ကာကွယ်စောင့်ရှောက်/လေးစားလိုက်နာ

Saturday, April 21, 2012

.


၂၀၁၁ ဧပြီမှာ လွှတ်တော်ထဲ ကျမ်းကျိန်နေတဲ့ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

တနင်္လာနေ့မှာ လွှတ်တော်အစည်းအဝေးတွေ ပြန်စမယ်။
ဒီလဆန်းပိုင်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ကိုယ်စားလှယ် ၄၃ ဦးကိုလည်း ဖိတ်ခေါ်ထားပါတယ်။
ကိုယ်စားလှယ်သစ်တွေ ဖြစ်တဲ့အတွက် လွှတ်တော်မှာ ကျမ်းသစ္စာဆိုပါမယ်။ ကျမ်းကျိန်ရာမှာ ပါဝင်တဲ့ စကားရပ်ဖြစ်တဲ့
အခြေခံဥပဒေကို "ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်" ဆိုတာကို NLD က လက်မခံနိုင်ပါဘူး တဲ့။ ဒီစကားရပ်ကို "လေးစားလိုက်နာပါမည်" လို့ ပြင်ပေးမှ လွှတ်တော်တက်၊ ကျမ်းကျိန်နိုင်မယ် တဲ့။
NLD ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ ဆိုပြီး ဒီဘလော့မှာ စစ်တမ်းကောက်ထားပါတယ်။

လက်ရှိအချိန်မှာ ပေးထားတဲ့သဘောထားတွေကို အခုလို တွေ့ရပါတယ်။

မှန်တယ်၊ ပြင်ဆင်ပေးမှ လွှတ်တော်တက်ပါ။ 558 (67%)
မပြင်ပေးလည်း လွှတ်တော် တက်လိုက်ပါလေ။ 213 (25%)
စိတ်မ၀င်စားပါ။ 51 (6%)

Votes so far: 822
Days left to vote: 2

စာဖတ်သူ ၈ဝဝ ၀န်းကျင်ရဲ့ သဘောထားပါ။

မပြင်ပေးလည်း လွှတ်တော် တက်လိုက်ပါ၊ အခြေခံဥပဒေကို "ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်" ဆိုပြီး ကျမ်းကျိန်လိုက်ပါ လို့ ဆိုလာသူ အရေအတွက် မနည်းလှပါ။

တနင်္လာနေ့ နေ့ခင်း ၂ နာရီ မတိုင်ခင်အထိ သဘောထားပေးလို့ ရပါတယ်။



.

34 comments :

  1. Myo Aung said... :

    ၁) လွှတ်တော်မတက်ဘူးဆိုရင် လွှတ်တော် တက်နိုင်ဖို့ မဲပေးတဲ့ ပြည်သူကို မလေးစားတာပဲ။
    ၂) ဒါဆို တိုင်းပြည်အတွက် အကျိုးရှိပါတယ်ဆိုရင် ကျွန်မကို အသုံးချတယ်ဆိုရင်လည်း အသုံးချခံပါ့မယ်လို့ ပြောခဲ့သလဲ။
    ၃) အခု လွှတ်တော်မတက်တာက ဘာအတွက်လဲ။
    - နိုင်ငံရေး ဂုဏ်သိက္ခာအတွက်လား
    - ပါတီ ဂုဏ်သိက္ခာအတွက်လား
    - အမတ်တွေရဲ့ ဂုဏ်သိက္ခာအတွက်လား
    - သန်း ၆၀ သော ပြည်သူအတွက်လား

    ရှင်းပါ။

    ၄) ရှင်းရှင်း ပြောမယ်။ နောက်တစ်ခါ နောက်ပြန်လှည့်ရင် အဓိက တရားခံက အင်အယ်လ်ဒီပဲ။
    ၅) ပြည်သူအတွက် ဘာမှ အကျိုးမရှိတဲ့ နိုင်ငံရေး ရပ်တည်ချက်က ဘာမှ သုံးမရတဲ့ ရပ်တည်ချက်ပါပဲံ။ အတ္တကြီးသူ နိုင်ငံရေး သမားများရဲ့ ရပ်တည်ချက်ပါပဲ။ နိုင်ငံရေး ရပ်တည်ချက်တွေက ပြည်သူရဲ့ အကျိုးနဲ့ တိုက်ရိုက်အချိုးကျသင့်တယ်။

  1. Anonymous said... :

    Pg 22
    65. The President and the Vice-Presidents shall make an affirmation as follows:
    “I ........... do solemnly and sincerely promise and declare that I will be loyal to the Republic of the Union of Myanmar and the citizens and hold always in esteem non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty.
    I will uphold and abide by the Constitution and its Laws. I will carry out the responsibilities uprightly to the best of my ability and strive for further flourishing the eternal principles of justice, liberty and equality. I will dedicate myself to the service of the Republic of the Union of Myanmar.”

    စာမျက်နှာ ၂၂
    ၆၅။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အောက်ပါအတိုင်း ကတိသစ္စာပြုရမည်
    xxxxxxxxxxxxxxxxxxxxxxx။
    ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။ xxxxxxxxxxxxxxx

    Pg 192
    SCHEDULE FOUR
    Form of Oaths or Affirmation
    (Refer to Section 125)
    I ................ do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of the Union of Myanmar and citizenry and hold always in esteem non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability.

    စာမျက်နှာ ၁၉၂
    ဇယား ၄ xxxxxxxxxxxx (ပုဒ်မ ၁၂၅ကို ရည်ညွန်းသည်)
    ကျွန်ုပ် ----------- သည် xxxxxxx ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    သုံးနှုန်းထားသော အင်္ဂလိပ်စာလုံး (uphold and abide)တူသော်လည်း မြန်မာစာသားများ မတူညီပါ

  1. Anonymous said... :

    ပြင်ပေးပြီးမှ တက်တာကောင်းပါတယ်။
    မြန်မာစကားက ခပ်ရှုပ်ရှုပ်လေ သူတို့က အမြဲအဲ့ဒီလို လက်နှစ်လုံးကြားက လိမ်နေကြ လုပ်နေကြဆိုတော့ ပြင်ပြီးမှတက်တာ အကောင်းဆုံးပါပဲ

  1. Anonymous said... :

    I did no vote, because i do not believe in demo media.

    http://www.facebook.com/notes/swe-swe-kyi/%E1%80%B1%E1%80%92%E1%81%9A%E1%80%85%E1%80%AF%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%91%E1%80%BC%E1%80%9C%E1%80%AC/215083595270894.

    “ဒေါ်စုအကြောင်း သောင်းပြောင်းထွေလာ”
    by Aung Naing Moe on Saturday, April 21, 2012 at 9:32am ·

    please read it.

    "နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"

    go and on eleven media web to see "the vote".

    Because i do not believ in liars of demo media:

    demo media:

    Irrawaddy
    Mizzima
    DVB
    BBC
    VOA
    RFA
    ThitHtooLwin
    and so many others

    they have lied us for 23 years and continue lying so much shamelessly

    If NLD will not attend the Hluttaw for ever, it would be the best in my view

  1. Anonymous said... :

    အင်း နှစ်လုံးထဲ နဲ့ ဘောင်းဘီ ကျပ်နေပြီ။ ဒီစကားရပ်နှစ်ခု အရေးတကြီး ဘာကွာနေပါလိမ့်။ ရှင်းပြ ကြပါအုံး

  1. Anonymous said... :

    ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုပေမဲ့ ၇၅%နုန်းသဘောတူရင် ပြင်လို့ရနေတာကို ဘယ်လိုဖြစ်ရတာလဲ ပြင်မပေးရင် လွှတ်တော်မတက်ဘူး ဆိုကတည်းက ကလေးဆိုးကြီးနဲ့တူနေပြီ... သမတကြီးရယ် ပြင်ပေးလိုက်ပါဗျာ.. ဒီကလေးဆိုးကြီးများ အဖွဲ့ကို.. ခုပြင်မပေးလဲ နောက် ၂၀၁၅ကျရင် NLD အများစုနိုင်ရင် ပြင်လို့ရနေတာကို.. ဇွတ်ပဲဗျာ.. ၃ နှစ်လေးမှ အမြှော်အမြင်ရှိစွာ မစောင့်နိုင်ဘူး.. ၂၀၁၀တုန်းကလဲ မဲမပေးပဲ နေပိုင်ခွင့်ရှိတယ် လို့ လှုံ့ဆော်ပြီးပီ.. (ဒါမဲ့ကျူပ်တော့ သွားပေးသဗျို့.. သွားမပေးရင် ကျူပ်မဲတမဲ ကြိုတင်မဲထဲ ရောက်သွားမှာစိုးလို့) ၂၀၀၈ တုန်းကလဲ No Vote; Vote No လိုက်လုပ်ခဲ့ပြီးပီ.. (ဒါမဲ့ကျူပ်တော့ အမှန်ခြစ်အပြင် လက်ဗွေတောင် ထည့်ပေးလိုက်သေးသဗျာ.. ဒါလေးက အာဏာရှင်စနစ်က လွတ်မြောက်ဖို့လမ်းစပဲလို့ ထင်လို့..) ၁၉၉၀ တုန်းကလဲ ဒီလိုမျိုးပဲ အာဏာမှ လက်ထဲ မရောက်သေးဘူး.. ဗိုလ်မှူးကြီးနဲ့အထက် နုရင်ဘတ် လို စစ်ခုံရုံးတင်မယ် ပြောခဲ့လို့ စားရခါနီး ထမင်းလုပ် လက်က ပြုတ်ကျခဲ့ဖူးပြီ.. ဒါကြောင့် အနောက်အကူနဲ့ Sanction လဲလုပ်ခဲ့ပြီးပီ.. ဟင်.. ဒင်းတို့နိုင်ငံရေးးသမားတွေ မညီညွှတ်ကြလို့ ကျူပ်တို့ တိုင်းပြည်လဲ ဖွတ်ထက် မွဲခဲ့ပြီးပီ.. ဟင်.. ဒါတောင် ဒင်းတို့တွေက မကျေနပ်ကြသေးဘူးလား.. ဘာလုပ်မှာလဲ.. ဘယ်လို နိုင်ငံရေးမျိုးလဲ တဖက်က ငါတို့ အာဏာရဖို့လား တဖက်က ငါ့တို့ အာဏာပြဖို့လား .. ဟင်.. သောက်သုံးမကျတဲ့လူတွေရဲ့ ဥာဏ်အမြှော်အမြင်နဲ့ အတ္တက .. စကောလောက်မှ စောက်မနက်သေးပါလား.. ငါ့တို့ပါတီဆိုတဲ့ အတွေးမျိုးထက် ငါတို့ တိုင်းပြည်ဆိုတဲ့ အတွေးမျိုး ဘယ်တော့ဝင်ကြမှာလဲ..

  1. မောင်ကောင်း (กรุงเทพมหานคร) said... :

    လူပြောသူပြောများနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မဟာဗျူဟာ တံတိုင်းကြီး ၄ခုထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတုအယောင် ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုတာ တံတိုင်း ၁ ထပ်လေလာပဲ၊ နောက်ဆုံးထွက်သက်ထိတိုင်အောင် တိုင်းပြည်နဲ့လူမျိုးအပေါ် ကိုယ့်လုပ်ဖေါ်ကိုင်ဖက်များအပေါ် အသုံချ ညစ်ထေးခဲ့အုန်းမယ် ဗိုလ်ချုပ်မှူးကြီးပါကလား။

