Facebook က Yahoo ကို တရားပြန်စွဲပြီ

Thursday, April 5, 2012

graphic - http://mashable.com

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဆန်ဖရန်စစ္စကိုတရားရုံးတခုမှာ တရားစွဲလိုက်တာပါ တဲ့။

မူပိုင် နည်းပညာ ၁၀ ခုကို သုံးတဲ့အတွက် တရားစွဲတာပါ တဲ့။

Yahoo က ပြီးခဲ့တဲ့လတုန်းကပဲ Facebook ကို အဲဒီအတိုင်း တရားစွဲခဲ့ပါသေးတယ်။

အဲဒီတုန်းကတော့ - အွန်လိုင်းလုပ်ငန်း စီးပွားဘက် ဖြစ်နေတဲ့ ကုမ္ပဏီကြီး ၂ ခုကြား တရားစွဲတာတွေ ဘာတွေ ဖြစ်လာတဲ့အတွက် စိတ်ပျက်စရာပါပဲ လို့ Facebook က တုံ့ပြန်ခဲ့ပါတယ်။

ခုတော့ စိတ်ပျက်ခဲ့တဲ့ Facebook က တရားပြန်စွဲပါပြီ။ ဘာတွေ ဆက်ဖြစ်အုံးမယ် ဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်။

အင်တာနက် အိုင်တီ တို့နဲ့ ပတ်သက်တယ် ဆိုတော့ ဒီအမှုတွေကို ကိုင်တွယ်ရတဲ့ တရားသူကြီးများလည်း အိုင်တီ သူငယ်တန်းကျောင်းသားကျောင်းသူ မဖြစ်ဖို့တော့ လိုပါတယ်။

1 comments :

  1. မြန်မာပြည်ကတရားသူကြီးတွေဆိုရင်တော့ဒုက္ခပဲ......အင်တာနက်ခေတ်စားလာတာနဲ့အမျှမြန်မာပြည်မှာလဲ အင်တာနက်ဥပဒေနဲ့ညိတဲ့ကိစ္စတွေပေါ်လာနိုင်တယ်နော်.....ဒါဆိုရင်အိုင်တီအကြောင်းနားမလည်ပဲ တ၇ားသူကြီးတွေ ဘယ်လို စဉ်းစားဆုံးဖြတ်ကြမလဲ...ဒါပေမဲ့မြန်မာပြည်တွက်တော့ သူတို့ က ဒီသဘောတ၇ားတွေနားလည်စ၇ာလိုပါဘူးလေ...င်္ခြသေ့ဘယ်နှစ်ကောင်လဲလို့ ၇ီတတ်၇င် အဆုံးဖြတ်ပေးနိုင်တာပဲ...င်္ခြသေ့များရင် အမှူ့ နိုင်ပြီမှတ်.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved