"ပိတ်ဆို့မှု ချက်ချင်းရုပ်သိမ်းပါ"

Thursday, April 5, 2012

မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဦးမြင့်အေး၊ ကိုအေးအောင်တို့လည်း ပါပါတယ်။ (ဓာတ်ပုံ - ရိုးမ၃၊ AAPP)

မြန်မာပြည်အပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ချက်ချင်း ရုပ်သိမ်းပါ တဲ့၊ ကျင်းပပြီးစီးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထွက်လာတဲ့ ကြေညာချက်တစောင်ပါ။

နိုင်ငံရေးသမားတွေ အများအပြားကို ဆက်ပြီး ပိတ်ဆို့ ဒဏ်ခတ် အကျဉ်းချထားတာ၊ မြန်မာပြည်သူတွေကို လုပ်အားပေး၊ ဧည့်စာရင်း၊ သိန်းဂဏန်းလက်ကိုင်ဖုန်းကတ် တို့နဲ့ ဆက်လက် ဒဏ်ခတ် ပိတ်ဆို့ ဖိနှိပ်ထားတာတွေကို လျှော့ပေးဖို့တော့ ဦးသိန်းစိန်ကြီးကို မပြောသေးတာ သတိထားမိပါတယ်။

နယ်စပ်ဖြတ်ပြီး ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ ခိုလှုံ့နေရတဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်ဖို့လည်း ဘာလေသံမှ မပစ်သေးပါဘူး။ ဒါတွေကတော့ ထင်သာမြင်သာရှိတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    အာဆီယံ ခေါင်းဆောင်တွေက အာဆီယံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်သင့် ပြောသင့်ပါတယ်။ စစ်ခေါင်းဆောင်တွေ အကျိုးဖြစ်ထွန်းရေးကိုသာ ဦးစားပေး အော်နေတယ်ဆိုရင်တော့ အသုံးမဝင်တဲ့ အာဆီယံ ဖြစ်နေမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved