လက်လုပ်လက်စားဖြစ်သောကြောင့် တောထဲတွင် အလေ့ကျ ပေါက်ရောက်လျက်ရှိသော ဇီးဖြူသီး နှစ်ပြည်ခန့်ကို ခူးယူကာ ရောင်းချရန်အတွက် ပြုလုပ်ခဲ့ပါသည်။
၎င်းကိစ္စရပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ သိသောအခါ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့တွင် မဝါဝါအောင်ကို ခေါ်ယူကာ ဇီးဖြူသီး ခူးယူမှုမှာ သစ်တောခုတ်မှု ဥပဒေ (၆၁) အရ အစစ်ဆေးအမေးမြန်းမရှိပဲ ထောင်ချ၍ ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသည်။
ထို့နောက် ၎င်း ကိစ္စအားပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေချင်လျှင် ဒါဏ်ငွေ အားလုံးအတွက် (၄၀၀၀၀) လေးသောင်းကျပ်ပေးရမည်ဟု ခြိမ်းခြောက်ကာ တောင်းဆိုခဲ့ပါသည်။
မဝါဝါခိုင်ကလည်း လက်လုပ်လက်စားဖြစ်သောကြောင့် ထိုမျှများပြားလှသော ငွေကြေးကိုမတတ်နိုင်ပါ မရောင်းရသေးသောဇီးဖြူသီး နှစ်ပြည်ကိုတော့ ပြန်လည်သိမ်းယူချင်ယူပါဟု ငိုယိုကာတောင်းပန်ခဲ့သော်လည်း ဦးအောင်မြက ဒါဏ်ငွေ မဆောင်လျှင် ဝမ်းတွင်း ရုံးသို့ပို့ပြီး ထောင်ချမည်ဟု ခြိမ်းခြောက်သောကြောင့် သူမနေဖြင့် ငွေတိုး (၂၀ ကျပ်တိုး) ဖြင့် ချေးယူပြီး ဒါဏ်ငွေကိုပေးဆောင်ခဲ့ရပါသည်။
သူမသည် လက်လုပ်လက်စား ဖြစ်သောကြောင့် မနက်ခင်း ၆ နာရီခွဲမှ နေ့ခင်း ၁ နာရီအထိ တစ်မနက်ခင်း အချိန်ပိုင်းလုပ်အားခ အဖြစ် (၆၀၀) ကျပ်သာ ရရှိပါသည်။
တစ်နေကုန် မနက်ခင်း ၆ နာရီခွဲမှ ည ၇ နာရီအထိ အလုပ်လုပ်ပါမှ (၁၂၀၀) ကျပ်သာ ရရှိသောကြောင့် ချေးယူထားသော အကြွေးကို ယနေ့အချိန်ထိ ကျေလည်အောင်ဆပ်နိုင်ခြင်းမရှိပဲ များပြားလှသော အတိုးနှုန်းများထဲမှ ရုန်းမထွက်နိုင်ပဲ ရှိလှပါသည်။
ယနေ့လို ကုန်ဈေးနှုန်းများ ကြီးမြင့်နေသော ကာလတွင် သူမတို့လို လက်လုပ်လက်စားများအနေဖြင့် ထိုအကြွေးကို မည်သို့ဆပ်လို့ဆပ်ရမှန်းမသိပါဟုရင်ဖွင့်ပြောဆိုခဲ့ပါသည်။
ရိုးသားလှသော ကျေးရွာသူကျေးရွာသားများအပေါ် အာဏာသုံးကာ အနိုင်ထက်ပြုမူခြင်းသည် ယနေ့ကာလလို ဒီမိုကရေစီစနစ်ဖြင့်ပြောင်းလဲ အုပ်ချုပ်နေသော အရပ်သားအစိုးရတစ်ရပ်အနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့် ပေသည်။
ကျေးရွာသူကျေးရွာသားများကလည်း အုပ်ချုပ်ရေးမှုး ပြောင်းလဲခန့်အပ်ပေးရန် မျှော်လင့်တောင့်တနေကြသည်။
It's too bad. What the hell this man. I want to help this woman. How can I?