ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဖို့ ထိုင်းမှာ ဆုငွေထုတ်

Wednesday, April 25, 2012


ဗိုလ်နှုတ်ခမ်းမွေး လို့ ထင်ရှားတဲ့ ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးမှုနဲ့ အလိုရှိတယ်လို့ ထိုင်းအာဏာပိုင်တို့က သောကြာနေ့မှာ ကြေညာလိုက်ပြီး ဖမ်းမိအောင် လမ်းညွှန်နိုင်ရင် ဘတ်တသန်း ဆုချမယ်လို့ ဆိုပါတယ်။

ဘတ်တသန်းဟာ ဒေါ်လာ ၃၂,ဝဝဝ ဝန်းကျင်နဲ့ ညီမျှတဲ့ ငွေပမာဏပါ။

ဗိုလ်နှုတ်ခမ်းမွေးဆီက ပြန်လည်တုံ့ပြန်မှု ထွက်ပေါ်မလာသေးပါဘူး။

ဗိုလ်နှုတ်ခမ်းမွေး အပြင်
နော်ခမ်း၊ ယင်ဆေး ဆိုသူတွေကိုလည်း မူးယစ်ဆေးမှုနဲ့ ထိုင်းက အလိုရှိနေပါတယ် တဲ့။

နော်ခမ်းက ရွှေတြိဂံဒေသမှာ လှုပ်ရှားသူပါ။ ယင်ဆေးက မြန်မာပြည် ဘယ်ဒေသကလဲ ဆိုတာ မသိရသေးပါ။


4 comments :

  1. Anonymous said... :

    ဗိုလ်ချုပ် စောလားဘွယ်က ကရင်မျိုးချစ်စိတ်ဓါတ် ထက်သန်တဲ့ ခေါင်းဆောင်တစ်ဦးပါ.. ခုကိစ္စက အောက်ခြေ အဖွဲ့ ဝင်တစ်ချို့ ရဲ့ ငွေရပြီးရော လုပ်ကွက်တွေကြောင့် ခုလို မိမိနာမည်ပျက် ရတာပါ.. အောက်ခြေကိုလည်း ဗမာက သပ်လျှိုပြီး အဲ့ဒီ လမ်းကြောင်းနဲ့ စီးပွါးရှာဖို့  လမ်းဖွင့်ထားတာကို သတိထား ထိန်းသိမ်း ကြပ်မတ်သင့်ပါတယ်... အချိန်မှီမပြုပြင်နိုင်ရင်တော့ ကလို့ ထူးဘော ခုထက်ပိုပြီး မျက်နှာပျက်ရဖို့ ရှိပါတယ်..
    မိမိ ကိုယ်တိုင် လိပ်ပြာသန့် ပါက မိမိတပ်ဖွဲ့ တွင်း မူးယစ်ဆေးဝါးနဲ့  ပတ်သက်သမျှ ထိထိရောက်ရောက် စုံစမ်း အပြစ်ပေး အရေးယူသင့်ပါပြီ....

  1. Anonymous said... :

    နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်တာပါပဲ။ နောက်ကွယ်ကနေ ဗမာအစိုးရ ဖိအားပေးတာပဲ ဖြစ်မှာပေါ့။

  1. Anonymous said... :

    ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ ဆိုတာဒီလိုမျိုးနဲ့ ကြုံတွေ့ နေ၇တဲ့ ငါတို့ က၇င်မျိုးချစ်စိတ်ဗိုလ်နှုတ်ခမ်းမွေးတွက်တော့ မဆန်းတော့ ပါဘူး....

  1. Anonymous said... :

    ထိုင်းအစိုးရက အထောက်အထား သေသေချာချာ ပြသင့်ပါတယ်.. ကရင်တွေနယ်မြေမှာ ဘယ်တုန်းကမှ ဘိန်းစိုက်ပျိုးခြင်း မရှိခဲ့သလို မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ရုံ တွေ စခန်းတွေလည်း မရှိခဲ့ပါဘူး.. ဘိန်းဘုရင်ခွန်ဆာလို မူးယစ်ရာဇာကြီးကို ဘယ်သူတွေက ဘယ်လို အကာအကွယ် ပေးသွားလဲဆိုတာ သေချာစဉ်းစားတတ်ရင် တရားခံအစစ်ပေါ်မှာပါ..

    ကရင်တွေလည်း ရှေ့ ဆက်သတိသာထားပေတော့.. ဟိုက မင်းတို့ ကို ကျည်ဆံနဲ့ မတိုက်တော့ဘူး.. အခဲတွေ အမှုန့် တွေ သူတို့ မှာ ဂိုဒေါင်လိုက်ရှိတယ်ဆိုတာ သိထား.. သင်္ခန်းစာ ယူတတ်ကြပါစေ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved