မြစ်ဆုံစီမံကိန်းဝန်ထမ်း ၅ဝဝ ၀င်ခွင့်ပြုပါ တဲ့

Wednesday, April 4, 2012



သမ္မတအမိန့်နဲ့ ဆိုင်းငံ့ထားတယ်လို့ ယူဆရတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ စာတစောင် အင်တာနက်ကို ပေါက်ကြားလာပါတယ်။ ဒီမိုဝေယံဘလော့မှာ ဖော်ပြထားတဲ့ ပြီးခဲ့တဲ့ ဗုဒဟူးနေ့ရက်စွဲတပ် ဒီစာအရ ဆိုရင် စီမံကိန်း ပြန်လည် စတင်ဖို့ ၀န်ထမ်း ၅၀၀ နဲ့ ပစ္စည်းတွေ ကန်ပိုက်တီးနယ်စပ်က ဖြတ်သန်းရေး အစီအစဉ်ကို တရုတ်
ကုမ္ပဏီက တောင်းဆိုထားကြောင်း တွေ့ရမှာပါ။

ဒီစာနှင့် ပတ်သက်ပြီး ဒီမိုဝေယံဘလော့ http://www.demowaiyan.org/2012/04/cpi.html မှာ ဒီလို ရေးသား တိုက်တွန်းထားပါတယ်

အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲ ကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။

7 comments :

  1. People said... :

    Is corruption in the Northern Minister Parliament ?
    Please President U Thein Sein shall clean for black image to achievement Government aim and purposed.
    "Clean Government , Good Government"

  1. May said... :

    Myitsone project will testify how much President U Thein Sein has authority/power to keep his promise, otherwise his responsibility.
    If he cannot maintain his words and promises, it is very sure that there is someone above him or above law and order.
    They can no longer deny it.
    It will appear clearly to show all over the world.

  1. Anonymous said... :

    Burmese soldiers and Chinese behind them at there in internet picture I saw last month.

  1. အေတူကန် said... :

    The President should make it clear this news is just a rumor. If this news is true, he will march into the history as the biggest liar as well as a wolf in sheep's clothing. We're ready to die for Irrawaddy, our life blood.

  1. Anonymous said... :

    So, President Word is not useful at all. If so, we no need president.
    Get Out Thein Sein...

  1. Anonymous said... :

    တကယ်တော့ အထက်မှာဖော်ပြသွားတဲ့ ထိန်ချုံး- မြစ်ကြီးနားလမ်းဆက်ဆံရေးရုံးကနေ ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြထားတဲ့စာဟာ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့စာပါ။ ဒီလိုမဟုတ်မမှန်စာနဲ့ ပြည်သူလူထုကို လိမ်လည်ဖြားယောင်းသွေးဆောင်ဒါဟာ အင်မတန်မှ ညံ့ဖျင်း ရုပ်ညံ့ တဲ့လုပ်ရပ်တစ်ခုပါ။ ပြည်နယ်အစိုးရအဖွဲ့ရုံးကိုတင်တဲ့စာအမှန်ကို အောက်ကလင့်မှာ ဖတ်ကြည့်လို့ရပါတယ်။

    http://i44.tinypic.com/6j14eg.jpg

    http://imageshack.us/photo/my-images/42/scanli.jpg/

  1. အေတူကန် said... :

    WHO DARE RESTART THIS PROJECT?
    THEY ARE GONNA FEEL OUR WRATH.
    THEY ARE GONNA SEE A RAIN OF ALL HELL.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved