ထက်ထက်မိုးဦး နဲ့ 7Day သတင်းဂျာနယ် သတင်းထောက် အမှုကို တရားရုံးက ဒီကနေ့ စီရင်ချက် ချတယ်လို့ သိရပါတယ်။
မင်းသမီးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူတဲ့အတွက် အပြစ်ရှိတယ် - ငွေဒဏ် ကျပ်တထောင် ပေးဖို့ စီရင်ချက်ချတယ်၊ ငွေမပေးရင် ထောင်ဒဏ် ၁ လ ကျခံပါ တဲ့။
မင်းသမီးက ငွေဒဏ်ကို ရွေးလိုက်တယ်လို့ ဆိုပါတယ်။
အဆင်ပြေစွာအဆုံးသတ်သွားတယ်လို့ သက်ပြင်းချသူများ ရှိသလို ငွေ တထောင်ပေးရင် ပါးရိုက်ခွင့် ရှိသလား ဆိုပြီး မေးခွန်းထုတ်နေသူများလည်း ရှိပါတယ်။
ဆက်စပ် -
ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ် www.bur.irrawaddy.org/index.php/news/3213-2010-05-21-12-37-46
"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်" www.bur.irrawaddy.org/index.php/interview/4-interview/3221-q-q
သတင်းသမားများ သံချပ်ကာဝတ်စုံ ၀တ်ရမည် www.irrawaddyblog.com/2011/10/blog-post_6349.html
လူတယောက်ကို ပါးရိုက်ရင်ငွေ တထောင်နဲ့ အပြစ်ဒဏ်ပေးတယ်ဆိုရင် ငါလည်းငွေတထောင်ပေးပြီး ထက်ထက်မိုးဦးကို ပါးဘယ်ပြန် ညာပြန်ရိုက်ချင်တယ်၊ ပြီးတော့ တရားေ၇းရာ ၀န်ထမ်းနဲ့ န၀တ အားလုံးကို ပါးရိုက်မယ် ရမလား။