ဘုန်းတော်ကြီး ဒလိုင်းလားမားမှ ဒေါ်စုထံသို့

Tuesday, March 27, 2012

တိဗက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့တဲ့ သ၀ဏ်လွှာပါ။


ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွေသွားနေရင်းက မမာမကျန်းဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သာစေမာစေကြောင်း ဘုန်းတော်ကြီးက ဆန္ဒပြု နှုတ်ဆက်တာတွေ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေး ဂရုစိုက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်မှုဟာ လွတ်လပ်ခြင်းကို နှစ်သက်တဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ၊ အထူးသဖြင့် မြန်မာပြည်သူပြည်သားတွေအတွက် အရေးကြီးတဲ့အကြောင်း၊ ကျန်းမာပါမှ လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲ မေတ္တာပို့သပေးနေတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံလိုသေးတဲ့အကြောင်းတွေ ပါပါတယ်။






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved