ရွေးကောက်ပွဲအပြီး မော်လမြိုင်ကြံ့ဖွံ့ ဆေးခန်းပိတ်ပြီ

Saturday, April 21, 2012




မင်္ဂလာပါခင်ဗျာ

ကျွန်တော်တို့  မော်လမြိုင်မြို့ တွင် ဖြိုးမေတ္တာ အခမဲ့ဆေးကုခန်းကို သိရိမင်္ဂလာရပ်ကွက်နှင့် ဇေယျာသိရိရပ်ကွက်နှစ်ခု တွင် မြို့ခံသဌေးများက မတည်လှူဒါန်းပြီး ကြံ့ခိုင်ရေးက နာမည်ခံကာ အခမဲ့ ကုသပေးခဲ့သည်မှာ မရှိ ဆင်းရဲသားများ အခက်အခဲများစွာ ပြေလည် သည်မှာ အမှန်ပင်ဖြစ်ပါသည်။

သို့ သော် 1.4.2012 ရွေးကောက်ပွဲတွင် ခွက်ခွက်လန်အောင်ရုံးပြီးနောက်ပွဲ ကုလားမနိုင် ရခိုင်ကိုမဲ ဆိုသလို ဒေါင်းမနိုင်တဲ့ ဖွတ် ပြည်သူတွေကို မဲနေပါပြီး ရွေးကောက်ပွဲ ပြီးသည့်နောက်ရက်မှ စပြီး ဖြိုးမေတ္တာ အခမဲ့ ဆေးကုခန်းကို ပိတ်ပစ်လိုက်ကြပါသည်။

ထိုဆေးခန်းတွင် ငွေမြောက်များစွာ လှူထားသူများကို မေးကြည့်သော်လည်း သူတို့ ကိုယ်တိုင်ပင် မသိရှိကြသေးကြောင်း သိရှိရပါသည်။

အများအလှူ ဖွတ်နာမည်ယူ ပြည်သူတွေကို စေတနာထားသည်မှာ မမှန်ကန်ကြောင်း ထင်ရှားနေသည်။

ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူသာအရှင်သခင် ဟု အော်ဟစ်နေသော မော်လမြိုင်မြို့  မှ ဘာစာပြီး ဖြိုးလာသည် မသိသော ဖြိုးဖြိုးတို့  သိစေရန် ပုံနှင့်တကွ တင်ပြအပ်ပါသည်။

( ဖြိုးဖြိုး ကို စောင့်ကြည့်နေသူတဦး )

မှတ်ချက် - Facebook မှာ လက်ဆင့်ကမ်းဖတ်နေကြတဲ့ ရေးသားချက်များ ဖြစ်ပါတယ်။

.

5 comments :

  1. Anonymous said... :

    တကယ်ပြောရရင် ဖွတ် ဆိုတဲ့ကောင်တွေက
    ပြည်သူလူထုကို ဘာမှတ်နေကြတယ်မသိ
    အာဏာလုပ်ပိုင်ခွင့်ကိုအသုံးချ နည်းပေါင်းစုံနဲ့
    ခိုးထား မတရားရထားတဲ့ အထဲကနေ
    စေတနာမပါ ဟန်ပြလုပ်ပေးနေကြတာ
    အဲဒါတွေကလည်း ဆက်ပြီးခိုးဖို့
    မတရားလုပ်ဖို့ လမ်းခင်းနေတဲ့လုပ်ရပ်တွေ
    ပိုက်ဆံဘယ်လောက် ချမ်းသာချမ်းသာ
    ကျတ်သရေ မင်္ဂလာမရှိတဲ့ လူ့အောက်တန်းစားတွေ
    မင်းတို့အလှုအတန်းတွေ ဘယ်လောက်လုပ်လုပ်
    မစင်ကြယ်တဲ့ ဝထ္ထုတွေနဲ့လှုနေတာဖြစ်တဲ့အတွက်
့ဘာဆုမှတောင်းမနေကြနဲ့ အပိုပဲ

  1. Anonymous said... :

    အေး အခုတော့ သူ့ စေတနာ သူ နားလည်သွားပြီ ထင်ပါရဲ့

  1. Anonymous said... :

    ကျွန်တော်ကမှားတာကိုပြင်တာကိုထိခိုက်တယ်ဆိုရင်လဲ..မကောင်းတာမြင်ရင်ကောင်းအောင်လုပ်ချင်တယ်ဗျာ့..ကုလားမနိုင်ရခိုင်မေး...ဆိုတာသာမှန်ပါတယ်....ဒီမှာရေးထားတာက..ပုဂ္ဂိုလ်ရေးနည်းနည်းပါတယ်ဗျာ့..

  1. Acmv Org said... :

    ရှုံးလို ဆေးခန်းပိတ်ပါတယ်ဆိုပြီးကျန်တဲ့ငွေတွေကို လူကြီးဆိုတဲ့လူတွေ ခွဲယူခွင့်ရသွားတာပေါ့။ အလှူရှင်တွေဆီပြန်ပေးမယ်လို့တော့မထင်ပါဘူး။ အလှူရှင်တွေက လည်းသူတို့လှူထားတဲ့ငွေတွေကိုဘယ်လိုဆက်သုံးမယ်ဆိုတာပေးကြည့်သင့်ပါတယ်။ မမေးရင် "ငတုံး" လို့အထင်ခံရနိုင်တယ်။

  1. Lu Jee Min said... :

    ၁။ မဲရှုံးတယ်။
    ၂။ ဂုဏ်သိက္ခာလဲ ရှုံးတယ်။
    ၃။ မိတ်ဆွေလဲ ရှုံးတယ်။
    ၄။ စီးပွားရေးလဲ ရှုံးတယ်။
    ၅။ ဘာသာ၊ သာသနာ၊ ကုသိုလ်ရေးလဲ ရှုံးတယ်။

    ဘာကျန်သေးလဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved