ဖြုန်းအားကောင်းတဲ့ နေရဲမာန်

Wednesday, March 21, 2012

အိမ့်သံစဉ်

ဒီလောက် ဖြုန်းနိုင်အောင် ဘယ်လို စုဆောင်းခဲ့သလဲ လို့ မေးနေကြပုံရပါတယ်။
ဓာတ်ပုံများ - Ko Tun/MyanmarCelebrity.Com

သင်္ကြန် အချိန်အခါကလည်း မကြာခင်လာတော့မယ်။ အရင်ကတော့ သင်္ကြန်ရောက်တိုင်း တူးပို့တူးပို့ အစရှိတဲ့ ဆိုတဲ့ သင်္ကြန် သီချင်းတွေနဲ့
မင်းသားကြီး ဦးဇော်ဝမ်း က နှစ်စဉ်နေရာယူထားခဲ့တာ သူ သေလွန်သွားတဲ့အထိပါပဲ။

ကွယ်လွန်သူ မင်းသားကြီး ဇော်ဝမ်းရဲ့ သင်္ကြန်မင်းသားနေရာ ယူဖို့ အပတ်တကုတ် ကြိုးစားနေတဲ့ တယောက်ကတော့ စစ်အင်ဂျင်နီယာဟောင်း နေရဲမာန် ဆိုတဲ့ အဆိုတော်ပါ။

နှစ်စဉ်နှစ်တိုင်း ငွေတွေ အကုန်ခံပြီး နာမည်ကြီး မင်းသား၊ မင်းသမီးများစွာနဲ့ သင်္ကြန်ခွေတွေ ရိုက်ကူး သီဆို ဖြန့်ဝေနေပါတယ်။
ကြော်ငြာတွေကိုလည်း နာမည်ကြီးရော၊ တက်သစ်စ မင်းသမီး တော်တော်များများနဲ့ပါ တွဲပြီး ရိုက်ကူးနေတာပါ။
ဒီနှစ် သင်္ကြန်ခွေထွက်မှုကလည်း အလွန်အားနည်းနေပါတယ်။

အခုထိ သင်္ကြန်ခွေ ၅ ခွေ ပဲ ထွက်ရှိသေးပြီး ဒီအထဲမှာ နေရဲမာန် သင်္ကြန် ၂၀၁၂ ဆိုတာ တခု အပါအ၀င်ဖြစ်ပါတယ်။

နေရဲမာန် ဖြုန်းအားကောင်းပုံကို ဧရာဝတီဘလော့ http://www.irrawaddyblog.com/2010/10/blog-post_1657.html မှာ ရေးထားတာ တွေ့ရမှာပါ ။

ပြီးခဲ့တဲ့လကုန်ပိုင်း ရန်ကုန်မှာ လုပ်ခဲ့တဲ့ သူ့ရဲ့ တကိုယ်တော် သင်္ကြန်စီးရီး မိတ်ဆက်ပွဲ ဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။

အိဖြိုးချယ်ရီ နဲ့

နေရဲမာန်ကြီးနဲ့ ချစ်စနိုးများ
ခိုင်နှင်းဝေ၊ ချစ်စနိုးဦး၊ နေရဲမာန်၊ ဂန္ထ၀င်

ပြေတီဦးတို့ကိုလည်း ဒီပွဲတက်ဖို့ ဖိတ်ထားပါတယ်

အိန္ဒြာကျော်ဇင်


နာရီဝက်လောက် လာထိုင်တာ ၂ သိန်းရတယ်လို့ ဆိုလိုတာလား မသိပါ


ခိုင်နှင်းဝေ
ချိုပြုံး

အရိုင်း
(အရိုင်းက - လူရွှင်တော်လမ်းကို ရွေးမိတာ မှားပြီ။ ဗိုလ်သင်တန်းတက် - အင်ဂျင်နီယာတပ်ထဲရောက်သွားရင် နေရဲရိုင်း ဆိုတဲ့ နာမည်နဲ့ တခွေပြီးတခွေ ထုတ်ရုံပဲ။ အင်ဂျင်နီယာတပ်ထဲ မရောက်လည်း အရာရှိ ဆိုတော့ လွှတ်တော်ထဲတော့ ရောက်နိုင်တာပေါ့ကွာ လို့များ တွေးနေသလား)

ဒီမိတ်ဆက်ပွဲအတွက် နာမည်ကြီးတွေကိုငှားရမ်းခဟာ စစ်အင်ဂျင်နီယာတပ်အရာရှိတယောက်ရဲ့ တလစာ ဘတ်ငွေနဲ့ညီမယ်ထင်တယ်နော်၊ အဟီး ...


တူးတူး
(အင်း - ငါတို့လောကတော့ သွားပါပြီ လို့ တွေးနေဟန် တူပါတယ်)

(နေရဲမာန်ကြီးကျေးဇူးကြောင့် နာမည်ကြီးတွေ တပြုံကြီးနဲ့ တွေ့ရပြီကွ)

ဗီဒီယိုသရုပ်ဆောင် ယွန်းရွှေရည်


မေသဉ္စာဦးလည်း လက် ၂ ချောင်း ထောင်ပြနေတယ်




ကြွရောက် အားပေးရသူများထဲမှာ စတီရီယိုဘိုးအေကြီး ဘိုဘိုဟန်လည်း ပါပါတယ်


end

2 comments :

  1. Anonymous said... :

    This event is STATE SPONSORED ....

    ONE OF THE LUCKY GUYS OF MYANMAR. NEED NOT TO WORK HARD BUT FLOATING ON MONEY .....

    WHO DARE TO CATCH???? Everybody is either thief or robber.

  1. true colour said... :

    He was a big big thief when he was working for Engineering Corp. Many people like him got away with it but my surprise is that he is using these (people) money to become a celebrity. And yet all those celebrities are posing and smiling with him, then they will go near to Daw Su and pretend they are supporting Democracy .

    People especially those celebrities it's time to show your true colours.

    Celebrities, for once in your life, please do the right thing by not showing your support to people like Nay Ye Mun, Tay Za or Khin Shwe.......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved