‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’

Tuesday, April 24, 2012



ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ (အဖြူ)ယာဉ်လိုင်းမှ ရပ်ကွက်နေ
ပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တိုင်ကြား

သတင်းနဲ့ဓာတ်ပုံ - Eleven Media Group


အတိုက်ခံရသော အဓိပတိ(အဖြူ)ယာဉ်အား တွေ့ရစဉ်


ဧပြီ ၄ ရက်နေ့ကဖြစ်ပွား ခဲ့သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အဓိပတိ(အဖြူ )ယာဉ်လိုင်းမှ ရပ်ကွက်နေပြည်သူများအား အုပ်စုလိုက် ရမ်းကားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ် မှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် စက်ပျက်၍ရပ်ထားသော ပါရမီအဓိပတိ (အဖြူ) ယာဉ်လိုင်းမှ ကားတစ်စီးကို ဘေး ဂျင်း-ဂျစ်ကားတစ်စီးမှ ၀င်တိုက်မိရာ ဂျစ်ကားမောင်းသူမှာ ဒဏ်ရာရရှိသွားသဖြင့် ရပ်ကွက်နေပြည်သူများ မှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် အဓိပတိ ယာဉ်လိုင်းမှ ဗိုလ်ကြီးအောင်သူ (ငြိမ်း)ဆိုသူ ရောက်ရှိလာပြီး ပြည်သူများနှင့် အနည်းငယ်အချင်းများပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားပြီးမိနစ် ၂၀ ခန့်အကြာ တွင် အဓိပတိယာဉ်လိုင်းမှ ကားနှစ်စီး ဖြင့်လူ ၃၀ ကျော်ခန့် ပြန်လည်ရောက်ရှိလာပြီး ရပ်ကွက်အတွင်း၌ အုပ်စုလိုက်ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင်ခန်းများ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်နှင့် ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“ကျွန်တော်တို့က ယာဉ်တိုက်မှု ဖြစ်လို့ဒဏ်ရာရတဲ့ သူကိုကူညီ ပေးတာပါ။ ဒါကို ‘မဆိုင်သူတွေ အနားမကပ်နဲ့ မင်းတို့ဘာကောင်တွေလဲ’လို့ ပြောတယ်။ ကျွန်တော် သေချာရှင်းပြတော့ သူမှားသွားကြောင်း တောင်းပန်ပြီး ပြန်ထွက်သွားတယ်။ ပြီးတော့ သိပ်မကြာလိုက်ဘူး အဓိပတိ(အဖြူ) ကားနှစ်စီးရောက် လာပြီး ‘တွေ့တဲ့သူအကုန်ရိုက် အဓိပတိယာဉ်လိုင်းကို ဒီလိုလုပ်လို့ မရဘူး’ ဆိုပြီး အော်ပြီးလိုက်ရိုက်တာ အဲဒီမှာ ကောင်လေးတစ်ယောက် အရိုက်ခံလိုက်ရတယ်”ဟု ယင်းဖြစ်စဉ်အား တရားလိုပြု တိုင်ကြားသူ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးစိန်သန်းက ပြောပါသည်။

လေးထောင့်ကန် ရပ်ကွက်နှင့် ဆ/ခရပ်ကွက်မှ ပြည်သူတစ်ရာကျော်ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ တိုင်ကြားသဖြင့် ဦးသိန်းညွန့်မှ နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ထံသို့ အရေးယူပေးပါရန် တင်ပြထားကြောင်း သိရသည်။

ဆ/ခရပ်ကွက် ရွှေကိန္ဒရီ အိမ်ရာတွင် နေထိုင်သူတစ်ဦး ကလည်း “ကားတိုက်လို့ ထွက်ကြည့်တာ တာဝန်ခံဆိုတဲ့သူ ရောက်လာပြီး အနီးမှာရှိတဲ့သူတွေနဲ့ စကား အခြေအတင် ပြောနေတာ တွေ့တယ်။ ပြီးတော့ အဲဒီလူ ထွက်သွားပြီး သိပ်မကြာဘူး အဓိပတိ(အဖြူ)ကားနှစ်စီး လူ ၄၀၊၅၀လောက် ရှိမယ်လို့ ထင်တယ် ရောက်လာပြီး လိုက်ရိုက်တော့တာပဲ။ ကျွန်တော်တို့ ကြည့်တဲ့ဘက်က ယာဉ်တိုက်မှုဖြစ်တဲ့ဘက် မဟုတ်တော့ သူတို့က ပထမ ကျွန်တော်တို့ကိုမတွေ့ဘူး။ နောက်ပြီးမှ တွေ့တော့ အိမ်ရာထဲထိ လိုက်ရိုက်တာ။” ဟု ပြောပါသည်။

“ယာဉ်တိုက်မှုဖြစ်တာကို ကြည့်ပြီးတော့ ကျွန်တော်က စံပြဈေးဘက်မှာ ထမင်းကြော်သွားစားတာ။ အဲဒီအချိန်မှာပဲ စံပြဈေးဘက်ကနေ အဓိပတိနှစ်စီးက လူတွေ အများကြီးတင်လာပြီး ယာဉ်တိုက်မှုဖြစ်တဲ့ ဘက်ကိုသွားတာတွေ့လို့ ပြန်သွားကြည့်တော့ အဲဒီမှာသူတို့က လိုက်ရိုက်နေပြီ။ ကျွန်တော်က သူတို့ရဲ့ အလယ်ကိုရောက်သွားတော့ ကျွန်တော်ကိုလည်းတွေ့ရော လိုက်ရိုက်ကြတယ်။ ကျွန်တော်လည်း ရှောင်ရင်း လက်နဲ့ကာလိုက်တာ အဲဒီမှာ လက်ထိသွားတာ။ ပြီးတော့ ကျွန်တော်လမ်းထဲကို ၀င်ပြေးတော့မှ လွတ်သွားတာ”ဟု ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူ ကိုမော်ခန်း(ခ)စိုးမင်းထွန်း ကပြောပါသည်။

ယင်းဖြစ်စဉ်ကို တရားလိုပြု တိုင်တန်းမှုအား သင်္ဃန်းကျွန်းရဲစခန်း က(ပ)၂၂၀/၁၂၊ ပုဒ်မ-၂၉၄/၃၂၃/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။

ညွှန်း - http://news-eleven.com/index.php?option=com_content&view=article&id=13226:2012-04-22-09-28-07&catid=43:2009-11-10-07-39-09&Itemid=111

6 comments :

  1. Anonymous said... :

    အဲ့ဒါသာကြည့်ဗျာ...သင်္ကြန်ရက်ပိုင်းက မကွေးတိုင်းကံမ မြို့မှာ ကြံ့ခိုင်ရေးနဲ့ စီးပွားလုပ်ငန်းရှင်တို့ လေလံကိတ်စ အဆင်မပြေရာမှ မွတ်စလင်လူမျိုးတွေရဲ့ စီးပွား ..အဆောက်အဦးအားလုံးကို ၃..ရက်ဆက်တိုက် ဖျက်ဆီးသွားတယ်...ဘယ်အာဏာပိုင် ကမှ မပါဘူးးးကျုပ်က သရက်သားစစ်စစ်...ကံမကို အလည် ရောက်နေတာ...အားလုံးသိလို့ သစ်ထူးလွင် ဆိုက်မှာ ကွန်မန်းဝင်ပေးသွားတာ...ကွန်မန်းပေးပြီးး ညနေပိုင်းထိ ရှိတယ်...ဦးသစ်က ဆင်ဆာမထိလို့ ကျုပ်ကွန်မန်းကို လွှတ်ပေးထားတယ်...နောက်..ညနေ ၄နာရီလောက်ရှိတော့ ကျုပ်ကွန်မန်းလဲ မရှိတော့ဘူးးးကျုပ် ၈ျီမေလ်းအကောင့်လဲခိုးသွားတယ်..
    ဘယ်သူ့ လက် ချက်တော့ ကျုပ်လဲမသိတော့ဘူ;

  1. Anonymous said... :

    လွယ်လွယ်လေး နဲ့အထိရောက်ဆုံး အပြစ်ပေးခြင်ရင် ပါရမီ အဓိပဓိ ဘယ်သူမှမစီးဘဲနေလိုက်ပါ။ တခြား မထသ လိုင်းတွေအများကြီးရှိနေတာဘဲ။ စီးတဲ့သူမရှိရင် ဒီကောင်တွေ လုပ်စားစရာမရှိတော့ဘူး။ လူညီရင်ရပါတယ်

  1. ...အလင်းစက်များ said... :

    တပ်မတော်ရဲ့ ချီးထုပ်တွေ နေရာ အနှံ လိုက်ပုံထားတဲ့ အကျိုးကျေးဇူးပေါ့ဗျာ။ ဘီပိုး၊ စီပိုး၊ မိန်းမမှု၊ ခိုးမှု နဲ့ ထွက်သမျှ အဲ့လိုနေရာတွေမှာ ခေါင်းဆောင်ဖြစ်နေလေတော့ ဒါမျိုးဖြစ်တာ မဆန်းလှပါဘူး။ သမ္မတကြီးရေ... နောင် ၁၀ နှစ် ရှင်းလို့ မကုန်ဘူးဗျာ အဲ့လိုပြသနာတွေ။

  1. Anonymous said... :

    ကားသမားများလဲကားမောင်းအလွန်ရမ်းကားပါသည်။မီးပွိုင်တွင်ရှိသောယာဉ်ထိန်းရဲများလဲကျောက်ရုပ်များကဲ့သို့သာကြည့်ယုံကြည်နေပါသည်

  1. Anonymous said... :

    ဘာဖြစ်ဖြစ် အထက်ကခိုင်းမှ လုပ်တက်တဲ့ကောင်တွေ
    ခိုင်းလိုက်ရင် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
    ကိုယ်ပိုင်အသိဥာဏ်မရှိတော့ပဲ အကုန်လုပ်
    လူနဲ့တူတာဆိုလို့ ပုံသဏ္ဍန်သာရှိတော့တာ
    လူမိုက် (ဗာလနံ)လို့ခေါ်တာပေါ့
    ( မိုက် = အသိဥာဏ်ခေါင်းပါး စဉ်းစားဆင်ခြင်နိုင်မှု့မရှိပဲ ရိုင်းပြသောစရိုက်ရှိခြင်း )

  1. Kyane NgaHtin said... :

    ' Ta Lwell ZaPin Kaung Nay Tar '

    all are bloody coward.

    Those people when they come out of their mother country Myanmar, they become slaves and only have to work like in Sweatshops and or dole bludger.

    Just only to ' win against own people ' with Lu Su Lu Way and weapons. . that is not real courage.

    Ta Lwell ZaPin Kaung Nay Kya Tar Tway.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved