စိတ်ကြွဆေး ၄ သန်းကျော် ထိုင်းမှာ ဖမ်းမိ

Friday, March 2, 2012


(ဓာတ်ပုံ - http://www.posttoday.co)

ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး (methamphetamine) အလုံးရေ ၄ သန်းကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ကြေညာပါတယ်။
ချင်းရိုင် (Chiang Rai) ခရိုင်ထဲက စစ်ဆေးရေးဂိတ်တခုမှာ အရှိန်မြှင့်မောင်းသွားတဲ့ကား ၁ စီး ဆိုင်ကယ် ၂ စီးတို့နောက်ကို လိုက်ဖမ်းရာကနေ ဒီဆေးတွေ မိတာလို့ ဆိုပါတယ်။

ကားကို မိတဲ့အခါမှာ ကားထဲ ဘယ်သူမှ မရှိတော့ဘူး၊ ကျောပိုးအိတ် ၃၄ အိတ်ပဲ ရှိတယ်လို့ ဆိုတယ်။
စိတ်ကြွဆေး လေးသန်းရှစ်သောင်း ထည့်ထားတဲ့အိတ်တွေပါ။
ထိုင်းအာဏာပိုင်တို့ကတော့ ဒီအိတ်တွေ မြန်မာဘက်က လာတာဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဂူဂဲလ်မြေပုံမှာ တွေ့ရတဲ့ ဆေးမိတဲ့ဒေသ

(ဓာတ်ပုံ - http://www.dailynews.co.th/crime/15280)

ညွှန်း - ဘန်ကောက်ပို့စ် http://www.bangkokpost.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved