ဝိဉာဉ်များ မဲပေးနိုင်တော့မည်

Friday, March 9, 2012

ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်တို့ သွားတွေ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်။
ဒီကော်မရှင်က ကွယ်လွန်သူတို့အတွက် အထူး အစီအစဉ် ရှိနေပါတယ် တဲ့။

သေရင်ပြီးပြီလို့ တချို့ ဆိုကြတယ်။ မြန်မာပြည်မှာတော့ သေရင် မပြီးသေးပါဘူး။ ဆက်ရန် ရှိပါသေးတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတောင် မဲပေးနိုင်တဲ့ အခွင့်အရေး ရှိအောင်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားပါတယ်။

(ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ မြန်မာပြည်မှာ ရှိနေတာကြောင့် တိုးရစ်တွေ ပိုပြီး ရောက်လာကြတာ ဖြစ်ပါလိမ့်မယ်။)

ကွယ်လွန်သူများဟာ လာမယ့် ဧပြီဖူးနေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးနိုင်ပြီပေါ့။

"သေဆုံးထားပြီးတဲ့သူ စာရင်းတွေပါဝင်နေပြီး သူတို့တွေက လာမယ့် ဧပြီ ၁ ရက်နေ့ ရွေးကောက်ပွဲတွေမှာ မဲပေးရမလို ဖြစ်နေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောတဲ့အကြောင်း ဧရာဝတီ ပင်မစာမျက်နှာ http://burma.irrawaddy.org/archives/7001 မှာ ဖော်ပြထားတဲ့ "မဲပေးနိုင်သူစာရင်း မူမမှန်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်" သတင်းမှာ ဖတ်နိုင်ပါပြီ။

7 comments :

  1. Anonymous said... :

    မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိဘူးဆိုသူတွေအတွက်ပါ။ မြန်မာနိုင်ငံက ၀ိဥာဉ်တွေကို အခွင့်အရေးပေးထားတာ ...လူဆို ထည့်ပြောနေစရာတောင်မလိုပါဘူးဗျာ။

  1. Anonymous said... :

    That is too bad.
    I this Burma is famous not only for old temples and its natural beauty also ဒီလို ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ မြန်မာပြည်မှာ ရှိနေတာကြောင့် တိုးရစ်တွေ ပိုပြီး ရောက်လာကြတာ ဖြစ်ပါလိမ့်မယ်။)

  1. Anonymous said... :

    very funny....

  1. lin lin said... :

    ဧပြီဖူး(လ်)နေ့ဆိုတော့ တရားစွဲလို့လည်း
    ရမယ်မထင်ဘူး။တော်တော် ညစ်ပတ်တဲ့
    အစိုးရပဲ။မြန်မာပြည်မှာ လူဖြစ်ရတာကိုက
    ကံဆိုးတာပါ။

  1. Anonymous said... :

    Those RIPs better vote for NLD ...

  1. zaw said... :

    အားလုံးက ၀န်းရံ ကြရမှာပါ။ ဒါမှ မသမာမှုတွေ ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ငါနဲ့မဆိုင်ဘူးဆိုပီးတော့ လက်ရှောင်နေယင် မတရားမှုတွေ ပပျောက်မှာမဟုတ်ဘူး

  1. hiphopman said... :

    မိုက်တယ်နော် မြန်မာပြည်မှာပထမဆုံးပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved