Facebook နဲ့ သတင်းသမား

Wednesday, March 7, 2012

Facebook မှာ ပရိသတ်စာမျက်နှာ ဖွင့်ထားတဲ့ မြန်မာပြည်သားဟာ ထင်ရှားတဲ့ သရုပ်ဆောင်၊ အဆိုတော် ဖြစ်နေတတ်ပါတယ်။
အခု ပြောပြမယ့် Fan Page ဖွင့်ထားသူကတော့ သတင်းထောက် ဦးဝင်းမြင့် ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက်အဖြစ် ၁၃ နှစ်ရှိပြီ၊ ထိုင်းနိုင်ငံကို ရောက်နေတာ နှစ် ၃၀ ကျော်ပါပြီ လို့ သူ့ Fan Page http://www.facebook.com/pages/%E1%80%98%E1%80%AE%E1%80%98%E1%80%AE%E1%80%85%E1%80%AE-%E1%81%80%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%99%E1%80%84%E1%80%B7%E1%80%B9-BBC-Winmit/283650038311661?sk=wall
မှာ ဆိုထားပါတယ်။

သူ့ရဲ့ "ယိုးဒယားလို ပြောကြစို့ " စကားပြောစာအုပ်ကတော့ ထိုင်းမှာ အင်မတန် အရောင်းသွက်လို့ အကြိမ်ကြိမ် ရိုက်နှိပ်နေရပါတယ်။ အဲဒါက ထိုင်းစကားတတ်လိုသူ မြန်မာတွေအတွက်ပါ။ ရန်ကုန်က အကြားအမြင်များသူတယောက်ကတောင် ဦးဝင်းမြင့် ဆိုတဲ့ နေရာမှာ သူ့နာမည်အစားထိုးပြီး ပုံနှိပ်ထုတ်ဝေနေပါတယ်။

ထိုင်းတွေအတွက်လည်း တအုပ် ပြုစုထားပါတယ်။ "မြန်မာလို ပြောကြစို့" တဲ့။

ဒါကတော့ အားကျန်း ဦးဝင်းမြင့်ရဲ့ မူလလက်ဟောင်း Facebook
http://www.facebook.com/profile.php?id=100002098661747&sk=wall ဖြစ်ပါတယ်။

ဒါကတော့ Fan Page

မူလ Facebook မှာ သူငယ်ချင်း လေးထောင်ကျော်သွားရင် လူသစ်လက်ခံဖို့ အခက်အခဲ ဖြစ်လာတဲ့အတွက် ပေါ်ပေါက်လာတာလို့ ယူဆပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved