ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိပေးချက်
Sunday, April 1, 2012
ဝမ်းသာအားရ အောင်ပွဲခံနေကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိပေး ကြေညာချက် ထွက်ပေါ်လာပါတယ်။
NLD ကိုယ်စားလှယ်တွေ အောင်နိုင်တဲ့သတင်းတွေ တက်နေတယ်၊ ပျော်ရွှင်ကြမှာ သဘာဝကျတယ်၊ တဖက်အဖွဲ့အစည်းနဲ့ တဖက်လူ စိတ်ထိခိုက်မယ့် အပြုအမူ လုံးဝ ရှောင်ပါ တဲ့။ သိက္ခာရှိတဲ့အောင်နိုင်မှုဖြစ်ဖို့ အထူး သတိပြုပါ တဲ့။
4 comments :
  1. Anonymous said... :
    ရွေးကောက်ခံရတဲ့ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စားလှယ်ပါ NLD ရဲ့ကိုယ်စားလှယ်မဟုတ်ဆိုတာကို သတိရပါ
  1. Anonymous said... :
    ယုံကြည်လို့ တာဝန်ပေးတာပါ၊
    ကြောက်စရာရှိလို့ အားကိုးတာ မဟုတ်ဘူးဆိုတာကို ရွေးကောက်ခံကိုယ်စားလှယ်တွေ နားလည်ထားဖို့ လိုပါတယ်
  1. Anonymous said... :
    ကြား ဖြတ် ရွေးကောက် ပွဲ မှာ NLD အနိုင် ရ လို့
    ပြည် သူ တွေ ပျော် နေ တဲ့ ပုံ တွေ မြင် ရ တော့၊
    ဒါပေ မဲ့ ပျော် နေသူ တွေ ကြည့် ရ တာ ဇောင်း ထဲ က လွှတ် တဲ့ မြင်း လို စည်းလွတ် ၀ါး လွတ် ပျော် နေ ကြ တယ်။
    အ ထူး သဖြင့် လာ မဲ့ သင်္ကြန် မှာ ကြံ့ဖွတ် တွေ ကို စ တာ၊ ပြောင် တာ၊ ခနဲ့ တာ၊ ရိ တာ တွေ မဖြစ် အောင်
    ဒေါ်အောင်ဆန်းစုကြည် က ကြို တင် သတိ ပေး တာ ပါ။
    ဒေါ်အောင်ဆန်းစုကြည် ကို တ ကယ်လေး စား တယ် ဆို ရင်၊ သူ ပြော တဲ့ လိုက် နာ စေ ချင် ပါ တယ်။
    ကြံ့ဖွတ် က လဲ "ရ ရင် ရ၊ မရ ရင် ချ" ဆို တဲ့ အနေအထား မျိုး ဆို တာ ကို လဲ သတိ ထား စေ ချင် ပါ တယ်။
  1. Anonymous said... :
    Anonymous ပြောတာမှန်ပါတယ် ပျော်သင့်သလောက်ပဲပျော်သင့်ပါတယ်။ဒါပေမယ့် ခင်ဗျားပြောသလို ဇောင်းထဲကမြင်းလွှက်သလို သည်းလွက်ဝါးလွက်ပျော်နေတာတော့ မဟုတ်ပါဘူး။ပြည်သူတွေ ကပြည်သူတွေ အနေနဲ့ပဲပျော်မှာပေါ့ ။ဒါက တစ်သက်မှာ ဒိတစ်ခါပဲ လွက်လပ်မှုကိုမြင်ဖူးတဲ့ အနေအထားမျိုးလေ။ခဏ ခဏတွေ့ ဖူးနေတဲ့အရာမှ မဟုတ်တာ။နော်ပြီး ပြည်သူတွေက ရာဇအိနြေ္ဒကြီးနဲ့ ပျော်နေရမယ့်အနေအထားမှ မဟုတ်တာ။ပြည်သူတွေက ရိုးသားကြတယ် ပွင့်လင်းကြတယ်။စိတ်ခံစားမှုတွေ ပြချင်တာမြိုသိပ်နေ၇တာကြာပြီလေ။ခင်ဗျားလည်းပြည်သူထကြတစ်ယောက်နေမှာပါ။ နောက်တစ်ခုက အမေစုကို တကယ်လေးစားရင် အမေ့စကားကို နားထောင်ပြီးခင်ဗျားပြောသလို မလိုလားအပ်တဲ့ပြသနာတွေ မဖြစ်အောင် အမေ့ရဲ့ လမ်းညွန်မှုအတိုင်းစဉ်စဉ် ချင်ချင် လ်ုပကိုင်ဆောင်ရွက် ကြဖို့တော့လိုတယ်။ဒါတော့ သဘောတူတယ်ဗျ။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved