'အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်'

Tuesday, March 27, 2012


မြန်မာအင်္ဂလိပ် ၂ ဘာသာနဲ့ ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့ ကြေညာချက်

စာအမှတ်- ၁၃ /၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျောင်းသားများ
88generation@gmail.com
၂၇ - မတ် -၂ဝ၁၂
ရန်ကုန်၊မြန်မာ။


(၆၇) နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အထိမ်းအမှတ်အခမ်းအနားသို့
၈၈ မျိုးဆက်ကျောင်းသားများ မှ ပေးပို့သောသဝဏ်လွှာ
ဤနေ့ဤရက်သည်ကား လွန်ခဲ့သော (၆၇)နှစ်က တစ်မျိုးသားလုံးညီညွတ်မှုစွမ်းအားဖြင့် ဖက်ဆစ်စနစ်၊ ဖက်ဆစ်ဝါဒကို မြန်မာ့မြေပေါ်မှ တော်လှန်တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္တအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်း အဝေးတွင် အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက 'တိုင်းရင်းသားပြည်သူတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။

ဒီမိုကရေစီဝါဒကိုသာ ခေတ်စား အောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားကြရမယ်' ဟု အတိအလင်း မိန့်ကြားခဲ့ပါသည်။

ယခုကဲ့သို့ ပြည်ထောင်စုဒီမိုကရေစီ နိုင်ငံ ထူထောင်ရန် အသွင်ကူးပြောင်းနေသောကာလတွင် အမူအကျင့် ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန်ပြောင်းလဲပစ်ရန် လိုအပ်နေပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဒီမိုကရေစီအနှစ်သာရဆိုသည်မှာ 'နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှ တိုက်ရိုက်ဆင်းသက်သည်' ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်
'အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေရန်'
'ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်'
'အစိုးရဝန်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန်' သည် ယနေ့အချိန်တွင် ဦးတည်ပြောင်းလဲ ပစ်ရမည့် အတွေးအမြင်တော်လှန်ရေးတစ်ရပ်ဖြစ်သည်ဟု အလေးအနက် ယုံကြည်တိုက်တွန်းလိုက်ရပေသည်။

၈၈မျိုးဆက်ကျောင်းသားများ


Press Release 13/2012(88)
The 88 Generation Students
88generation@gmail.com
27 March 2012
Yangon, Myanmar


Message sent to The 67th Revolutionary Day
By The 88 Generation Students


Today is the 67th anniversary of fighting against Fascism throughout the territory of Myanmar by national unity.
After the anti-fascist revolution, at the fourth meeting of national leaders held on August 1945, General Aung San, the national leader and the founding father of the country and the military, claimed clearly; “… If there’s a system in which the imperial minded officials govern the country, there will be the pseudo forms of Fascism which will obstruct the emergence of democracy. We must promote democracy. We must try to build independence Burma by this system.”
Today Myanmar, on her transformation process, it is necessary to change obsolete behaviors and thoughts with the revolution (courageously).
The essence of the constitution is the fact that “The sovereign power of the Union is derived from the citizens and is in force in the entire country.” (Chapter I, Section 4)
Therefore, we seriously believe and encourage that now is the time to mobilize a revolution of thoughts;
“To change the government to people minded,”
“To change the people to government minded, and”
“To change the government’s servants to the public servants.”

The 88 Generation Students

1 comments :

  1. May said... :

    The government which is REALLY elected by public and the president who REALLY loves people can have such a kind of mindset, because they were born and brought up amongst public. Thus they understand the lives of fundamental people.
    Kyanphyut government was NOT REALLY elected by people and they were brought up by military. They only know how to bully and exploit people.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved