သန့်စင်ငြိမ်းချမ်း
နိုင်ငံတ၀ှန်းရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များတွင် ကျောင်းသားသမဂ္ဂများ ပြန်လည် ပေါ်ပေါက်ရေး လှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက်ရန်အတွက် ချင်းကျောင်းသားသမဂ္ဂကို ကလေးမြို့တွင် ယခုလ ၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကလေးတက္ကသိုလ်တို့မှ ပညာသင်ကြားနေကြသည့် ချင်းကျောင်းသား ၃၀ ကျော်က စမ်းမြို့ရပ်ကွက် Youth Center တွင် တွေ့ဆုံပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ချင်းကျောင်းသားသမဂ္ဂအနေဖြင့် ကလေးမြို့ တက္ကသိုလ် အသီးသီးရှိ ကျောင်းသားများအရေးနှင့် ကျောင်းသား အခွင့်အရေးအတွက် လှုပ်ရှားသွားမည်ဖြစ်ကြောင်းနှင့် အကြမ်းမဖက် ကျောင်းသား လှုပ်ရှားမှုဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထုတ်ပြန်ချက် လင့် - https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpjKaffbpvSGvCsrAXnWjsuRswFGeQSMoJfWV2rzurJZRbj61iF9BwimubWSG-Jwuw2OiCSpKNaw08LGgaa2ZeUS8gWoGqa7rOmlOC0b9_aRbolnLfQfDljMm_rBzNuCoJQhIs0Z0jGbs/s1600/Chin+Student+Union.jpg
0 comments :
Post a Comment