  1. Anonymous said... :

    တော်တော်ထောင့်စေ့အောင်မစဉ်းစာတတ်တဲ့လူတွေပဲ။
    (နှစ်ဖက်စလုံးကိုပြောတာ)။ဒါနဲ့များတိုင်းပြည်ခေါင်းဆောင်
    လုပ်ချင်သူနဲ့ တိုင်းပြည်ခေါင်းဆောင်လုပ်နေသူတွေ လုပ်နေပြီး။ဒါကြောင့်တိုင်းပြည်ဒီလိုဖြစ်နေတာ။
    သူတို့နှစ်ယောက်(သမတနှင့်ဒေါ်စု)ဆွေးနွေးခဲ့ကြတုန်းက
    လွတ်တော်ရောက်ရင်ဒီလိုကျမ်းကျိန်ရမယ်ဆိုတာ
    သူတို့နှစ်ယောက်လုံးမသိဘူးလား။
    ပြေလည်ပါပြီရွေးကောက်ပွဲဝင်ပါတော့မယ်ပြောပြီရွေးကောက်ပွဲဝင်။ခုမှဒီလိုထလုပ်တော့ ကသိကအောက်တွေ
    ဖြစ်ကုန်တာပေါ့။အသေးစိတ်နိုင်မှခေါင်းဆောင်လုပ်ကြပါ။

  1. NLD ရဲ့ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အကျိုးမဖြစ်တဲ့ အခြေခံဥပဒေ ကို ပြင်ဖို့ပါ။ ဒါကိုကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျမ်းကျိန်လိုက်ရင် ဘယ်လိုပြင်မလဲ သတင်းကိုသေချာဖတ်ပြီးမှ ဝေဖန်ကြပါ..

  1. Anonymous said... :

    လွတ်တော်တက်ပါ။လွတ်တော်ထဲမှာဝင်ပြင်ပါ....ဖွဲ့စည်းပုံပြင်မဲ့လူတွေက..လွတ်တော်ထဲမဝင်ပဲဘာလုပ်မှာလဲ....

  1. အေတူကန် said... :

    ထိန်းသိမ်းကာကွယ်စောင့်ရှောက် လေးစားလိုက်နာကျင့်သုံး ဆန့် ကျင်ကန့် ကွက် ပြင်ဆင်ပြုပြင်ပြောင်းလဲပါမည်။ (ဘာတွေမှန်းကို မသိတော့ဘူး)

  1. ရင် said... :

    ဧရာဝတီ ဖွနေတာလား NLD က လုံးဝ မတက်ဘူးလို့ ပြောလို့လား မြန်မာ စကားပုံတွေ ရှိတယ် အခုရူတ်မှ နှောင်ရှင်းတဲ့။ အစကောင်းမှ နှောင်းသေချာတဲ့ ဒါပဲ NLD က အတိုက်အခံပါတီပါ ဒါကိုလည်း မမေ့ပါနဲ့

  1. taegufcmm said... :

    မြန်မာစာနဲ့မြန်မာစကားတက်ရင်nldရပ်တည်ချက်ဘာလည်းဆိုသိတယ်myo aung ရေ. မင်းဘာကောင်လည်းဆိုတာစိတ်မ၀င်စားဘူးထင်ရာတွေလျောက်မရေးပါနဲ့အခြခံဥပဒေပြင်ဖို့ဦးတည်တဲ့အတွက် ပြင်မရတဲ့ကျမ်းသစ္စာကြီးကိုအရင်ကျိန်လိုက်ရင် ဘာမှလုပ်မရအောင်ဥပဒေကြီးနဲ့ ကိုင်ပေါက်မှမင်းနားရင်ပြန်ဖတ်

  1. Anonymous said... :

    ITS VERY EASY

    JUST READ IN ENGLISH FOR TE WORDS
    " UPHOLD AND ABIDE" AND READ OTHERS CLAUSE IN MYANMAR

    NO NEED TO ARGUE ANYTHINGS

  1. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းဖို့ လုပ်နေပါတယ်ဆို ဘယ်လိုလုပ်ကာကွယ်စောင့်ရှောက်မှာလဲ...

  1. Anonymous said... :

    ခေါင်းဆောင်တွေလုပ်ပြီးဆွေးနွေးကတည်းကအပြီးအပြတ်
    ထောင့်စေ့အောင်မဆွေးနွေးခဲ့ဘူး။တကဲ့အိုးနင်းခွက်နင်းတွေ

  1. Sate Phwar said... :

    ကျွန်တော်ဖတ်ရတဲ့ မှတ်ချက်တွေက
    ၁။ NLD လွှတ်တော်မတက်ရင် NLD တာဝန်
    ၂။ စကားလုံးပြောင်းပြောင်းမပြောင်းပြောင်း NLD က လွှတ်တော်တက်။ လွှတ်တော်ထဲရောက်မှ ဆက်ပြော
    ၃။ စကားလုံးမပြောင်းရင် NLD လွှတ်တော်မတက်နဲ့
    ၄။ NLD က ကလေးကလားဆန်စွာ တောင်းဆိုနေတယ်
    ဆိုတာတွေဘဲတွေ့ရတယ်။ အစိုးရကို စကားလုံး ပြောင်းပေးဘို့ ဘယ်သူကမှ မတိုက်တွန်းတာ ထူးဆန်းတယ်။ အစိုးရက ဒီကိစ္စမှာ မှန်တယ်၊ ကောင်းတယ်ပေါ့၊
    ၇%ခန့်သာရှိတဲ့ NLD၊ သို့မဟုတ် ဒီမိုကရေစီအင်အားစု
    တွေက လွှတ်တော်ထဲမှာ အခြေခံဥပဒေကိုလွယ်လွယ်နဲ့ ပြင်နိုင်မယ်ပေါ့။
    သေချာတာကတော့ အစိုးရအနေနဲ့ ပြည်သူတွေ ထောက်ခံခံ မခံခံ ဆက်လုပ်နေမှာပါ။ (ပြည်သူများရွေးကောက်တင်မြှောက်ထားသော လက်ရှိ အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကိုကြည့်ပါ)
    ပြည်သူအကျိုးကို ဆောင်ရွက်ပေးနိုင် မယ်လို့ထင်သူတွေ ကတော့ ပြည်သူများရဲ့ထောက်ခံမှု မပါဘဲနှင့် ဆက်လုပ်ဖို့ခက်ပါတယ်။
    ယုံကြည်လို့ထောက်ခံထားကြတာပဲ။ NLD ရဲ့ဆောင်ရွက်ချက်ကို စောင့်ကြည့်ကြပါဦး

  1. Anonymous said... :

    NLD ကိုဒေမးလိုပါသည်။ ရွေးကောက်ပွဲမ၀င်ခင်ဆွေးနွေးတုံးက လွှတ်တော်ထဲကို ရွေးကောက်ပွဲနိုင်ရင်တက်ရောက်မဲ့ကိုယ်စားလှယ်တွေ အတွက်ဒီစကားရပ်ကိုပြင်ပေးဖို့မတောင်းဆိုခဲ့ပါသလဲ။ ဒေါ်စုကိုယ်တိုင်သေချာပေါက်လွှတ်တော်ထဲရောက်မှာသိရက်နဲ့အစထဲကတောင်းဆိုရမှာပေါ့။ ခုမှမပြင်ပေးရင်မတက်ဘူးဆိုတာကတော့ သဘာဝမကျပါဘူး။ ဘယ်ဖက်မှမလိုက်တဲ့ မျိုးချစ်ပြည်သူတစ်ယောက်အနေနဲ့ပြောတာပါ။၂၃ ရက်နေ့လွှတ်တော်မတက်ရင်တော့ မဲပေးခဲ့တဲ့ပြည်သူတွေကိုစော်ကားသလိုဖြစ်သွားပါလိမ့်မယ်။ အဲဒီအခါကျရင် တိုင်းပြည်ကောင်းဖို့မျှောနေတဲ့ပြည်သူတွေ ဘယ်သူ့ယုံရမှန်းမသိဖြစ်ကြတော့မယ်။ ခုမှအကြောင်းရှာ ထလုပ်တယ်ဆိုလဲမကောင်းပါဘူး၊အရင်ကပြောဖို့ကျန်ခဲ့လို့ခုမှပြောရတယ်ဆိုရင်တော့ အဲဒီလူတွေတိုင်းပြည်ခေါင်းဆောင်ပြီးဘယ်လိုချီတက်ကြမလဲ၊ စကထဲကရင်လေးနေရပါပြီ။ ဒေါ်စုသေသေချာချာစဉ်းစားစေလိုပါသည်။

  1. Anonymous said... :

    ကြံ့ဖွတ်တွေ တစညတွေ စစ်ဗိုလ်ချူပ်အသိုင်းအဝိုင်း တွေ၊ စီးပွားရေးသမားတွေက NLDအဖွဲ ချူပ်ကို အပြစ်တင်ခဲ့ကြတာ ယခုအချိန်မှ မဟုတ်ပါဘူး။ ၈၈ ကတည်းက သူတို့ သာမှန်တယ်။ ပြည်သူနှင့် အတိုက်အခံမှားတယ်ဆိုပြီး ဝါဒဖြန်ခဲ့ကြတာပါ။ အခုလည်း ဒီပွဲမှာ ဝါဒဖြန်ပြီး အဖွဲချူပ်အပေါ် အဆိုးမြင်အောင် ဝါဒဖြန်ကြမှာ မလွဲပါဘူး။ စစ်တပ်ရဲ့ ကောက်ကျစ်မှု့ တွေကို မမြင်ချင် ဟန်ဆောင် ပြီး စစ်တပ်က သဘောထားကြီးသယောင် သာမာန်ပြည်သူတွေ ဝှေ့ ဝါးသွားအောင် ကြိုးစားတာလောက်တော့ သနားပါသေးတယ်။

  1. Anonymous said... :

    မရိုးမသားသူတွေရဲ့ အပြုအမှုအကျင့်အကြံကို လူထုတရပ်လုံး မြင်သာထင်သာရှိထားကြလို့ အဖွဲ့ ချူပ်ရပ်တည်ချက်ကို လက်ခံပါတယ်။

  1. Anonymous said... :

    ဦးဝင်းထိန် ။ ။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်အရ ဒီကိစ္စကို ကျနော် စိတ်မချမ်းသာဘူး။ ဘာ့ကြောင့်လဲ ဆိုရင်၊ ကျနော် တို့ပါတီဟာ အရင်တုန်းက တရားမ၀င်ပါတီကနေ တရားဝင်ပါတီ ဖြစ်အောင်လို့ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဖြစ်လာအောင်က၊ သူတို့က ရွေးကောက်ပွဲဥပဒေတွေကို ပြင်ပေးတယ်၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတာအစား လေးစား လိုက်နာပါမယ်လို့ (ပါတီ မှတ်ပုံတင် လျှောက်လွှာတွင် ရေးခဲ့ရသည့် စကားရပ်ကို) ပြင်ပေးတယ်။ အဲဒီလိုဆိုတော့ ဒီပြင်ဆင်မှုတွေကို လွှတ်တော်ကလည်း automatically ဆက်လုပ်သွားရမယ်။ အလိုအလျောက် ပြင်သွားရမယ်။ ဒါပေမဲ့ ဆက်မလုပ်ကြပဲ၊ ပစ်ထားလိုက်ကြပြီးတော့မှ၊ အခု ကျနော်တို့ပါတီ ရွေးကောက်ခံကြရတော့မှ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ အမတ်အသစ်တွေက ကျမ်းသစ္စာ ကျိန်ဆိုရမယ်လို့၊ သူတို့က တောင်းဆိုလာတဲ့အခါမှာ၊ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်၊ ဒါဟာ အင်မတန် စိတ် ပျက်စရာကောင်းတဲ့ အလားအလာပဲ။

    .............

    above is the excerpt from U Win Htein words on 21 April 12 .

    Please read this ...for all commenters ..

    Then you will not ask 'Why N L D did not ask earlier ? ' .

    It has been as ' Lay Zar Lite Nar ' was written when registering N L D Party . that was ' corrected FROM Kar Kwell Saunt Shaunt '

    Now they went back to previous one - coercing to pledge as ' Kar Kwell Saunt Shaung ' .

    Hope you all understand what happened earlier and now ' they change to their tune ' .

    Alright? Don't just say like a ' blunderbuss '. You all ' ........' .

  1. hi,people- We must know that who draw 2008 constitution and who support this? The military government draw this 2008 constitution for their benefit to rule long term.The military government forced to agree this 2008 constitution without people's agreement. Did you remember that day? The last military government and now ruling government is the same general. do not forget it. They also never respect and maintain that law.You can see and hear what happen in the country. laws and orders are still under this government. They never keep their promise. They change it whenever they want to defend for them. We should not believe them. We have so many bad experiences because of them.So, I support NLD

  1. People said... :

    Everyone ...,
    Please look updated NLD press Conference by U Nyan Win and
    Clear this Two words fully definition such as ..,
    1) Protection of constitution,
    Protecting constitution which is a system for governance by the Act.
    (All authority handle by Governor )
    2) Respect of Constitution.
    Courteous regard for people's feelings on Constitution .
    < Can Changed or update on 2008 constitution by People's desire unless governor authority or permission >(All authority become from People )
    These are different words between Protect on constitution and Respect on Constitution.
    I hope all friends may clarify why important on every politic words for every movement.
    Thanks
    Best regard

  1. သုတ said... :

    စစ်အာဏာရှင်တွေ ဖက်က propaganda လုပ်တဲ့ comment တွေက အများသား။ အေးလေ သူတို့က comment ရေးဖို့ လခကော အခွင့်အရေးတွေကော ရနေတာကိုး။ မင်းတို့ကို ရှင်းရှင်းပြောလိုက်မယ် လွှတ်တော်တက်ဖို့တို့ ဘာတို့အတွက် မဲပေးလိုက်တာမဟုတ်ဘူး။ ငါတို့က NLD ကို general power ပေးလိုက်တာ။ လုပ်ချင်ရာလုပ် သုံးချင်ရာသုံး ထောက်ခံပြီးသား။တို့ပြည်သူတွေက နောက်ကြောင်းကို မင်းတို့ဖာသာ လေးဘက်ကုန်းပြီးလှည့်လှည့် ပဒပ်ရပ်ပြီးလှည့်လှည့် ဂရုကိုမစိုက်တာ

  1. Anonymous said... :

    NLD က လွှတ် တော် မ တက် သေး ဘူးတာ ကောင်း ပါ သည်။
    သမတ/ဒု သမတ နှင့်ကိုယ်စလှယ်များကတိသစ္စာ
    ပြုရာ တွင် သုံးနှုန်းထားသောအင်္ဂလိပ်စာလုံး
    တူသော်လည်း မြန်မာစာသားများ ဘာ ကြောင့် မတူညီ သလဲ?
    အ စိုး ရ အ နေ ဖြင့် "ကာ ကွယ် စောင့် ရှောက် ပါ မည် " အ စား "လေး စား လိုက် နာ ပါ မည် " ဟု ဘာ ကြောင့် မ ပြင် ပေး ရဲ လဲ ?
    Clean and transparent governance ဆို ရင် ပြင် ပေး နှိုင် ရ မှာ ပေါ့။

  1. kyawminmin said... :

    တိမ်တောင်သဖွယ် မင်းရေးကြွယ့့်  အဲဂလိုပဲနိုင်ငံရေးဆိုတာ အရေးအရာကျယ်
    ပရိယာယ်ဝေဝုတ်များတယ်။သွေးတိုးစမ်းကြည့်
    ရတယ်။စမ်းရဲရတယ်။လွှတ်တော့့် ဟိုလူကြီး
    တွေကိုက အင်္ကျီအဖြူသာဝတ်ထားတယ်
    တကယ်တော့အဲဒီလူကြီးတွေဟာပြည်သူတွေ
    အတွတ်စင်ကြယ်သူတွေမဟုတ်ဘူး ငညစ်တွေ။
    လူသတ်တဲ့စစ်သားတွေကလည်းဘုရားဂေါပက
    ရန်ပုံငွေသူတို့ထိန်းတယ်ဘုရားဂေါပကလူကြီးတွေထက်
    သူတို့ကြီးတယ်။ပညာရေးမှာလည်းသူတို့ပိုတတ်တယ်။
    ကျန်းမားရေးမှာသူတို့ပိုနားလည်တယ်။ဥပဒေအထက်မှာလည်းဗိုလ်ချုပ်မှူးကြီးတွေရှိတယ်။
    ဥပဒေကိုသူတို့ကျွမ်းကျင်တယ်။
    ရွေးကောက်စရာမလိုပဲစစ်သားတွေ၂၅%က
    အော်တိုမစ်တစ်အမတ်ကြီးတွေဖြစ်ပြီးသား။
    အဲဂလို့ အဲဂလို့ ငညစ်လူလည်တွေ။

  1. Nyi said... :

    When the Myanmar people ever change? They just argue a thing for they don't really know and always live in unsure place where there is no future... the main intention of NLD is not to go into parliment, their goal is to change a political landcape for our future... please support NLD and stand behnind Daw Suu instead of arguing with you ALL stupid little brain...

  1. 007 jambom said... :

    upper write myo aung do u have brain?i believe national leader daw aung san su kyi

  1. Anonymous said... :

    Go and buy the Constitution book. It costs you only 2000 Kyats. Then, turn to Chapter 12 and read. After that, you will start wondering "what the xxx NLD is having problem with?"...

  1. Anonymous said... :

    လွှတ်တော်ခုံရုံး က တောင် ပြင် မ ပေး နှိင် ရင် အ ဘ သန်းေ၇ွှ ဘဲ ပြင် နှိင် မယ် နဲ့ တူ တယ်။
    အ ဘ ရယ် အ၀ီဇိ မရောက် ခင် လေး၊ ကောင်း တာ က လေး တခု တော့ လုပ် သွား ပါ အုံး။

  1. The Middle said... :

    ကာကွယ်စောင့်ရှောက်ပါမည်ဆိုရင်လဲဘာဖြစ်လဲ? ပြင်စရာရှိတာကိုပြင်ပေးတာက ကောင်းအောင်ပြင်တာဘဲ၊ စောင့်ရှောက်တာဘဲပေါ့ ။ ဥပမာ ပြောရရင်အိမ်တလုံးလိုပေါ့။ ကာကွယ်စောင့်ရှောက်ရင်းနဲံ ပြင်စရာရှိတာလေးတွေကို ပြင်ရမှာဘဲလေ။ ဘာတွေများခက်ခဲနေကြတာလဲညဏ်ကြီးရှင်တို့။
    နောက်ပြန်မလှည့်ကြပါနဲ့တော့။ ပြည်သူတွေက သူတို့အသံတွေ လွှတ်တော်ထဲရောက်စေချင်လို့ NLD ကိုမဲပေးခဲ့တာလေ။ မဲပေးခဲ့တဲ့ ပြည်သူတွေကိုလည်း ကြည့်ကြပါအုန်း

  1. Shwe Ban said... :

    I am 100% sure some of the comments from Army and government,it is forced to agree the constitution 2008.If NLD agree,NLD will be spectulator in Parliament in first step.

  1. Anonymous said... :

    အစိုးရအဖွဲ့ ကျမ်းကျိန်တာနဲ့ လွတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်တာ မတူနိုင်ဘူးလို့ထင်တယ်... လွတ်တော် ကိုယ်စားလှယ်က ပိုတာဝန်ကြီးတယ်မလား.....

  1. Anonymous said... :

    အစိုးရအဖွဲ့ ကျမ်းကျိန်တာနဲ့ လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်တာ မတူနိုင်ဘူးထင်တယ်... လွှတ်တော် ကိုယ်စားလှယ်က ပိုပြီးတာဝန်ကြီးတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved