နောင်းဗိန်နောင် နဲ့ ကြံ့ဖွံ့

Saturday, March 31, 2012

အိမ့်သံစဉ် ရေးသားသည်

ဓာတ်ပုံများ - Reuters

နိုင်ငံရေးပါတီများကတော့ ပုံစံ မျိုးစုံနဲ့ မဲဆွယ်ခဲ့ကြပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)က ဦးသုဝေရဲ့ မဲဆွယ်ရေး တာဝန်ခံတွေက လွန်ခဲ့တဲ့ ရက်တွေက နှစ်ပေါင်းများစွာ ပိတ်ပင်ထားခြင်းခံရတဲ့ သင်္ကြန် သံချပ်နဲ့ မဲဆွယ်နေပါတယ် တဲ့။

ကြိုတင်မဲအားကိုးနဲ့ လွှတ်တော်ထဲ ထိုင်ခုံတွေ အများကြီး ယူထားတဲ့ ကြံ့ဖွံ့ပါတီကြီးက ကြားဖြတ်အတွက် မဲဆွယ် စည်းရုံးရာမှာ နည်းနာမျိုးစုံ သုံးခဲ့ကြတာ တွေ့ရမှာပါ။

မန္တလေးမှာ ဖျော်ဖြေရေးယာဉ်နဲ့ မြို့လှည့် တင်ဆက်ခဲ့ပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား - ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ ရှမ်းရိုးရာ သိုင်း ပြကွက် အကြောင်းပြပြီး ဓားရေးပြ မဲဆွယ်နေကြပါတယ်။ အိုးစည်ဗုံမောင်းတွေနဲ့ နောင်းဗိန်နောင် လို့ တီးပြီး ဓားရေးပြတာကို တချို့ကတော့ "ဓားပြ မဲဆွယ်တဲ့ ကြံ့ဖွံ့" လို့ ဝေဖန်နေကြပါတယ်။

မဟုတ်တာ၊ မတရားတာ အများကြီး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ တည်ထောင်ထားတဲ့ ကြံ့ခိုင်ရေးအဖွဲ့က မြန်မာပြည်နိုင်ငံရေးမှာ နာမည်ကောင်း မရပါဘူး။

သူတို့နဲ့ ပေါင်းမိမှ ရိုးရာ နောင်းဗိန်နောင်လည်း အထင်မှားခံရပြန်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

1 comments :

  1. dadida said... :

    Creဓါးပြဆိုမှတော့ ဘာကောင်းတော့အုံးမှာလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved