တရုတ်နဲ့ မြန်မာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်မည်

Tuesday, March 27, 2012


ပျူနိုင်ငံက ကချေသည်မ ဇာတ်လမ်းတွဲကို မြန်မာ - တရုတ် ကုမ္ပဏီ ၂ ခု ပူးပေါင်း ရိုက်ကူး ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီ ၂ ခု သဘောတူ လက်မှတ်ထိုးတဲ့အကြောင်း ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ရွှေသံလွင် မီဒီယာ ကုမ္ပဏီ နဲ့ ယူနန်မီဒီယာကုမ္ပဏီလီမိတက်တို့

သရုပ်ဆောင်တွေက ဘယ်သူတွေလဲ ဖော်ပြမထားပါ။ လက်မှတ်ထိုးပွဲတက်ရောက်သူများစာရင်းကိုပဲ ဖော်ပြထားပါတယ်။

မြန်မာပြည်က ရုပ်သံတွေမှာ ထုတ်လွှင့်ခဲ့တဲ့ တရုတ်စကားပြော မြန်မာစာတန်းထိုး ဇာတ်လမ်းတွဲတွေလို ဖြစ်မလားလား ဆိုတာလည်း မသိရပါ။

ပျူခေတ်က သဘင်သည်များ တရုတ်ပြည်ကို သွားခဲ့ကြတဲ့အကြောင်း တရုတ်သမိုင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ မြန်မာနဲ့တရုတ် တို့ရဲ့ အစောဆုံး ဆက်ဆံရေး အထောက်အထား ဖြစ်ပါတယ်။ တရုတ်မှတ်တမ်းတွေမှာ ပျူသဘင်သမားတို့ရဲ့ တူရိယာ၊ အ၀တ်အစားတွေကို ဖော်ပြထားတယ်လို့ သိရပါတယ်။

တရုတ်မှတ်တမ်းတွေမှာ ဖော်ပြချက်များနဲ့ ပတ်သက်ပြီး မသက်ဇင်ရဲ့ ဘလော့ http://www.mathetzin.com/2008/05/blog-post_14.html မှာ ကူးယူ ဖော်ပြထားတာ အခုလို တွေ့ရပါတယ် -

ပျူ လူ မျိုးများ နှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ် စာပေ ထန် ရာဇ၀င်ဟောင်း များမှ ကောက် နုတ် ဖေါ်ပြ ရလျှင် ပျူ လူမျိုး များ အား ၄ ရာစုလောက် က ပင် များစွာ တိုးတက် ယဉ်ကျေးသည့် လူမျိုး တမျိုး ဖြစ်ပြီး ၈ ရာစု လောက် တွင်ကြီးကျယ် ခန်းနား အံ့သြဖွယ် ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည် ကား မဟာရာဇာ တည်း ။ အမတ်ချုပ် အမည် က မဟာသေနတည်း။
မင်းကြီး မဟာရာဇာသည် ခရီး တို သွားသည့် အခါ ရွှေ ကြိုးခတ် သည့် ထမ်းစင်စီးပြီး ခရီးရှည်သွား လျှင် ဆင် စီး သည် မိဖုရား မောင်းမ တရာ ကျော် ရှိ သည်၊ မြို့ တော် တံတိုင်း ၀န်းကျင်အား စဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော် ရှိသည်။ ကျောင်း ပရ၀ုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်း မံ ၍ အနီ အ၀ါ စသည့် တောက်ပသည့်ဆေးများ ရေးခြယ်ထားသည်။

ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တ၀ါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ၀န်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။
စကားအပြောအဆိုနည်း၏ ဗေဒင်ဆရာပေါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved