ကချင်ဒေသအကြောင်း KIA သတင်းဆောင်းပါး

Sunday, March 4, 2012



ကေအိုင်အေ စစ်အရာရှိများ (ဓာတ်ပုံ - ဧရာဝတီ)

AP သတင်းဌာနက DENIS D. GRAY ရေးတဲ့ ဆောင်းပါး တပုဒ်က ကချင်ဒေသအကြောင်းပါ။
အဲဒီဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး ၁၀ လ အကြာမှာ ထွက်ပေါ်လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဒီနယ်မြေဟာ တောတောင် ထူတဲ့ ဒေသဖြစ်ပြီး ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် ဒေသခံတွေဟာ မဟာမိတ်တပ်တွေနဲ့ပေါင်းပြီး ဂျပန်တပ်တွေကို တိုက်ထုတ်ခဲ့တဲ့ဒေသဖြစ်တယ်လို့ ဆောင်းပါးက စာဖတ်သူများကို ဒီနယ်မြေနဲ့ မိတ်ဆက်ပေးပါတယ်။

"သူတို့ အစွမ်းကုန် အင်အားသုံးပြီး ကျနော်တို့ကို တိုက်ပြီးပြီ၊ အနိုင်မရသေးပါဘူး" ဆိုတဲ့ KIA တပ်မှူးတဦးဖြစ်သူ Maj. Pawm Mung Ra ရဲ့ ပြောဆိုချက်ကို ဆောင်းပါးထဲ တွေ့ရပါတယ်။ ဒါပေမယ့် ဒီတပ်မှူးက လိုင်ဇာဒေသ ကျသွားမှာကိုတော့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

Nsai Mung Gawn ဆိုတဲ့ လူငယ်စစ်ဗိုလ်က စစ်မြေပြင်မှာ တဘက်နဲ့တဘက် အနီးကပ် မြင်နေရတယ်၊ စခန်းတွေ အသိမ်းခံရလည်း သိမ်းတဲ့သူ နာမယ်လို့ ဆိုတယ်၊ စခန်းမှာ မိုင်းတွေ ထောင်ထားတယ်၊ ခွဲပစ်လိုက်မယ် တဲ့။

KIA/KIO ပြောခွင့်ရ အရာရှိ ဦးလနန်ကတော့ နိုင်ငံရေးစကား ပြောပါတယ် - တိုင်းရင်းသားအရေးကို ပြေလည်အောင် မရှင်းနိုင်ရင် ဒီမိုကရေစီဘက်တော်သားတွေတောင်မှ အောင်မြင်မှုရဖို့လမ်း မရှိဘူး တဲ့။

"မြန်မာပြည်မှာက တိုင်းရင်းသားအရေး နဲ့ ဒီမိုကရေစီရေးက ခွဲခြားလို့ မရဘူး။ ဒီအရေးနှစ်ခုလုံးကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှ ငြိမ်းချမ်းရေးရနိုင်မယ်" တဲ့။

ပြီးခဲ့တဲ့ရက်ပိုင်း မြစ်ကြီးနားကို ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုလည်း ကိုးကားထားပါတယ်။

ငြိမ်းချမ်းရေးမရှိဘဲနဲ့ နိုင်ငံ မဖွံ့ဖြိုးနိုင်ဘူး၊ ကချင်ဒေသပြည်သူတွေရဲ့ ခံစားချက်ဟာ မြန်မာပြည်သားတွေရဲ့ ခံစားချက်ပဲ၊ ပြဿနာတွေ ဘယ်လိုရှင်းမလဲ ဆိုတာကို ကျမတို့အားလုံး နည်းလမ်းရှာရမယ် ဆိုတဲ့ စကားပါ။

လောလောဆယ်တော့ စစ်ပြေးဒုက္ခသည်များအတွက် တရုတ်မြန်မာနယ်စပ် လိုင်ဇာဒေသမှာ စခန်း ၅ ခု ဖွင့်ထားတယ်၊ Jeyang ဆိုတဲ့ စခန်းမှာတော့ ဒုက္ခသည် ၅၅၀၀ ထက်မနည်း ရှိနေတယ် တဲ့။

အထောက်အပံ့အဖြစ် လူတယောက်ကို ဆန့် ၂ ဘူးစီ ရတယ်၊ ဆားရတယ် တဲ့။ အဟာရမပြည့်ဝ၊ ရောဂါတွေရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ မကြာခင်ဆိုရင်လည်း မိုးတွင်းရောက်လာတော့မယ် လို့ အဲဒီစခန်းရဲ့ တာဝန်ခံက စိုးရိမ်တကြီး ဆိုပါတယ်။

ကုလသမဂ္ဂ အကူအညီ အနည်းအကျဉ်းက ဒီဇင်ဘာမှာတုန်းကတော့ ရောက်လာပါတယ်၊ အစိုးရတပ်က တခြားအကူအညီတွေကို ပိတ်ထား၊ တရုတ်အစိုးရလည်း တရုတ်ပြည်ဘက်ကနေ ၀င်ကူညီမှာကို လက်မခံဘူး တဲ့။

ဦးသိန်းစိန်က အဲဒီဒေသ ထိုးစစ်များ ရပ်ဖို့ အမိန့်ထုတ်ခဲ့ပုံ၊ တပ်တွေက မလိုက်နာပုံကိုလည်း ဆောင်းပါးမှာ ထည့်ထားပါတယ်။

"အပြင်ကကြည့်ရင်တော့ အစိုးရက စစ်တပ်ကို မထိန်းချုပ်နိုင်ဘူးလို့ ယူဆရတာပေါ့လေ။ ဒါပေမယ့် သူတို့ထဲမှာ သဘောတူညီချက် ရပြီးသားပါ။ ကျနော်တို့ ဒီကနေ ကြည့်ရတာတော့ တကယ့် စစ်မှန်တဲ့ အပြောင်းအလဲကို မတွေ့ရသေးပါဘူး" တဲ့၊ ဦးလနန်ရဲ့ မှတ်ချက်ပါ။

ဆောင်းပါး အဆုံးသတ်ကတော့ ဖတ်လို့ ကောင်းပါတယ် -

KIA စခန်းတွေထဲမှာတော့ အကောင်းမမြင်နိုင်မှု နဲ့ စိုးရိမ်ပူပန်မှု ရောနေတယ် - KIA အရာရှိ Maj. Pawm Mung Ra က "ဒီတောင်တွေ အသိမ်းခံရရင်တော့ လိုင်ဇာလည်း သေချာပေါက် ကျမှာပဲ။
သူတို့ တဖြည်းဖြည်း ရှေ့တိုးလာတယ်၊ ဒါပေမယ့် တကယ်တိုက်ဖို့တော့ သူတို့ လန့်တယ်၊ သူတို့ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ကျနော်တို့ ဖြတ်ပစ်လိုက်လို့ ရတယ်။ သူတို့ ဘာကြောင့် တိုက်နေရတယ် ဆိုတာ သူတို့လည်း သိကြတာ မဟုတ်ဘူး။
ထိုးစစ်ဆင်ဖို့၊ ချေမှုန်းသတ်ဖြတ်ဖို့ ဆိုတဲ့ အမိန့်ရလို့ (သူတို့ တိုက်နေတာ)" လို့ သူက ဆိုပါတယ်။

နောက်အရာရှိတယောက် ဖြစ်တဲ့ Lt. Somlut Law Lai ကတော့ "ကျနော်တို့မျိုးဆက်မှာတော့ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး။ နောက်မျိုးဆက်မှာတော့ ရမယ်လို့ မျှော်လင့်ပါတယ်" တဲ့။


ညွှန်း - http://www.google.com/hostednews/ap/article/ALeqM5hCL-HaYj3hiVKmA4290Fkfq8EICw?docId=64ebb55106754a9baeaa373d41247809 မှာ တွေ့ရတဲ့ AP သတင်း ဆောင်းပါး -
As Myanmar thaws, decades-old civil war festers on

6 comments :

  1. Anonymous said... :

    Burma Media Wash
    (၁)စိတ်ဓါတ်မကျပါနဲ့..။ကချင်တွေခံနေရတာဟာ၊
    ကျနော်တို့ခံနေရသလိုပဲလို့စိတ်ထဲမှာခံစားနေရပါတယ်။
    (၂)ခင်ဗျားတို့ ကျနော်တို့ မသေခင်၊ခင်ဗျားတို့ ကျွန်တော်တို့ကိုသတ်ဖို့၊အမိန့်ပေးတဲ့သူရော၊အမိန့်နာခံတဲ့လူသတ်သမားတွေရော၊အားလုံးကျဆုံးမှာပါ။
    (၃)အမိန့်အရစစ်တိုက်ရတာပါလို့ဆင်ခြေပေးတဲ့
    စစ်ဗိုလ်တွေစစ်သားတွေကိုမေးမယ်။“ခင်ဗျားတို့အမေ၊
    ခင်ဗျားတို့နှမတွေကို..ဟ၀ှာ..ကြလို့အမိန့်ပေးရင်..
    ဟ၀ှာ..ကြမှာလား..။ဖြေကြဗျာ..။

  1. PA said... :

    အပေါ်က ကွန်မန့် အမှတ်စဉ် ၃ကို ရုတ်တရက် ဖတ်ရင် အလွန်ရင့်သီးတယ် ထင်ရပါတယ်။
    ဒါပေမဲ့ တိုတိုနဲ့ အင်မတန်မှ တိုက်ရိုက်ထိစေတဲ့
    မေးခွန်းပါပဲ။ ထမင်းရေပူ လျှာလွှဲ ပြောနေတဲ့
    စစ်ဗိုလ်၊ စစ်သားတွေကို တကယ့်ကို မျက်နှာချင်းဆိုင် မေးရမဲ့ မေးခွန်းပါ။

  1. Anonymous said... :

    စစ်ဆိုရင် ရေစစ် ဆိုတာတောင် မကြားချင်တော့ဘူးဗျာ၊ အေးအေးဆေးဆေး လုပ်ကိုင်စားသောက် ချင်လှပါပြီ။ ဗမာဘဲဖြစ်ဖြစ် ကချင်ဘဲဖြစ်ဖြစ် လူဆိုရင် ပျှမ်းမျှ လူသက်တမ်း နှစ် ၆၀ လောက်ဘဲ နေရတာပါ။ တိုတောင်းတဲ့ လူသက်တမ်းမှာ လူလူချင်း အနိုင်ကျ ဗိုလ်ကျချင်တဲ စိတ်တွေ စွန့်လွတ်ပြီး အေးအေးချမ်းချမ်း နေကျရအောင်လို့ ဗမာ ဗိုလ်ချုပ်တွေကို ပြောချင်တယ်ဗျာ။

  1. Anonymous said... :

    we wil never forget ....kachin people are everywhere now aday so..our time wil come...

  1. manlay thar said... :

    မြစ်ဆုံဆည်စီမံကိန်းကြီးရပ်တန့်ပေးဖို.
    အဓိကတောင်းဆိုပေးတဲ့ KIA ကို
    ကျေးဇူးတင်ပါတယ်။အခု KIA အပါအ၀င်
    ကချင်တိုင်းရင်းသားများ ခံစားနေရသလိုပဲ
    မြန်မာလူထု(အခွင့်ထူးခံလူတန်းစား အနဲငယ်နှင့်
    ခေတ်ပျက် သူဌေးများ မှလွဲ၍)ကြားတွင်လည်း
    အဖိနှိပ်ခံနေရဆဲ မိမိတို့၏လူ့အခွင့်အရေးများ
    ဆုံးရှုံးနေဆဲဖြစ်ပါသည်။ဒါကြောင့်ဒီအဖြစ်ဆိုးကြီးရဲ့
    အဓိကတရားခံဖြစ်တဲ့ အာဏာရူးတို့ရဲ့ လုပ်ရပ်တွေ
    ကျဆုံးဖို့ အတူတကွ ဆက်လက်ဆန့်ကျင်ကြပါစို့။

  1. Anonymous said... :

    အကောင်းဆုံးကတော့စစ်ပွဲတွေမြန်မြန်ရပ်ပြီးပြန်လည်ထူထောင်ရေးတွေမြန်မြန်လုပ်ကြပါတော့ အိမ်ပြန်ချင်တဲ့သူတွေကြီးပါပဲ မရနိုင်မှန်းသိနေရက်နဲ့ နှစ်ဖက်စလုံးကခေါင်းမာနေကြတယ် ခံစားရတာကပြည်သူတွေပါပဲ ခေါင်းဆောင်တွေကထိုင်ပြီးအမိန့်ပေးရုံပဲလေ ...... ကဲ KIAေ၇ ကချင်ပြည်နယ်တိုးတက်အောင်ဘယ်သူလုပ်မှာလဲ ဖွံ့ ဖြိုးရေးတွေနောက်ကျနေပြီနော်။ သုံးစားမရတဲ့ ငြိမ်းချမ်းရေးယူပြီး တရုတ်ကသူတို့အဖေတွေခေါ်သွင်းထားတဲ့ ဦှးှဇခုန်တိန့်ယိန်း နဲ့ ဦးလဆန်အောင်ဝါ ဆိုတဲ့သောက်သုံးမကျတဲ့ အဲဒီနှစ်ဖွဲ့ ကိုမျှော်မနေနဲ့ ။ပြည်နယ်မှာခေတ်ပျက်သူဠေးဖြစ်နေတာသူတို့နှစ်ယောက်ပေါ့။ ပြီးတော့တရားမ၀င်တရုတ်တွေပေါပြီး ကုတ်သွေးစုတ်ခံနေရတာလဲသူတို့ကြောင့်ပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved