ဘယ်အရွယ်မှာ မြေးရနိုင်သလဲ

Tuesday, March 6, 2012

ဘွားဘွား Rifca Stanescu ကို ခင်ပွန်းသည်၊ မြေး တို့နဲ့ တွေ့ရတဲ့ပုံ

လူတယောက် အသက် ဘယ်လောက်မှာ မြေးရနိုင်သလဲ။
ဥရောပတိုက် ရိုမေးနီးယားနိုင်ငံမှာတော့ ဂျစ်ပဆီအမျိုးသမီးတယောက်က ၂၃ နှစ်အရွယ်မှာ မြေးရခဲ့ပါတယ် တဲ့၊ www.dailymail.co.uk မှာ ရေးထားပါတယ်။
သူ အသက် ၁၂ နှစ်မှာ သမီးလေးတယောက် မွေးတယ်၊ အဲဒီသမီးလေးက ၁၁ နှစ်အရွယ်မှာ ကလေးမွေးတယ်ဆိုတော့ သူ အဘွားဖြစ်ပြီပေါ့။

အခု သတင်းတွေ တက်နေချိန်မှာတော့ ဘွားဘွား Rifca Stanescu က ၂၅ နှစ် ရှိပါပြီ၊ မြေးလေးလည်း အရွယ်အတော်ရောက်နေပါပြီ၊ ပုံမှာ တွေ့ရတဲ့အတိုင်းပါပဲ။
မြေးက (ပုံထဲကအတိုင်း ငယ်သေးပေမယ့်) ၈ နှစ်အရွယ်ကလေးမတယောက်နဲ့ စေ့စပ်ထားတယ်လို့ ဘွားဘွားက ပြောပါတယ်။

ရိုမေးနီးယားနိုင်ငံ ဂျစ်ပဆီလောကမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတယ်လို့ သတင်းက ဆိုတယ်။

သတင်းထဲမှာတော့ ခင်ပွန်းဖြစ်သူအကြောင်း အသေးစိတ် ရေးမထားပါ။ သူ့ခင်ပွန်းသည်က သူ့ထက် ၂ နှစ် ကြီးပါတယ်။ ဒီတော့ ဒီကောင်လေးကလည်း ကမ္ဘာ့အသက်အငယ်ဆုံး ဘိုးဘိုးလို့ ယူဆရပါတယ်။

ရိုမေးနီးယားဟာ ကမ္ဘာမှာ ဂျစ်ပဆီ အများဆုံး ဒေသ၊ ဂျစ်ပဆီဦးရေ၂ သန်း ရှိမယ်လို့ ခန့်မှန်းရ၊ ဒါဟာ နိုင်ငံလူဦးရေ လူဦးရေရဲ့ ၅% သို့မဟုတ် ၁၀% ဖြစ်တယ် ဆိုပြီး
www.telegraph.co.uk/ မှာ ရေးထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved