မလေးရှားရောက် မြန်မာတို့အတွက် သတင်း

Saturday, April 28, 2012

ဒီနေ့၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်းကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများ စုပေါင်းဆန္ဒုပြပွဲ ပြုလုပ်မည်ဖြစ်ပါတယ် ။

သို့ပါသောကြောင့် ထိုနေရာများကို နံနက် ၈ နာရီမှ စတင်ပြီး လမ်းအားလုံး ပိတ်ဆို့သွားမည်ဖြစ်ပြီး ပို့ဆောင် ဆက်သွယ်မှု့များဖြတ်တောက်သွားမည်ဖြစ်ကြောင်း အထူးသတိပေးရပါတယ် ခင်ဗျာ။

ပြီးခဲ့တဲ့ ၂၀၁၁ ဂျူလိုက်လ ၉ ရက်နေ့က ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲ အတွေ့အကြုံအရ နိုင်ငံခြားသားများ ပါဝင် ပတ်သက်ပါက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းသိရပါတယ် ။

ထိုအချိန်က မီးရထားဘူတာများတွင် အဆင်သင့်စောင့်ဆိုင်းနေသော ရဲများ ၊ ထောက်လမ်းရေးများ၏ ဖမ်းဆီးမှု့များကိုကြောက်ပြီး ထွက်ပြေးကြသော နိုင်ငံခြားသားများ ကို အမိအရ ဖမ်းဆီးမှု့များရှိတာကြောင့် ကွာလာလမ်ပူမြို့သို့ မသွားကြရန် အထူးသတိပေးရပါတယ်ခင်ဗျာ ။

ထပ်မံပြီး လိုင်းကားများအားလုံး မူရင်းကားဂိတ်များသို့ ရောက်ရှိမည်မဟုတ်တော့ပဲ နီးစပ်ရာ ရပ်တန့်ဂိတ်များတွင်သာ ရပ်တန့်မည်ဖြစ်ပါတယ်။

LRT , MONO RAIL , KTM ရထားများအားလုံး ရပ်တန့်မှု့ ကန့်သတ့်မည့် (သို့) အထူးစစ်ဆေးမည့် ဘူတာများမှာ

1.Mesjid Jamek (LRT)
2.Bandar Raya (LRT,KTM)

3.Huntuah (LRT,MONO RAIL)
4.Paza Sini (LRT)

5. Plaza Rayak (LRT)

စတဲ့ ဘူတာများဖြစ်ပြီး ထိုဘူတာများသို့မြန်မာများ မသွားကြဖို့ အထူးသတိပေး အကြောင်းကြားပါတယ် ။

ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားများကို သေချာစစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့တာကြောင့် မိမိတို့ စာရွက်စာတမ်း မှန်ကန်သော်လည်း မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင်ရတတ်ပါတယ် ။

စာရွက်စာတမ်းမရှိသူများ, UN ကိုင်ဆောင်ထားသူများအတွက် မနက်ဖြန် KL သို့ လုံးဝမလာကြဖို့ အထူး သတိပေးတင်ပြရပါတယ် ။

သတ်မှတ်ချိန်မှာ နေ့လည် ၂ နာရီဖြစ်ပြီး သတ်မှတ် ယူနီဖောင်းမှာ အဝါရောင် တီရှပ်ပြောင် ၊ အနီရောင် တီရှပ်ပြောင်များဖြစ်တာကြောင့် ဒီနေ့ ထိုအရောင်ပြောင်အကျီများမဝတ်ဆင်ရန် သတိပြုဖို့လိုပါတယ် ။

ကျွန်တော်တို့ အွန်လိုင်းမှ အချိန်မှီ ကြော်ငြာပေးသော်လည်း ပြီးခဲ့တဲ့ နှစ်က မြန်မာများစွာ ကေအယ်လ်မြို့လယ်တွင် ဒုက္ခရောက်ပြီး သွားရန်ကားမရှိ တည်းစရာ ဟော်တယ် မလောက် ၊ စားစရာ ဆိုင်မရှိဖြင့် အလွန် ကသီလင်တဖြစ်ကြရတာကြောင့် KL သွားမည့် သူငယ်ချင်းများကို လက်တို့သတိပေးဖို့ အထူး အသိပေးရပါတယ်ခင်ဗျာ ။

ဆက်လက်ပြီး မသိရှိသေးသောသူများအတွက် KL တွင်ပြုလုပ်သွားခဲ့သော ၉.၇.၂၀၁၁ ဆန္ဒပြပွဲတုန်းက ပုံများကို ပူးတွဲတင်ပြရင်း .. မနက်ဖြန် ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှ မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ ဆန္ဒပြပွဲသတင်းများကို ဆက်တိုက် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။

By: အဖြူရောင် သံယောဇဉ် http://www.facebook.com/profile.php?id=100001896195287

1 comments :

  1. အေတူကန် said... :

    Tear gas used as 25,000 rally for Malaysia reforms
    Associated PressBy EILEEN NG | Associated Press – 31 mins ago
    KUALA LUMPUR, Malaysia (AP) — Malaysian police fired tear gas and chemical-laced water Saturday at thousands of demonstrators demanding an overhaul in electoral policies they call biased ahead of national polls expected soon.

    At least 25,000 demonstrators had swamped Malaysia's largest city in one of the Southeast Asian nation's biggest street rallies in the past decade.

    The demonstration reflected concerns that Prime Minister Najib Razak's ruling coalition — which has held power for more than 50 years — will have an unfair upper hand in elections that could be called as early as June.

    Activists have alleged that the Election Commission is biased and claimed that voter registration lists are tainted with fraudulent voters.

    Demonstrators wearing yellow T-shirts poured into downtown Kuala Lumpur, massing near a public square that police had sealed off with barbed wire and barricades.

    "I'm here because I'm a Malaysian and I love my country," said information technology manager Burrd Lim. "There's no election that's perfect, but I want one that's fair enough."

    Authorities said an opposition-backed pressure group that organized the rally has no right to use Independence Square, a symbolically important venue that hosts parades and high-profile celebrations.

    The demonstration remained peaceful for several hours but turned chaotic when some people apparently breached the barriers, prompting police to fire tear gas and water laced with stinging chemicals at portions of the crowd. Witnesses saw police detaining several people.

    Federal police spokesman Rasdi Ramli estimated there were about 25,000 demonstrators, but many witnesses and some Malaysian news organizations said there were far more. Independent news website Malaysiakini said there was 100,000, while The Sun newspaper estimated 80,000.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved