ကြိုတင်မဲ လက်ချာ အပိုင်း ၁

Thursday, March 8, 2012

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလတုန်းက မဲဆွယ်နေသူများ။ ကြိုတင်မဲဒဏ်ကို အလူးအလဲ ခံလိုက်ရမယ် ဆိုတာ အဲဒီတုန်းက သူတို့ ကြိုတင်မသိခဲ့ပါဘူး။

သတင်းစာများမှာ ကြိုတင်မဲအကြောင်း အခန်းဆက် လက်ချာရိုက်မှု ဒီနေ့ အစပြုပါတယ်။ ကြိုတင်မဲဆိုတာ ဘာလဲ ဘယ်သူတွေ ဘယ်လိုပေးနိုင်သလဲ စသဖြင့် ရှင်းပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက် ၂၀ ကျော်အကြာမှာ ဖော်ပြလာတာပါ။ လာမယ့် နေ့တွေမှာ ဘာတွေ ဆက်ပြီး လက်ချာရိုက်မလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲစိတ်ဝင်စားသူများ စောင့်ဖတ်ကြမှာပါ။

၂၀၁၀ ရွေးကောက်ပွဲကာလ ကြိုတင်မဲအရှုပ်တော်ပုံအကြောင်း ရှင်းလင်းချက်များ ပါဝင်မလား ဆိုတာကိုတော့ နောက်နေ့တွေမှ သိရမှာ ဖြစ်ပါတယ်။

ဒီနေ့ စတင်ဖော်ပြတဲ့ ဆောင်းပါးကို ဒီလင့် http://1.bp.blogspot.com/-F83Zn06hVI4/T1gmWgsAyaI/AAAAAAAATdA/8T613fv5Cec/s1600/0oglepo.jpg မှာ ဖတ်နိုင်ပါတယ်။

1 comments :

  1. Anonymous said... :

    ဘာတွေ လုပ်ကြဦးမှာလဲ ? ဘယ်လိုတွေ ညာကြဦးမှာလဲ ? အနိုင်ရဖို့ ဘာမဆိုညစ်ကြလုပ်ကြမယ့် လူတွေ ထုတ်တဲ့ အခန်းဆက်ရှင်းလင်းချက်ကို ဖတ်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ အဖြေကိုတော့ ပြောင်းပြန်ယူကြပါဗျာ။ အတည့်ယူရင် မှားမှာသေချာနေလို့ပါ။ အရှက်မရှိသော ကြံ့ဖွတ်ပါတီ ဘာလုပ်ဦးမလဲ စောင့်ကြည့်ရပါမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved