရှိသူများသ
ည် စာသင် ကျောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုးံများတွင် ရပ်ကွက်နေပြည်သူများအား လိုက်လံရှင်းပြခဲ့သည်။

(၁) ဓါတ်အားပေးတည်ဆောက်ရသည့်အကြောင်းရင်း၊

(၂) စက်ရုံတည်ဆောက်ပုံအဆင့်ဆင့်၊
(၃) ရှင်းလင်းချက်အပေါ်တွင် ပြန်လည်မေးမြန်းသည့် အစီအစဉ်များ ပါဝင်သည်ဟု သိရသည်။

ကျောက်မီးသွေး စက်ရုံကြောင့် ရေနှင့် လေထုညစ်ညမ်းကာ ဒေသခံလူထုများအတွက် ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပွားစေနိုင်သည်။
စက်ရုံကို ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင် စမ်းသပ် လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။

စက်ရုံအတွက်လိုအပ်သော ကျောက်မီးသွေးကို စက်ရုံမှမိုင်(၂၀၀)၀န်းကျင်အကွာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာသစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူမည်ဟု ဆိုသည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့်ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန် အမွှား အများအပြား ထွက်လာနိုင်သည်။

ထို့အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်ကြောင်း၊ လေထု၊ ရေထုနှင့် မြေထုကိုညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်းများထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

6 comments :

  1. Mr.ip said... :

    ပြည်သူလူထုရဲ့ ကျန်းမာရေးကို ရေရှည်ထိခိုက်လာမယ်ဆိုရင်တော့ သေသေချာချာ တာဝန်ရှိသူများ ပြန်ပြီး စီစစ် ကိုင်တွယ်ပေးဖို့ လိုပါလိမ့်မယ်။
    (ဦးခင်ဇော်လုပ်သွားခဲ့တဲ့ အရှုတ်ဟောင်းတစ်ခု ဖြစ်လိမ့်မယ်ထင်ပါတယ်။)

  1. Anonymous said... :

    ဦးကျော်လွင် ဆိုတာ ရေနံလုပ်ငန်းနဲ့ တစ်အားချမ်းသာ
    တဲ့သူ ... သူ့ဆီသင်္ဘောတွေ .. Tinker တွေ ပင်လယ်
    ပြင်မှာအများကြီးပဲ .. အာရပ်စော်ဘွားနိုင်ငံတွေဆီက
    တိုက်ရိုက်ယူရောင်းတာ .. ထိုင်းမှာအနေများတယ် ..
    သူ့ကို ထိုင်းမှာ “ ခွန်စငံ ” လို့ခေါ်တယ် .. သူဌေးကျွန်း
    မှာ ရှယ်ယာပါတယ် .. သူ့ယောက်ဖက ကိုစိန်ကား ..
    သူ့ညီမကိုယူထားတာ .. ကိုစိန်ကားဆိုသူလည်း အရမ်း
    ချမ်းသာတယ် .. ဟိုတုံးက ကော့သောင်းမှာ ဒေသအာ
    ဏာပိုင်တွေနဲ့ပေါင်းပြီး လျှပ်စစ်မီးပေးဘူးတယ် ..
    အိမ်တွေက မီတာတစ်လုံးကို ၆၀၀၀၀ိ/- နဲ့ သူ့ဆီက
    မ၀ယ်မနေ၀ယ်ရတယ် .. မ၀ယ်ရင် မီးမပေးဘူးပြော
    တယ် .. ဒေသအာဏာပိုင်တွေကလည်း အတင်းဝယ်
    ခိုင်းတယ် .. အခုလည်းဒီလိုပဲ .. ကျောက်မီးသွေးစက်ရုံ
    က ထွက်တဲ့မီးကို မြန်မာပြည်မှာတစ်ခါမှမကြားဘူးသေး
    တဲ့ prepard card စနစ်နဲ့ပေးမယ်ပြောတယ် ..
    ဖုန်းကဒ်လိုမျိုး စက်ထဲကဒ်ထည့်ပြီး သုံးရမယ်ပြောတယ်
    အဒီစက်တစ်လုံးကို မြန်မာငွေ ၁၅၀၀၀၀ိ/- ကျမယ်ပြော
    တယ် .. အိမ်တိုင်းဝယ်ရမယ်တဲ့ ... မ၀ယ်မနေရတဲ့ ..
    စဉ်းစားတာကြည့်တော့ရှင် ... ကျွန်မတို့ ကော့သောင်း ကလူတွေအနေနဲ့ သူဌေးတွေလုပ်တိုင်းခံနေရတာကြီးပဲ
    သူ့ဘာသာသူစက်ရုံဆောက်ရင်ဆောက်ပေါ့ .. ပြီးရင်
    အားလုံးသူအကုန်အကျခံပေါ့ .. အခုကတော့ရှင်
    သူ့ဆီက စက်ကိုမ၀ယ်မဖြစ်ဝယ်သုံးရအုန်းမယ် ..
    စက်ရုံဆောက်ထားတာလည်း လူနေအိမ်ခြေတွေကြား
    ထဲမှာ .. အင်းပေါ့လေ သူက ပိုင်တာကိုး ..
    ဦးခင်ဇော်ကြီး ကို ဘယ်လောက်ပေးလိုက်ရသလဲမှ
    မသိတာ .. ကော့သောင်းကလူတွေကို သူဘယ်အရေး
    စိုက်မလဲ .. ဦးကျော်လွင် က ကော့သောင်းမြို့ကို
    ဘာတစ်ခုမှ အကျိုးပြုဘူးတာမဟုတ်ဘူး ..
    လူကြီးလာရင် သူရောက်လာတယ် လူကြီးပြန်သွားရင်
    ဘယ်နားရှာရမှန်းတောင်မသိဘူး .. အခြားသူဌေးတွေ
    အကြောင်းလည်း မကောင်းပြောတတ်သေးတယ် ..
    စိတ်ဓါတ်ကောင်းတာမဟုတ်ဘူး ..
    သမတကြီးနဲ့တကွ ပြည်ထောင်စုလူကြီးမင်းများရှင့် ..
    ကျွန်မတို့ကော့သောင်းကိုပစ်မထားကြပါနဲ့ ..
    ကျွန်မတို့မြို့ကလေးဟာ မြန်မာပြန်ထဲမှာပါပါတယ် ..
    သူဌေးတွေလုပ်တိုင်းခံနေရတဲ့ ကျွန်မတို့ ကော့သောင်း
    ပြည်သူတွေကို နဲနဲလောက် ကြည့်ပေးပါရှင့် ...
    ကော့သောင်းမှကတ်ကြေးကိုက်ရေးသားပါသည်

  1. Anonymous said... :

    ပုလ်ကိုယ်ရေး။စီးပွါးရေးအငြိုးနဲ့ အများပြည်သူဈေးနှုံးသက်သာ။မြို့နယ်စက်မှူလုပ်ငန်းဖွံ့ဖြွုးမှာကိုလည်းကြည့်သင့်ပါတယ်။ယခုလက်ရှိ ဖိုးသီးချိုမီးကဈေးကြီးပြီး လုံးဝမကောင်းပါ။1နှစ်လျှပ်စစ်ပစ္စည်းပျက်စီးမှူနှုံးအိမ်တိုင်းအိမ်တိုင်းတွက်ကြည့်ပါ။ဆု့းရှုံးမှူအများကြီးပါ။ကိုယ်မကြိုက်ရင်မသုံးပါနဲ့။အတင်းအဓမ ရိုက်ပြီးသုံးခိုင်းလိမ့်မယ်မထင်ပါ။သူ့ ထက်ဈေးပေါပြီးပေးပါ။သူဟာကိုမသုံးတော့မှာသေချာပါတယ်။ကျောက်မီးသွေးအန်ဓရာယ်ကိုသာထိန်းပေးဖို့ ကုမ်ပဏီနဲ့ အစိုးရကိုသာ တောင်းဆိုရမှာပါ။မီးစက်မလည်ပတ်နိုင်တော့ မပြောသင့်ပါ။အများပြည်သူ။ကိုယ့်ရဲ့မြို့ဘဲနစ်နာမှာပါ။မီးကောင်းကောင်းသုံးချင်သူလည်းများမှာပါ။ခေတ်အဆက်ဆက်မလုပ်ခဲ့တဲ့အတွက် ယခုလက်ရှိသူကိုဘဲ့ ကျေးဇူးတင်နေရမှာဘဲ။ဒီထက်ကောင်းဘီးဈေးသက်သာတဲ့ဟာလာရင် သူမီးကိုမသုံးတော့ပါ။အများပြည်သူသုံးချင်တဲ့သူများလည်းရှိနေပါတယ်။
    ကော့သောင်းသား

  1. Anonymous said... :

    အပေါ်ကရေးသားသူများမှာ ကော့သောင်းနေပြည်သူအစစ်အမှန် မဟုတ်နိုင်ပါ။ကော့သောင်းနေပြည်သူများမှာ အမှန်တစ်ကယ် လျှပ်စစ်မီးဈေးကြီးတဲ့ဒုက္ခ ခံစားနေရပါတယ်။ဒီထက်ဈေးပေါပေါပေးနိုင်ဖို့ ဘဲလိုပါတယ်။ဦးကျော်လွင်အဖေ လာလုပ်ရင်လည်း ဈေးပေါပေါသုံးရဖို့လိုပါတယ်။
    အထက်ကလာပြီးလူတွင်ကျယ်မလုပ်ကြပါ့နဲ့။ဒေသခံတွေကိယ်စားနားလည်နိုင်ကြပါစေ။
    ကော့သောင်းနေကော့သောင်းသား

  1. Anonymous said... :

    အော် လူတွေ လူတွေ လူဆိုးတွေ သေချာလေးလည်း စဉ်းစားကြပါဦးဟေ။ ဘယ်နှယ့် ဇွတ်ကို အန်ဒရယ် အန်ဒရယ် လို့အော်နေကြပါလိမ့်။ ဒင်းတို့ရော ကော့သောင်းကိုလာပီး အခြေချတာလား ၊ ကော့သောင်းမှာ မွေးပီးကြီးတာလား ။ အရင်စဉ်းစား။ လှုပ်လှုပ်သွားသွား လုပ်နေတဲ့သူတွေဆိုရင်တော့ ကန့်ကွက်တာဖြစ်နိုင်တယ် ။ ဒီကိုခဏလာကြတာကိုး ၊ ဒါပေမယ့် တစ်ကယ်လှုပ်လှုပ်ရှားရှား နေရတဲ့သူတွေကတော့ သက်သာတာကိုပဲ မျှော်လင့်ကြမယ်ဆိုတာ တွေးမိသလား။ ဘယ်သူရယ်လို့မှ မဟုတ်ဘူး ။ ဘယ်သူပဲဘယ်လိုလုပ်လုပ် လူတွေ ဒေသခံပြည်သူတွေ အတန်းအစားမရွေး အားလုံးကတော့ မျှော်လင့်နေတာကတော့ သက်သာစွာ အရာရာ အဆင်ပြေဖို့ပဲလေ ။
    အော် လူတွေလူတွေ ကန့်ကွက်နေကြတာများ အံ့ကို သြ ရောပဲ ။ဘယ့်နှယ် ကောင်းသောကန့်ကွက်မှုနဲ့ရော ဟုတ်ရဲ့လားဟေ ။ စောင့်ကြည့်ကြပါဦး ။ ဘယ့်နှယ် ဘယ့်နှယ် သံသယတွေနဲ့ သိုလော သိုလော ဖြစ်ချင်တယ်နော် ။ ဒါပါဘဲ။ ကော့သောင်းနေ ကော့သောင်းမွေး ကော့သောင်းကြီး ပြည်သူထဲမှတစ်ဦး

  1. Anonymous said... :

    ကျွန်မကလည်း ကော့သောင်းသူတစ်ယောက်ပါ။ ဦးကျော်လွင်မီးရတော့မယ်ဆိုတာနဲ့ အရမ်းကိုဝမ်းသာပါ တယ်။ ကျွန်မ ကိုးရီးယားကားတွေကြည့်ပြီးတော့ သူတို့ နိုင်ငံတွေ ဘာကြောင့်တိုးတက်တာလည်းလို့ စဉ်းစားမရဖြစ်နေတယ် ဟိုတစ်နေ့ကမှ တစ်ကမ္ဘာလုံးရဲ့ ကျောက်မီးသွေးစက်ရုံစာရင်းတွေကိုအင်တာနက်ပေါ်မှာ တွေ့မယ် မနည်းဘူးပဲ မြန်မာနိုင်ငံမှာတော့ တီဂျစ်ဆိုတဲ့ စက်ရုံတစ်ရုံပဲရှိသေးတယ် အမလေး ကိုးရီးယားနိုင်ငံလေး သေးသေးလေးတောင်မှ မဂ္ဂါဝပ် နှစ်သောင်းကျော်တာပဲ အခု ကော့သောင်းမှာ လုပ်တာက ၈ မဂ္ဂါဝပ်လေးပဲရှိသေးတယ် အဲဒါတောင်မှ ဘာမှစဉ်းစားချင့်ချိန်ခြင်းမရှိဘဲနဲ့ စွတ်ကြီးကန့်ကွက်နေတဲ့သူတွေလည်း ရှိသေးတယ်။ ကျွန်မတို့ ကော့သောင်းမှာက အခုမှစပြီး ခေတ်မီဖွံ့ဖြိုးခြေလှမ်းစနေတာ လို့ထင်တယ်။ကျွန်မတို့ ကော့သောင်းသူကော့သောင်းသားတွေ အဲလိုသုံးစွဲခွင့်ရတာ အရမ်းကံကောင်းလွန်းလို့ဖြစ်မယ် မြန်မာနိုင်ငံ တစ်ချို့နေရာတွေမှာဆို ဈေးကြီးပေးပြီးတော့ ကောင်းကောင်းလည်းသုံးစွဲလို့ရသေးတာမဟုတ်သေးဘူး။ တရုတ်နိုင်ငံမှာဆိုလည်းအဲလိုပဲ မဂ္ဂါဝပ်ပေါင်း သိန်းနဲ့ချီပြီးရှိတယ်။ မြန်မာနိုင်ငံနံဘေးမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေပေါ့၊ အိန္ဒိယလည်းအဲလိုပဲ အားကျစရာကြီး။ ကန့်ကွက်နေတဲ့သူတွေကိုပဲ အံ့သြတယ် ဘာမှလည်း ဂဂဏဏ မလေ့လာဘဲနဲ့ လူအများအကျိုးရှိမယ့်ကိစ္စကြီးကို။ သူများတွေ ဘယ်လိုပဲ ကန့်ကွက်ကန့်ကွက် ကျွန်မကတော့ လုပ်ငန်းကြီးအောင်မြင်ဖို့ပဲ မျှော်လင့်နေတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် (ကျောက်မီးသွေးဓါတ်အားပေးစက်ရုံမီးရဖို့မျှော်လင့်နေတဲ့ ကော့သောင်းသူတစ်ဦး)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved