ဒီချုပ်အမတ်များ လွှတ်တော်ဝင်ရေး

Tuesday, April 24, 2012

မောင်ဝံသ/Facebook

မနေ့က အမျိုးသားလွှတ်တော် မြင်ကွင်း (ဓာတ်ပုံ-ဧရာဝတီ)

ဧပြီ ၂၆ ၂၀၁၂ ရက်စွဲနဲ့ ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ အမှတ် ၉၁က ဒီနေ့ စောထွက်သွားပါပြီ။ ခါသင်္ကြန်ပွဲတော်ရက်များမှာ ၂ ပတ်နားခဲ့တဲ့ ပြည်သူ့ခေတ်ကို ပရိသတ်များလက်သို့ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်ဇောနဲ့ စောစောထွက်လိုက်တော့ လွှတ်တော်အမတ်များ ကတိသစ္စာပြုခြင်းဆိုင်ရာ စာသား ပြင်ဆင်ရေးနဲ့ ဒီချုပ်အမတ်များ လွှတ်တော်ထဲ ၀င်မ၀င် သတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို မပြောလိုက်ရသေးဘူးဗျာ။

ဒီရက်ထဲ ဟိုက ဒီကမေးတာတချို့ကိုတော့ ဖြေလိုက်ပါတယ်။ မနေ့က မြန်မာတိုင်းမ်ဂျာနယ်က မေးတော့ ဗြိတိသျှပါလီမန်မှာ ၂၀၀၉ခုနှစ်က မြောက်အိုင်ယာလန် ဆင်ဖိန်း အမတ် ၅ ယောက် ကျမ်းသစ္စာမဆိုနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ပြန်ပြောပြလိုက်သေးတယ်။ သူတို့ကတော့ ဗြိတိသျှဘုရင်မကြီး၏ သစ္စာတော်ကို စောင့်သိရိုသေပါမည်လို့ သစ္စာဆိုရတာကိုး။ ဘယ်လိုက်နာနိုင်ပါ့မလဲ။အခြေအတင်တွေ ဖြစ်ခြဲ့ပီးမှ နောက်တော့ ဆင်ဖိန်းတွေနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းခြင်းဖြင့် ပြေလည်ခဲ့ပါတယ်။ ဆင်ဖိန်းရဲ့ လက်နက်ကိုင်အုပ်စုဖြစ်တဲ့ အိုင်အာအေ (IRA) တွေနဲ့တောင် ငြိမ်းချမ်းရေးရအောင်လုပ်ခဲ့ပြီးမှ လွှတ်တော်ထဲ ဆင်ဖိန်းတွေ ၀င်ရေးကို စကားလုံးကြောင့် ပြသနာ အဖြစ်မခံတဲ့ ဗြိတိသျှများရဲ့ နိုင်ငံရေးရင့်ကျက်မှုကို သာဓကပြချက်တစ်ခုပါပဲ။

ကျွန်တော်တို့ဆီမှာက အဲသလို ပြသနာမဟုတ်ပါဘူးဗျာ။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။

(၁) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။

(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။ (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)

(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။

(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)

(၄) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့ အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။

5 comments :

  1. U Thein Maung + U Kyauk Lone said... :

    No need to add/edit this writing.

    Logical , high classed writing and

    great opinion!

    TOTALLY different to what ' low class' writing ' in this Irrawaddy blog site.

    if time is available. do option 1.

    If urgent - do option 2. but had to give PROMISE - in the media TV, Newspapers ( Not only in private journals ) and press conference.

    do you use this issue as a ' bargain chip' to people, that is warning to Kyant Phoot.

    change of words had been done in Party Registration and do not leave this for 'prospect of political advantage ' game. Stop playing game.

    For those people around the country, mainly ' lay person ' ...
    try to understand the real vignette. Do not get wrong by echoing ( Tan Yaung Lite ) , and being misled ( Lan Hmar Toon Poth Khan Chin ).

    Those who are against the such ' change of words ' are '

    1. they honestly do not know the reality.

    2. overenthusiastic to go into Parliament as ' Ah Yuu - Ah Mae Thar Kyway Meet TaLoh ' . ma Myin Bu , Muu Ko Myit Htin ' Kya Chin

    3. or those who like to ' twist and cheat ' the N L D . They think N L D members led by D A S S K is ' bloody naive '

    4. those who just do not know the right direction and no one torched the correct ways to them. ' Ho Yaung Yaung, De Yaung Yaung ' . Simple and ' naive to democratic rules and regulation '

    Best comment is

    Listen to what the man said.
    Listen to what the experienced honest unbiased ' true blue ' person said.

    OK ?

    People like Maung Wan Tha

    Myar Myar Yay Pay Par, ah Yay Kyee Yin Kyee TaLoh. Otherwise ' Sate MaChan Tar Bu '

  1. Anonymous said... :

    နိုင်ငံရေးအကြောင်း သိပ်နားမလည်ပါ... ဘာကြောင့် “ကာကွယ်စောင့်ရှောက်“ ကနေ “လေးစားလိုက်နာ“ ဆိုတာကို ပြောင်းခိုင်းနေရတာလဲ ဆိုတာကို NLD အနေနဲ့ ရှင်းရှင်းလင်းလင်း ပြည်သူတွေကို ချပြစေချင်ပါတယ်။ ဒါမှလည်း ပြည်သူဘက်မှ ယုံထင် ကြောင်ထင် ဖြစ်မနေမှာ... သာမာန်အားဖြင့် ကြည်ရင် ဘာမှ ကွာခြားမှုမရှိပါ... “ကာကွယ်စောင့်ရှောက်“ ဆိုတာတောင် တိုင်းပြည်ရဲ့ အခြေခံ ဥပဒေအတွက် ပိုလေးနက်ပါသေးတယ်။ လွတ်တော်ထဲရောက်ဖို့ ပြည်သူနဲ့အတူ ဒီလောက် ကြိုးစားပမ်းစား လုပ်လာပြီးမှ လွတ်တော်ထဲ မသွားရလောက်အောင်ကို ဒီစာလုံးက ဘယ်လောက် အရေးကြီးပြီး ပြည်သူတွေအတွက် နစ်နာစေသလဲဆိုတာကို NLD မှ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း စာထုတ် ပြောပြစေချင်ပါတယ်...

  1. Anonymous said... :

    U Thein Maung+U Kyauk Lone,

    Many Thanks for your Top-Class comment.
    I never seen such a comment here in this blog.
    This is like a analysis from an academician.
    We all must support and behind NLD for their stance.
    We should know they will not lie to our people and the country (not like the other animals).

  1. May said... :

    Very impressive article.
    Thank you Saya U Won Tha.

  1. Anonymous said... :

    Fully argreed with it.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved