ဗိုလ်ခင်ညွန့်ရဲ့ အတက်နဲ့အကျ

Sunday, April 8, 2012

"ကျနော် ဘယ်တော့မှ ဂေါက် မရိုက်ဘူး။ ကျနော့်ဆရာ ဦးတင့်ဆွေကလည်း ဂေါက် မရိုက်ဖို့ ပြောတယ်။ ဂေါက်ရိုက်ရင် အချိန်ကုန်တယ်။ ပြီးတော့ ဂေါက်ကွင်းမှာ စကားတွေဘာတွေ ပြောကြတယ် ဆိုတာကလည်း လွယ်တာ မဟုတ်ဘူး၊ အန္တရာယ် ရှိတယ်။ ကျနော့်ကို လက်ဆောင်ပေးတဲ့ ဂေါက်ဆက်တွေ အကုန် ပြန်ပေးလိုက်တာချည်းပဲ"

ဦးခင်ညွန့် ပြောသွားတာပါ။ ဒီနေ့ ဘန်ကောက်ပို့စ် သတင်းစာမှာ ပါတဲ့ ဆောင်းပါးတပုဒ်မှာ သူ့အကြောင်း ရေးထားပါတယ်။

၇ နှစ်ကြာ ထိန်းသိမ်းခံထားရပြီး မကြာသေးခင်က ပြန်လွတ်လာတဲ့ ထောက်လှမ်းရေးညွှန်ချုပ်ဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဖြစ်တဲ့ သူ့ကို စိတ်ဝင်စားသူ အတော်များပါတယ်။

"ကျနော်တာဝန်ယူတဲ့ ကာလမှာ ကျနော့်လုပ်ဖော်ကိုင်ဖက်တချို့က ကျနော့်ကို အထင်မှားကြတာ ရှိတယ်။ ပြီးတာတွေလည်း ပြီးပါစေတော့ဗျာ" တဲ့။

သူ့ငယ်ဘ၀အကြောင်း ပြောရရင် အစ်မကြီး ငါးယောက် ရှိတယ်။ ဖခင်ဖြစ်သူက ရှေ့နေ။ သူ စစ်ထဲဝင် စစ်တက္ကသိုလ်တက်ဖြစ်တာကလည်း ဂျပန်ခေတ် ကလေးဘ၀ ကြုံတွေ့ခဲ့ရတာတွေကြောင့်လည်း ပါပါတယ် တဲ့။

တပ်ထဲမှာ သူ့ဆရာက ဗိုလ်မှူးချုပ်တင့်ဆွေ။

ဦးနေ၀င်းက သူ့အိမ်တော် လုံခြုံရေးအတွက် စိတ်ချရတဲ့အရာရှိတယောက် ရှာခိုင်းတော့ ဗိုလ်မှူးချုပ်တင့်ဆွေက ဗိုလ်ခင်ညွန့်ကို ရွေးလိုက်ပါတယ်။ ၆ လအတွင်း ဦးနေ၀င်းအကြိုက် ဖြစ်သွားတဲ့ ဗိုလ်ခင်ညွန့် တဖြည်းဖြည်း ပါဝါ ကြီးလာပါတယ်။

၁၉၈၈ စစ်အာဏာသိမ်းအစိုးရအဖွဲ့မှာ အတွင်းရေးမှူး ဖြစ်လာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်များနဲ့ ငြိမ်းချမ်းရေးယူပုံကိုလည်း ဆောင်းပါးမှာ အသေးစိတ် တွေ့ရမှာပါ။

ပထမဆုံး အပစ်ရပ်နိုင်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတွေ့အကြုံက စိတ်လှုပ်ရှားစရာပါ။

ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ သူတို့က သူ့ကို ဆက်သွယ်ဖို့ ပြောလာတယ်၊ ဒီတော့ အရာရှိတချို့ကိုခေါ်ပြီး ကိုးကန့်နယ်မြေထဲ သူ စွန့်စားပြီး ၀င်သွားတော့ ဟိုလူတွေ လုံးဝ အံ့အားသင့်သွားတယ်၊ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားတယ် တဲ့။

"သတ်ကွင်းထဲကို ဖြတ်ဝင်သွားရသလိုပဲ" လို့ ဦးခင်ညွန့်က ဆိုပါတယ်။ "ကိုးကန့်စစ်သားတွေက ဟိုဘက်တောင်မှာရော ဒီဘက်တောင်မှာရော ရာနဲ့ချီပြီး ရှိနေတယ်၊ သေနတ်တွေနဲ့"

သူတို့ကို ယုံလို့ သူ့အသက်အန္တရာယ်မရှိဘူးလို့ ယူဆပြီး ဒီနယ်ထဲ လာခဲ့တာဖြစ်ကြောင်း ပြောပြီး နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးတည်ဆောက်တာတွေ ဆက်တိုက် အောင်မြင်သွားပါတယ်။ ကိုးကန့်ပြီးတော့ ၀၊ ပြီးတော့ ကချင်။

၂၀၀၂ မှာ KNU ခေါင်းဆောင် ဗိုလ်ချုပ်မြကို ရန်ကုန် ဖိတ်ခေါ်ပြီး ကြယ်ငါးပွင့်ဟိုတယ်တခုမှာ မွေးနေ့ပွဲလုပ်ပေးလိုက်ပါသေးတယ်၊ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ဗိုလ်ချုပ်မြ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ကျန်းမာရေး ချို့ယွင်းလာတာကတကြောင်း၊ KNU ထဲက သဘောထားတင်းမာသူတွေကြောင့် တကြောင်း ငြိမ်းချမ်းရေး အစီအစဉ် ပျက်သွားရတယ်လို့ ဦးခင်ညွန့်က ပြန်ပြောပြပါတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်အစိုးရအဖွဲ့အတွင်း အလယ်အလတ်သဘောထားရှိသူ ဖြစ်လာပါတယ်။ စစ်တိုင်းမှူးဘုရင်ငယ်လေးတွေ ရန်သူမွေးနေချိန်မှာ ဦးခင်ညွန့်ကတော့ နိုင်ငံတကာမှာ မိတ်ဆွေတွေ ပေါလာပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရတဲ့ ဒီပဲယင်းအရေးအခင်းအကြောင်းလည်း ဆောင်းပါးမှာ ရေးထားပါတယ် -

ဒီပဲယင်းဒေသ အကြမ်းဖက်မယ့် လူအုပ်ကြီးကြားထဲ ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားရေး ကြိုးပမ်းခဲ့တာ သူပါပဲ တဲ့။

''လူအုပ်ကြီး ကြားထဲက သူ့ကို ဆွဲထုတ်ဖို့ ကျနော့်လူတွေကို အဲဒီညမှာ လွှတ်လိုက်ပါတယ်။ သူတို့က သူ့ကို အဲဒီနားက လုံခြုံရာ စစ်တပ်စခန်းထဲရောက်အောင် စီစဉ်ပေးလိုက်တာပါ'' လို့ ဦးခင်ညွန့်က ပြန်ပြောပြပါတယ်။

ဟိုတခါကပြောခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နှမလေးတယောက်လို သဘောထားပါတယ်၊ လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်ပါစေ ဆိုတဲ့ သူ့စကားနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ညွှန်း -
http://www.bangkokpost.com/news/investigation/287955/in-his-own-words-the-rise-and-fall-of-khin-nyunt

14 comments :

  1. Anonymous said... :

    ဇရာ - ပြီးတော့ မရဏပေါ့

    မြန်မာနိုင်ငံ ကြီးရဲ့ ကံကြမ္မာ ဟာ ဦးခင်ညွန့် လက်ထဲ မှာ ရှိခဲ့ဘူး ပါတယ်။ လှန်လိုလှန် မှောက်လို မှောက် ပေါ့

    ဒါပေမဲ့ ဦးခင်ညွန့် မှောက်ချပစ်ခဲ့တယ် အပျက် ကို ဖျက်ဆီး ပစ်ခဲ့ပါတယ်

    အဲဒါ ၀မ်းနည်းစရာပါ
    အရင်လုပ်ရပ်တွေ အမှားတွေ ချည့်ပါဘဲ
    ရက်ရက်စက်စက် သတ်ခဲ့ နှိပ်စက်ခဲ့ မေ့ပစ်စရာ မရှိပါ
    ဘယ်လိုမှ ဖျက်ပစ် လို့ မရတဲ့ သမိုင်းပါ
ဲ့

  1. soson said... :

    I never n ever believe this guy, he is very cunning man, he kill a lot of 88 students. I never forgive him, He have to apologize the whole country

  1. KZINLAT said... :

    http://www.bangkokpost.com/news/investigation/287955/in-his-own-words-the-rise-and-fall-of-khin-nyunt

    Gen Khin Nyunt says despite his reputation while in office he also respects democracy icon Mrs Suu Kyi.

    ''I once said that I regarded Daw Aung San Suu Kyi as my own [younger] sister. This remains the same, my brotherly admiration and respect for her resoluteness. I have a track record of trying my best to work together with civilian politicians of all shapes and ages. Unfortunately, certain situations needed more time to mature during my time. So I sincerely wish her success in collaborating with the new government and bringing our country to democracy.''

    ..........
    above is the excerpt of that news article from Bkk post.

    We doubt that he is the one that made such DepaYin to happen directly or indirectly ( by ignoring DASSK safety ) and then again tried to save her from attack .. LIke a ' carrot and stick ' story.

    secondly, Either forced by Than Shwe government or NOT. .. no matter what the reason behind .. he is ONE OF THE MAIN CULPRIT TO DESTROY ATROCIOUSLY TO N L D AND ITS MEMEBERS INCLUDING D A S S K AND OTHERS PARTY. He participated.

    He did not answer directly to the question of ' Do u participate in DEPEYIN attack ? "
    Instead , he answered only ' I am the one who saved D A S S K ' .
    That is he said what he like others hear.

    Corruption'
    Yes, there had been news of ' golden bars ' .

    Thirdly, I will say Than Shwe will not arrest those M I officers of Khin Nyunt without good reasons.
    There must be a good reason. They may arrange a coup for benefit of Khin Nyunt.

    as I said, Khin Nyunt may play double face.

    Many things are missing the linkage. That needs to be explored more.

    By playing game between T Shwe and K Nyunt and others high ranked military men is not enough.

    I am sure that all are responsible.
    Housearresting Khin Nyunt must only be a consoling for angry public . AS he has been house arrest for 7 years ..and that becomes a token for ' asking sympathy from people '

    All people
    Justice must be done
    Justice must be met.
    Justice is required.

    Everyone must know, if Military jailed all dissidents and students and D A S S K for wrong reasons. Why WE ALL MYANMAR SHOULD SEEK FOR 'JAILING THEM ' IN JUSTIFIABLE WAYS.

    correct me if I am wrong.

    Justice prevails.
    Justice prevails.
    Do not veer away from necessary things to be done.

  1. Anonymous said... :

    စကားလုံးလှလှလေးတွေသုံးတာ အခုမှမဟုတ်ပါဘူး
    ကြာခဲ့ပါပြီ ထောက်လှမ်းရေးအတက်လေ့လာထားသူတွေကို
    ဘယ်တော့မှလျှော့မတွက်ကြပါနဲ့ အခြေအနေအချိန်အခါကိုကြည့်ပြီး လှုပ်ရှားတက်ကြပါတယ်
    ဒါတွေက ကလေးကွက်တွေဖြစ်သွားပြီ
    NLD အနေနဲ့အခုအချိန်မှာ နည်းအမျိုးမျိုးနဲ့
    ချည်းကပ်လာသူတွေကို အထူးသတိထားဖို့လိုပါတယ်
    မောင်ခင်ညွန့်ရေ မသေခင်အချိန်ရှိတုန်း
    ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို
    ချေဖျက်နိုင်ဖို့ပဲလုပ်ပါကွာ မင်းအတွက်
    ပြည်သူလူထုက လုံးဝ လုံးဝနေရာမပေးနိုင်တော့ပါဘူး
    တစ်ခါအလိမ်ခံရတာ လိမ်သူရဲ့အပြစ်
    နှစ်ခါအလိမ်ခံရရင် အလိမ်ခံရသူရဲ့အပြစ်တဲ့

  1. Anonymous said... :

    ထိန်းသိမ်း ထါးစဉ် တစ်ခေါင်းလုံး ဖြူ နေတဲ့ ဆံပင်တွေ အခု တေါ့ နက်မှောင်လို့. သူ တရား သဘေါ တော်တော် သိသွားပြီ. ???

  1. May said... :

    I don't understand why U Khin Nyunt said that he (MI) saved DASSK from Depeyin police station. So, he meant the police station is not a safe place for Amay Suu. Generally we people think that the police station is safe for anyone. (What a funny!)

    In reality, the junta including him detained Amay Suu and she was under house arrested for many years. Nobody can forget it.
    Why did he tell a lie?
    What is he expecting?

  1. အောင်ကြူး said... :

    နားလည်ခွင့်လွှတ်ပေးဖို့ ဒီထက်အမျာဂျီး ပွင့်လင်းဖို့ လိုအပ်ပါမယ်...။

  1. Anonymous said... :

    စစ်ဘောင်ဘီတစ်ပိုင်းဝတ်ထားတဲ့ ခင်ညွန် ။ စစ်ရူးရူး ပြီး မိုက်ရိုင်းခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေ ကို အယုံအကြည်မရှိပါ။ နေအိမ် အကျယ်ချူပ် ဘဝက လွှတ်လာတော့ သူနှင့် သူသား တိုင်းပြည်ကို အလုပ်အကျွေးပြုလာပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ် ချီးမွန်းခံ ဖွင့်သွားပါတယ်။ သူလုပ်လာခဲတဲ့ ရက်စက်မှု့ တွေ ဖမ်းဆီး ညှင်းပန်း နိပ်စက်မှု့ တွေ အများကြီးပါ။

  1. Anonymous said... :

    စစ်ထောက်လှမ်းရေးက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့တယ်ဆိုပါလား။ ရိုက်သတ်လို့ မသေတဲ့ သူကို ကယ်တင်ခဲ့တယ် ဆိုပါလား။ စစ်ထောက်လှမ်းရေးက ကယ်တင်ခဲ့လို့  တိုင်ပြည်ချောက်ထဲကျ ခဲ့တာ ဘယ်အချိန်ကတည်းကလဲ။ စစ်တပ်နှင့် စစ်ထောက်လှမ်းရေးတွေက အမြဲပြောနေတဲ့ စကားပါ။ သူတို့ က ကယ်တင်ထားလို့  နော်။ ယုံအောင်ပြောပါ ဦးခင်ညွန့် ။ ဗိုလ်ခင်ညွန့် တို့  တိုင်တစ်ပါး ရန်ကြောက်လို့  တရုပ်အစိုးရကို အားကိုးခဲ့တာ အခုတော့ ဗမာပြည်ထဲမှာ တရုတ်တွေ အစော်ကား ဘယ်လောက်ခံနေကြရပြီးလဲ။ ၈၈ ခုနှစ်မှာ ဘယ်တိုင်းတစ်ပါးကမှာ လာပြီး ဝင်ရောက်တိုက်ခိုက် ကျူးကျော်ခဲ့တာ မရှိဘူး။ ၈၈ ခုနှစ်မှာ အာဏာရှင် စစ်တပ်နှင့်အတူ ထပ်ချပ်မခွာ စစ်ထောက်လှမ်း အကြီးအကဲ အဖြစ် သြဇာကြီးမားခဲ့တဲ့ အချိန်မှာ လူထုကို၊ ကျောင်းသားပြည်သူတွေကို ဘယ်လို ရက်ရက်စက်စက် နိပ်ကွပ် ဖမ်းဆီး အရေးယူခဲ့သလဲ။ ဒီပဲယင်းဖြစ်စဉ်ကို ရာဇဝတ်မှု့ ကို သိသိကြီးနဲ့ တရားခံတွေကို ဘာကြောင့် အရေးမယူခဲ့တာလဲ။

  1. Khaing said... :

    အရင်တုန်းက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဝင်းက ကျောင်းသားအယောက်သုံးထောင်ကျော်လောက်ကို .5 အမြောက်တွေနဲ့ ပြင်ဦးလွင် တပ်မတော်နည်းပညာကောလိပ် စစ်ရေးပြကွင်းကြီးထဲမှာ "လှုပ်ရဲရင်လှုပ် လှုပ်ရင် အကုန်ပစ်သတ်လိုက်မယ်" လို့ အရေးအခင်းကြုံခဲ့တုန်းကလည်း ခင်ညွန့် ဝင်ကယ်ခဲ့တာဖြစ်မယ်..ဟုတ်လား ကယ်တင်ရှင်ကြီး အဘ ဦးခင်ညွန့် ...

  1. June Rose said... :

    listen to last night VOA interview with U Tin OO NLD . 8 April 2 .
    ................

    This is very obvious the culprit of this attack is 'military and its group '

    Don't let them take too long.

    it's been a long time.

    The longer, the more difficult to investigate and hard to reveal the true story.

    Start lobbying and rallying now for that .

  1. Anonymous said... :

    သဘောရိုးနဲ့ပြောဆိုတယ်လို့မခံစားမိပါ။ဝမ်းနည်းပါတယ်။သတင်းဆိုတာမှန်ကန်တိကျမှတန်ဖိုးဆိုတာရှိပါတယ်။ဒါတောင်အချိန်လွန်နေတဲ့သတင်းတခုဟာတန်ဖိုးမရှိတော့ပါ။မည်သို့ပင်ဆိုစေကာမူသူတို့လိုလူမျိုးများကိုသတိရှေ့ထားပြီးအမြဲဆက်ဆံနေရမည်ဖြစ်ပါသည်။

  1. Balance of the Law said... :

    Review of World History

    1. WW II, Narzi killed Millions of Jews.
    2. In 1929, in Nanking China, Japanese killed thousands of Chinese.

    3. In 1995, in former Yugoslavia Serbia killed lots of Bosnia.

    If you all have a look, different ethnic killed another different ethnic. That lasted only for less than a decade for each episode.

    In Burma. .

    M I ( Khin Nyunt Military ) killed his own people.
    Than Shwe groups killed its own people.

    I said again ......." OWN PEOPLE "

    Ethnic wars lasted more than 40 years.

    If you look in newspapers soon after 1988, It was KHIN NYUNT FACE in newspaper everyday . attending Buddhist monks,
    Ah Hlu Dar Na - Pyu Kya Tu Ngar
    Reception of donation

    he is everywhere. Everywhere.

    He is the one who said.. ' Ba Win Myint Yin . Yu tat Tae . Daw Aung San Su Kyi '

    He told DASSK as ' Ah Yuu ' . ( - selfimportant, arrogant maniac ) .

    Now he said . he treated her like ' sister ' . I don't think you need to ' treat her like sister'
    You just do not need to harm your own people.

    He is the one in papers daily.

    He was a busybody. Everywhere.He participated in lots of areas. IN fact he is the one who is ' maniac ' . Power monger. ' Self important' . as his protege Ne Win was still alive.

    When Ne Win died in 2002, the others crushed him.

    That is why he was ousted away by Than Shwe Group.

    It is only in Myanmar ..........that kills its own people. not only KaYin , Kachin . .also BaMar Lu Myo . no weapons, students. etc.

    It is at least acceptable when people kill each other in ethnic war , because it was between ' weapons against weapons'

    But it is ' more than a joke' and ' more than atrocity ' when they killed / Hnate Set in jail all weaponless innocent people in jail in systematic way.

    It is unacceptable.

    And that can not be compensated by ' donating 1000/ 10000/100000 robes to Monks. ' . Justice is justice.

    ThiDaGu SaYaDaw should not be ' used' for propaganda of those ' cruel beasts ' .

    You can't say such words for excuse.
    1. When a person regrets.
    2. When he said, he changes.
    3. When he said, he give up all wrong doings.

    No.......he/ she can be good onwards.
    But what he/she has done is to be paid for.

    LAW does not forgive like that.
    Law exists for ' reasonable punishment ' .

    Do not use ' Buddhist Monk ' for personal advantage.
    Do not use ' DASSK name ' for personal advantage.

    don't try to use DASSK's name to cover for your 'safe heaven ' .

    You all have to pay for what you have done.

    It is appalling and atrocious.

    People/ U Thein Sein / International community.......

    do not procrastinate.
    Don't waste time.

    If you ignore and not taking action too long, .they all will escape by ' death in their own accord ( natural cause ) .

    Michael Aris died of cancer prostate and spread of that cancer.
    Can you all imagine how DASSK suffered for loss of her partner ?

    Now, some of them are having Cancer prostate and now they know that they are also ' going ' soon.

    Dear All

    Please understand why someone say something. do understand the reason of saying so. Time, environmental condition.

    do not believe easily. Think, Think, Think,

    Check the past history and back ground.

    A lot of things are missing in a lot of affair in last 20 years. How comes people out of 50 millions Myanmar population did not discover and reveal it . Find out and reveal it to the country and people.

    9 April 2012

  1. Once there was a Depa yin massacre.
    That is a reality, and tens of innocents died arming not even a pin.
    These happened in Depayin area and committed by group of gangsters from that township.
    The most responsible person and leading commander of junta were organizing to carry out this massacre.
    If the Legal and justice exist in this country, let us see WHO the members and HOW and WHY they had committed this CRIME, no more to be happened again.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved