မင်းကွန်း တက္ကစီ

Friday, March 2, 2012

(photo: Gideon Nurick)
ဆီမထည့်၊ ၀ပ်ရှော့မပို့ရတဲ့ တက္ကစီကို ပြပါ ဆိုရင် မင်းကွန်းက တက္ကစီကို ပြလိုက်ရုံပါပဲ။

Gideon Nurick ရဲ့ ခရီးသွား ဘလော့
http://travelwithkidz.quivertreeworld.com/2011/10/03/myanmarburma-with-kids-mandalay-day-3-nearly-struck-by-lightning-on-mandalay-hill/ မှာ တွေ့ရတဲ့ ဓာတ်ပုံပါ။

ဒီပုံနဲ့ ပတ်သက်ပြီး သူ့ကို စာရေး ဆက်သွယ်တော့ သူက အခုလို ပြောပြပါတယ်။

"မြန်မာပြည်ခရီးမှာ ဒီတနေရာပဲ ဒါမျိုးတက္ကစီ တွေ့ဖူးပါတယ်၊ မန္တလေးကနေ ရေလမ်းကနေသွားရင် မင်းကွန်းဆိပ်မှာ လှေတွေ မော်တော်တွေ ဆိုက်ထားတာ ရှိတယ်၊ အဲဒီမှာ ဒီတက္ကစီတွေ ရှိတယ်။ ဒီတက္ကစီက ခရီးသည်တွေအတွက်ပဲလား၊ ဒေသခံတွေရော ငှားစီးသလားတော့ ငါလည်း မသိဘူး" တဲ့။

ဒေသခံတွေကတော့ ၉၆၉၃ ကိုပဲ စီးမှာပေါ့။

ဧရာဝတီမြစ်ဘေးက မင်းကွန်းခေါင်းလောင်း၊ မင်းကွန်း ပုထိုးတော်ကြီး၊ မြသိန်းတန် စေတီတို့ကြောင့် မင်းကွန်းကို လာလည်သူ၊ ဘုရားဖူးသူများက ဒီတက္ကစီတွေကို ငှားစီးချင်ကြမယ် ထင်ပါတယ်။
ခရီးလည်းရောက်သလို နွားလှည်းစီးတဲ့ အတွေ့အကြုံလည်း ရသွားတာပေါ့။

5 comments :

  1. ၉၆၉၃ဆိုတာဘာလဲဗျ။

  1. Anonymous said... :

    On foot
    ကိုယ့်ခြေထောက်ကိုယ်သုံး

  1. MON said... :

    I also want to know what is 9693, could you please clarify about this???

  1. Anonymous said... :

    တယောက်က ဖြေထားပြီးပါပြီ။ ပိုပြီးထပ်ရှင်းအောင် ရှင်းပြချင်ပါတယ်။ ၉၆၉၃ (ကိုး ခြောက် ကိုး သုံး) ကို၊ အသံထွက် ပြောကြည့်ပါ။ ကိုယ့်ခြောက် ကိုယ်သုံး (ကိုယ့်ခြေထောက် ကိုယ်သုံး = ခြေကျင်လျှောက်) ဆိုတာမျိုး၊ ကြားနိုင်ပါလိမ့်မယ်။ ပုရွက်ဆိတ်ကို ပွက်ဆိတ်လို့  အမြန်အသံဆက်ခေါ်သလိုပေါ့။ ကိုယ့်ခြေထောက်လည်း ကိုယ့်ခြောက်ဖြစ်သွားတာပေါ့။

  1. Anonymous said... :

    ၉၆၉၃ ဆိုတဲ့ အသုံးကို ငယ်ငယ်တုန်းက ရဲကိုကိုရဲ့ ဗွီဒီယိုကားထဲမှာ စကြားခဲ့ဖူးတာပါ၊ ရဲကိုကိုက ကားနံပတ် ၉၆၉၃ နဲ့ သွားသလိုလိုနဲ့ နောက်တော့ ကိုယ့်ခြေထောက် ကိုယ်သုံးပြီး ခြေလျင်သွားတာကို သူက ရည်ညွှန်းပြီး ပြောခဲ့တာပါ၊ အဲဒီအချိန်မှာ ရဲကိုကိုဟာ လျမ်းလျမ်းတောက် နာမည်ကြီး မင်းသား ဖြစ်နေတာကြောင့် သူပြောလိုက်တဲ့ စကားလေးဟာ ကျယ်ပြန့်သွားပြီး ခြေလျင်သွားရတဲ့ အခါမျိုးမှာ “တို့ကတော့ ၉၆၉၃ နဲ့ပဲ”လို့ ပြောစမတ်ဖြစ်လာခဲ့ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved