ထက်ထက်မိုးဦးအမှု စီရင်ချက် ချပြီ

Friday, March 30, 2012

သရုပ်ဆောင် ထက်ထက်မိုးဦး

ထက်ထက်မိုးဦး နဲ့ 7Day သတင်းဂျာနယ် သတင်းထောက် အမှုကို တရားရုံးက ဒီကနေ့ စီရင်ချက် ချတယ်လို့ သိရပါတယ်။
မင်းသမီးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူတဲ့အတွက် အပြစ်ရှိတယ် - ငွေဒဏ် ကျပ်တထောင် ပေးဖို့ စီရင်ချက်ချတယ်၊ ငွေမပေးရင် ထောင်ဒဏ် ၁ လ ကျခံပါ တဲ့။

မင်းသမီးက ငွေဒဏ်ကို ရွေးလိုက်တယ်လို့ ဆိုပါတယ်။

အဆင်ပြေစွာအဆုံးသတ်သွားတယ်လို့ သက်ပြင်းချသူများ ရှိသလို ငွေ တထောင်ပေးရင် ပါးရိုက်ခွင့် ရှိသလား ဆိုပြီး မေးခွန်းထုတ်နေသူများလည်း ရှိပါတယ်။

ဆက်စပ် -

ထက်ထက်မိုးဦးနှင့် သတင်းသမား ပဋိပက္ခဖြစ် www.bur.irrawaddy.org/index.php/news/3213-2010-05-21-12-37-46

"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်" www.bur.irrawaddy.org/index.php/interview/4-interview/3221-q-q

သတင်းသမားများ သံချပ်ကာဝတ်စုံ ၀တ်ရမည် www.irrawaddyblog.com/2011/10/blog-post_6349.html


21 comments :

  1. Anonymous said... :

    လူတယောက်ကို ပါးရိုက်ရင်ငွေ တထောင်နဲ့ အပြစ်ဒဏ်ပေးတယ်ဆိုရင် ငါလည်းငွေတထောင်ပေးပြီး ထက်ထက်မိုးဦးကို ပါးဘယ်ပြန် ညာပြန်ရိုက်ချင်တယ်၊ ပြီးတော့ တရားေ၇းရာ ၀န်ထမ်းနဲ့ န၀တ အားလုံးကို ပါးရိုက်မယ် ရမလား။

  1. Anonymous said... :

    မြန်မာပြည်ဥပဒေအရ..
    ပါးရိုက်ရင်ငွေ၁၀၀၀
    ဖက်နမ်းရင်ငွေ၁၀၀၀
    မဒိန်းကျင့်ရင်ငွေ၅၀၀၀
    လူသတ်ရင်ငွေ ၆၀၀၀
    သူများဟာခိုးရင်ငွေ ၅၀၀
    တိုင်းပြည်ဘဏ္ဍာခိုးရင် ငွေ၁၀၀
    လဘ်စားရင်ငွေ၁၀
    ကြာကူလီရိုက်ရင်ငွေ၂၀၀၀

    ဟဟ....ဒေါ်လာတစ်လစာအိတ်ကပ်ထဲထည့်ပြီး ဗမာပြည်
    မှာထင်တိုင်းကြဲလို့ရတယ်..
    သန်းရွှေကိုပါးရိုက်မယ်..
    သန်းရွှေသမီးကို၅၀၀၀တန်ပေးမယ်..ဟဲဟဲ..
    ကောင်လိုက်တဲ့ဥပဒေတွေ..
    မဟုတ်တာလုပ်ဖို့ အားပေးထားတာ

  1. Anonymous said... :

    ငွေ၂၀၀၀၀၀လောက်အိပ်ထောင်ထဲထည့်ပြီး
    နယ်ပြည်တော်မှာ ပါးသွားရိုက်မယ်..

  1. Anonymous said... :

    လူကြားလို့မကောင်း..ငွေသိန်း၁၀၀လောက်ဆိုတော်
    သေးတယ်.ငွေတစ်ထောင်တဲ့ ၁.၂ဒေါ်လာပဲရှိတယ်..
    သန်းရွှေတို့ခင်ညွန့်တို့မောင်အေးတို့ကို ၅၀၀၀ပေးမယ်..
    သွားရိုက်မယ်..

  1. Anonymous said... :

    အဲဒီ တရားသူကြီးကို အားရပါးရ ပါးရိုက်ပြီး ငွေတစ်ထောင် ပစ်ပေးခဲ့ရမှာ ..

  1. Anonymous said... :

    ဘာ တရားဥပဒေတုန်းကွ မြန်မာပြည်က .အဲဒီ မင်သမီးဆိုတဲ့ ထက်ထက်မိုးဦးကို ပိုက်ဆံ တစ်သောင်းလောက် ပေးပြီးတော့ ပါးဆယ်ချက်လောက်ရိုက်ချင်တယ် .. ရမလား.. မတရားဆိုတဲ့ တရားသူကြီးတွေက ရူးများသွားပြီးလားမသိဘူး. ထက်ထက်မိုးဦးက ဘယ်လောက်လာဘ်ထိုးလဲ မသိဘူး...အဲဒီ တရားသူကြီးကို ပိုက်ဆံ တစ်သိန်းပေးပြီးတော့ ပါး အချက် ၁၀၀ လောက်ရိုက်ချင်တယ် ရမလား...

  1. Anonymous said... :

    အင်း ဈေး ကွက် တောင်း ဆို နေ တော့ ပါး ရိုက် စက် တီ ထွင် ရ မလို ပါ့ လား..

  1. Kayman zaw said... :

    ခေတ်နဲ့ ဆီလျော် အောင် ဥပဒေ တွေကိုမ ပြင်ဆင် ခဲ့ တာ ပါ တ ကယ် လည်း ဥပဒေမှာဒီဒဏ်ငွေတွေဘဲ ပြဋ္ဌန်: ထာ:ပါတယ် Common Law System ဖြစ်တော့ ရှေ့ကဖြစ်ခဲ့တဲ့ တွေကိုခြုံ ပြီ: တရားသူကြီ: တွေကဆုံးဖြတ်ရ တာပါ ဘက်လိုက်မှု တွေလဲ ရှိကောင်းရှိမှာပါ ခေတ် နဲ့ လိုက်ဖက် မဲ့ဒဏ်ငွေ တွေ ပြစ်ဒဏ် တွေ ပြင်ဆင်သင့် ပါတယ် ဥပဒေပြုရေ: ရာကကိုလဲ ဝိုင်းဝင်းတိုက်တွန်း သင့်ပါ တယ်

  1. Unknown said... :

    တချို့လဲကိုယ်ရေးကိုယ်တာမမေးသင့်ဘူး..ထက်ထက်ကလဲစိတ်လိုက်မာန်မလုပ်သင့်ဘူး

  1. Unknown said... :

    တင်ပေးခြင်း မတင်ပေးခြင်းသည် ကာလ၊ ဒေသ၊ ပယောဂ၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ တသီးပုဂ္ဂလ ယုံကြည်မှုအပေါ် သတ်မှတ် ခွဲခြားမှု မရှိပါ။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုနှင် ရိုင်းစိုင်းကြမ်းတမ်းမှု မပါလျှင် မည်သည့် ဝေဖန် အကြံပြု ပြောဆိုချက်ကို မဆို တင်ပေးပါမည်။

  1. Anonymous said... :

    ပါး ရိုက် စက် ဖရီး ရ မည်... တသိန်း ဘိုး ရိုက် သူ တိုင်း တသောင်း ဘိုး အ ခမဲ့ ရိုက်ခွင့် ရှိ သည်။

  1. Anonymous said... :

    what law is?

  1. Anonymous said... :

    တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း
    သတင်းမေးပုဂိုလ်က သူများကို အသားလွတ် စော်ကားခ
    တစ်ထောင်တောင်
    အဆစ်ရသေးတာ... နဲလား... နှစ်ဘက်လုံး လွန်လို့ ဥပဒေလုပ်ထုံးအရ
    ကျအေးပေးလိုက်တဲ့သဘောပဲ မြင်ပါတယ်။

  1. Anonymous said... :

    တရားသူကြီးမင်းကိုရော စီရင်ချက်ချဖို့အတွက် ထက်ထက်မိုးဦး က ပါးဘယ်လောက်ဖိုးရိုက်သွားလဲ သိချင်ပါတယ် ...

  1. Anonymous said... :

    တစ်ထောင် မင်းသမီးပေါ့။ အဓိပ္ပါယ်တော့ ကြည့်ကောက်တော့။

  1. Anonymous said... :

    သောက်သုံးမကျတဲ့ ဥပဒေတွေ
    သောက်သုံးမကျတဲ့ ဥပဒေဝန်ထမ်းတွေ
    ငွေများတရားနိုင် ထင်တိုင်းကြဲလို့ရတဲ့
    တိုင်းပြည်

  1. Anonymous said... :

    I hate paparazzis ...

  1. Anonymous said... :

    တရားသူကြီးသမီးကို၅၀၀၀ပေးလိုက်အဲလောက်ပဲထပ်လဲတိုးမတောင်ခိုင်နဲ့ လက်သီးနဲ့ ထိုးလိုရတဲ့ ဒဏ်ငွေရှိရင်သိချင်တယ်..ထက်ထက်မိုးဦးရောသူယောက်ကျားကိုပါ...လက်သီးနဲ့ ထိုးလိုရတဲ့တလွဲဥပဒေဒဏ်ငွေပေးပြီးထိုးမယ်ကွာ..ယောက်ကျားလေးတွေကလက်သီးနဲ့ ထိုးမိန်းခလေးတွေကပါးရိုက်..မကောင်းဘူးလား။မိတ်ဆွေတို့ 

  1. Anonymous said... :

    မြန်မာပြည်ကဥပဒေတွေကတော့ရီစရာကြီးတွေဖြစ်လိုက်
    တကယ်ကြောက်စရာကြီးတွေဖြစ်လိုက်။တကယ့်ကမောက်
    ကမနိုင်ငံကြီးပါလား။ဒီလိုဖြစ်တာစနစ်ဆိုးကြီးကြောင့်ပါ။

  1. Anonymous said... :

    ထက်ထက်မိုးဦးက ဒါဏ်ငွေ ၁၀၀၀ ကျပ် ချမယ်ဆိုဒါ
    ကြိုသိပြီးသား။ ပိုက်ဆံအိတ်ထဲ ငွေ ၁၀၀၀ တန်တရွက် ထဲနဲ့ တရားရုံးထွက်သွားတာ။ မသွားခင် ကျွှန်တော် ဆီ ဖုံးတောင်ဆက်သွားသေးတယ်လေ။
    တရားသူကြီး အမိန့်ချ ပြီးပြီးချင်းသတင်းထောက်မက ထက်ထက်မိုးဦးရော တရားသူကြီးပါ
    ချက်ချင်း ပါးတချက်စီ ထရိုက်သင့်တယ်။ ပြီးရင် တယောက်အတွက် တထောင်စီ ဒါဏ်ဆောင်လိုက်ရုံဘဲ။
    ကာလပေါက်ဈေး သတ်မှတ်ပြီးခါစလေ။ သူတို့စီရင်တဲ့တရားဘဲ။

  1. Anonymous said... :

    မှန်တယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved