ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ကြေညာချက်တစောင် ဖော်ပြထားပါတယ်။
ငါးထောင်တန်းဖုန်းအကြောင်းတော့ မဟုတ်ပါဘူး။ သိန်းကျော်တန်ဖုန်းများအကြောင်း ဖြစ်ပါတယ်။
CDMA ဖုန်းတချို့ လောလောဆယ် ရောင်းနိုင်ခြင်း မရှိသေး၊ ဘယ်ဖုန်းတွေကိုတော့ ဘယ်တော့ ရောင်းမယ်၊ ဘယ်မှာ ရောင်းနေပြီ စသဖြင့် ရေးထားပါတယ်။
အောက်ဆုံးက စာသားကတော့ မိုက်တယ်ကွာ
ဖုန်းရောင်းတာကို အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ရောင်းမှာတဲ့
အမှန်တကယ် သုံးစွဲသူကိုသာရောင်းပါမယ်တဲ့
သူတို့ဖုန်းက ၀ယ်ရောင်းလုပ်လို့ အမြတ်တွေရကြမှာကိုး
အပိုတွေပြောမနေပါနဲ့ကွာ
ငါတို့ဘဲလက်ဝါးကြီးအုပ် အမြတ်ထုတ်မယ် လို့သာ
ကြေငြာလိုက်ပါတော့ကွာ