မြန်အောင်မှာ မြို့မေတ္တာ ခံယူတဲ့ ငါး မင်းဆွေ

Wednesday, March 28, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ၊ ဝေဖန် ရှုံ့ချလေ့ရှိတဲ့ ငါး မင်းဆွေ တယောက် မနေ့က မြန်အောင်ကိုသွားပြီး မြို့မေတ္တာ ခံယူခဲ့တဲ့ အကြောင်း ဖေ့ဘုတ်ပေါ် မှာ ပျံ့နှံ့နေပါတယ်။

မြို့လူထုက မြန်အောင်ကို လာပြီး ဒေါ်စု မကောင်းကြောင်း ပြောဖို့ လာတဲ့ ငါးမင်းဆွေဆိုတဲ့သူကို ဒေါသတွေနဲ့ ကိုယ်ထိ လက်ရောက် ပညာပေးမယ့် အဆင့်အထိဖြစ်ခဲ့ပါသတဲ့။

ငါးမင်းဆွေကလည်း ဒီလိုမျိုး ဆူပူမှုတွေကို လိုလားဟန်ရှိတယ်၊ ဒါမှ သူ့ရာထားချက်ပြည့်မှီမှာ လို့ ရိပ်မိကြတဲ့ NLD လူငယ်တွေက သူ့ကို ရဲတပ်ဖွဲ့ဝင်များနဲ့ အတူ လိုက်လံ စောင့်ရှောက်ပြီး မြို့ အထွက်ထိ ပို့ဆောင်ခဲ့ကြတယ်တဲ့။

“ငါးမင်းဆွေ ၏ ရည်ရွယ်ချက်မှာ..ဒေါ်စုကို အပုတ်ချ..ပြည်သူကိုရန်စ..ပြဿနာဖြစ်အောင် ဖန်တီး..ဒီမိုကရေစီ ဆိုတာ ဒီလို အကြမ်းဖက်ဖို့လားဟု အများပြည်သူ စိတ်ဆိုးအောင် ရည်ရွယ်...ဒီမိုကရေစီ ချစ်သူ ပြည်သူအများ ပြဿနာ မဖြစ် အောင် အထူး သတိထားပြီး... အချင်းချင်း သတိပေး ရှယ်ယာ လုပ်လိုက်ကြပါ..ခင်ဗျား..” ဟု ဖေ့ဘုတ်မှာ ငါးမင်းဆွေရဲ့ ဓာတ်ပုံနဲ့တကွ တင်ထားပါကြောင်း မောင်းခတ် လိုက်ပါတယ်။

ငါးမင်းဆွေကို မြန်အောင်မြို့သူ မြို့သားတွေက ဘယ်လောက်ချစ်ကြောင်း ပြသချက်ကတော့ ကွမ်းတပျစ်ပျစ်နဲ့ သူမျက်နှာကို တမြို့လုံးက ၀ိုင်းပြီး မစင်ပက်ဖို့အထိ လုပ်ကြတဲ့အထိပါပဲ တဲ့။

အိမ့်သံစဉ် ရေးသားသည်

5 comments :

  1. တာဝကျောင်းသား said... :

    ငါးမင်းဆွေ=ဖားမင်းဆွေ။ ခံရတာတောင်နည်းသေး။။

  1. Anonymous said... :

    ထမင်းတလုပ်အတွက် နဲ့တို့ပြည်သူလူထုချစ်ခင်တဲ့ ခေါင်းဆောင်တယောက်ကို ဒီလိုစော်ကားအပုတ်ချလို့ ဒေါ်စုကဘာမှမဖြစ်ဘူး၊ ခင်ဗျားသာကိုယ်ရုပ်ကိုမှန်ထဲ ပြန်ကြည့်အုန်း၊ တော်တော်ကိုစုတ်ပြတ်နေပြီ၊ ပါတဲ့မိသားစုလဲ စုတ်ပြတ်နေပြီ၊ ထမင်းတလုပ်အတွက်များကွာ။

  1. အေတူကန် said... :

    ငါတို့ နယ်သားတွေ မင်းကို ဘယ်လောက်မေတ္တာထားတယ်ဆိုတာ သိရအောင် မြန်အောင်၊ ကနောင် တစ်ဖက်ကမ်းက ထိန်တော၊ မိုးညိုဘက်ကို နည်းနည်းကူးသွားလိုက်ပါလား။

  1. Anonymous said... :

    လူပုံကြည့်ရတာ အရက်ကြောင်လား ဆေးကြောင်လားပဲ၊
    စိတ်မှန်ပုံမရဘူး၊ လောကဓံကို တော်တော်ခံထားရပုံပဲ။
    သနားစရာပါ။။
    ခေတ်စံနစ်တခုရဲ့ သားကောင်ဖြစ်မှာပါ၊ ခွင့်လွှတ်လိုက်ပါ။

  1. Anonymous said... :

    ငါးမင်ဆွေ ကိုအကြံပေးချင်တာကတော့ ဒီလောက်တောင်တတ်နေ သိနေတယ်ဆိုရင်
    ပါတီထောင်ပြီးရွှေးကောက်ပွဲဝင်လိုက်ပါ၊
    ပြည်သူလူထုကထောက်ခံရင် လွတ်တော်မှာဝင်ပြောလို.ရပါတယ်၊
    ကော်မရှင်ကလည်းခွင်.ပြုမှာပါ၊
    ဘာဖြစ်လို.ကိုယ်ထင်တာတွေ လုပ်ချင်ရာလမ်းမှာလျောက်လုပ်နေတာလဲ၊
    ရည်ရွယ်ချက်ရှိရှိလုပ်၊ တာဝန်ယူစိတ်ထား၊
    အရူးကွက်လိုက်နင်းမနေနဲ.၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved