Facebook နဲ့ အကျဉ်းသားလွတ်မြောက်ရေး

Tuesday, April 24, 2012


ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆောင်ရွက်သူတချို့က သူတို့ရဲ့ လှုပ်ရှားမှုအတွက် Facebook ကို အသုံးပြုလာပါတယ်။

လိပ်စာက http://www.facebook.com/ppinformationcenter ဖြစ်ပါတယ်


Facebook ကို အသုံးပြုတဲ့အတွက် ကိုယ့်ရဲ့ လှုပ်ရှားမှုက နိုင်ငံတကာရောက် မြန်မာပြည်သားများနဲ့ ပိုမိုချိတ်ဆက်မိမှာ အသေအချာပါပဲ။

လောလောဆယ်တော့ ဒီ Facebook မှာ
အရေးတကြီးဆောင်ရွက်စရာ များပြားလှတဲ့ မြန်မာပြည်မှာ ထောင်ထဲက နိုင်ငံရေးသမားတွေ၊ အကြမ်းဖက်သမား တံဆိပ် အကပ်ခံထားရတဲ့ နိုင်ငံရေးသမားတွေ လွတ်မြောက်ရေးက အခုတလော အသံ တိတ်နေပါတယ်။

မနေ့က ဂျပန်ရောက် သမ္မတဦးစိန်ရဲ့ ခရီးစဉ်အတွင်း တိုကျိုမြို့မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာတော့ အကျဉ်းသားတွေလွှတ် ဆိုတဲ့ စာတန်း ကိုင်ဆောင်ထားတာ တွေ့ရမှာပါ။

အစိုးရကလည်း ဈေးကစားလို့ကောင်းအောင် နိုင်ငံရေးသမားတွေကို ဆက်ပြီး ထိန်းသိမ်းထားဆဲပါ။

ဖိအားတွေနဲ့ကြုံ အခက်အခဲနဲ့ကြုံမှ၊ မင်္ဂလာယူဖို့အချိန်ရောက်ပြီဆိုမှ လွှတ်ပေးမယ်လို့ ယူဆရပါတယ်။

ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက တချို့ဆိုရင် အပြင်းအထန် နှိပ်စက်ခံရ၊ ဗုံးခွဲမှုတွေနဲ့ အချိတ်ခံထားရတာပါ။

ပထမအဆင့် - ဒီလူတွေကို အမြန် လွှတ်ပေး။

ဒုတိယအဆင့် - (ဥပဒေအရ ဆိုရင် ထိန်းသိမ်းစဉ်ကာလ နှိပ်စက်ညှင်းပန်းမှု ကျူးလွန်ခဲ့သူ၊ မဆီမဆိုင် ပုဒ်မတွေနဲ့ စီရင်ချက် ချခဲ့တဲ့ တရားသူကြီးတို့ကို အရေးယူအပြစ်ပေးရပါမယ်။ သို့သော်လည်း အသွင်ကူးပြောင်းရေးကာလ ဖြစ်တဲ့အတွက် ဒီလိုလုပ်ဖို့ အများကြီး အခက်အခဲ ရှိပါလိမ့်မယ်။)

သေချာတာကတော့
မတရားပြုခံရသူတွေကို နစ်နာမှုတွေအတွက် လျော်ကြေးပေးတာမျိုး မဖြစ်မနေ လုပ်သင့်ပါတယ်။

5 comments :

  1. Anonymous said... :

    နိုင်ငံရေး အကျဉ်းသားအစစ်တွေဆို ဦးမင်းကိုနိုင်တို့ အမေစုတို့ဆီ သွားပြောပေါ့၊သူတို့ဆီက ဘာသံမှ ထွက်မလာတာ ဘာကြောင့်လဲ။ နိုင်ငံရေးကြောင့် ဖြစ်ဖြစ်ဘာ့ကြောင့်ဖြစ်ဖြစ် အကြမ်းဖက်မူဆို လုံးဝလက်မခံပါ။

  1. မောင်ကျောင်း said... :

    နိုင်ငံေ၇းအကျဉ်းသားတွေ အများကြီး လွတ်ပေးပြီးပါပြီ။
    ဒါပေမယဲ့် ကျန်တဲ့သူတွေ ကျန်နေပါသေးတယ်။ ဒီဝက်ဆိုက်မှာ နမူနာ တချို့  ဖတ်ကြည့်ပါ - http://ppmoemaka.blogspot.com/

    ဦးမြင့်အေး -အကြောင်း - http://ppmoemaka.blogspot.com/2012/01/u-myint-aye.html

    ခွန်ကေါရီယို အကြောင်း - http://ppmoemaka.blogspot.com/2012/04/blog-post.html

  1. Anonymous said... :

    very firstly comment gave for this article an anonymous seemed not a human or no belief any religious.
    Those political prisoners done for country get effective we could write likes this comment right now.

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    အပေါ်ဆုံးက တယောက်က အချောင်သမားနဲ့ တူတယ်။ နင်နိုင်ငံခြားကို ဘယ်လိုလိမ်ပြီးရောက်နေတာလဲ။ xxx ကိုယ်ချင်းစာတရားမရှိတဲ့ xxx။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved