စစ်တပ်မဲများ ကြံ့ခိုင်ရေးဆီသွား

Sunday, April 1, 2012

ပခုက္ကူ စစ်တပ် မဲရုံ ၂ ခု ရလဒ် ဖော်ပြတဲ့ ဇယား (ဓာတ်ပုံ - ပခုက္ကူ NLD)

အရပ်သားတွေရဲ့ မဲရုံမှာ NLD နိုင်ပေမယ့် စစ်တပ်မိသားစုမဲရုံတွေမှာတော့ ကြံ့ခိုင်ရေးက အပြတ်အသတ် သို့မဟုတ် ရာနှုန်းပြည့်နိုင်နေပါတယ်။
ဒါ ရိုးသားမှုမှ ရှိရဲ့လား။
ရိုးရိုးသားသားပါပဲ ဆိုရင်တော့ တပ်နဲ့ပြည်သူ အကြိုက်မတူတဲ့သဘောပေါ့။

ရေစကြိုမြို့နယ် (ခလရ) ၂၅၆ တပ်မြေ မဲရုံ ရလဒ်
ကြံ့ခိုင်ရေး ၂၇၁ မဲ၊
NLD က ၅၁ မဲ
(အချက်အလက် - ဧရာဝတီ)


ထောက်ပံ့ရေးတပ် မိသားစုဝင်များရဲ့ ပုသိမ်မြို့ မဲရုံအမှတ် (၉)
မဲပေးခွင့်ရှိသူ ၁၈၆ ဦး
ကြံ့ခိုင်ရေး ရတဲ့မဲ ၁၇၂ မဲ

တပ်စည်ပင် ၀န်ထမ်းလိုင်း ပုသိမ်မြို့ အမှတ် ၁၁ ရပ်ကွက် မဲရုံအမှတ် ၁၃
မဲပေးခွင့်ရှိသူ ၂၆ ဦး
ကြံ့ခိုင်ရေး ရတဲ့မဲ ၂၆ မဲ

(အချက်အလက် - အလဲဗင်းမီဒီယာ)








6 comments :

  1. Anonymous said... :

    စစ်တပ်ကမဲတွေ USDP ဆီသွားတာ ဘာများဆန်းနေလို့လဲဗျာ။ စစ်တပ်ကို တစ်ချိန်လုံး ထိုင်ပုတ်ခတ်နေကြတာကိုး။ စစ်တပ်ကို ရတဲ့နည်းနဲ့ တွဲခေါ်ဖို့မှ မကြိုးစားကြတာ။

  1. Anonymous said... :

    စစ်တပ်ကမဲတွေ USDP ဆီသွားတာ ဘာများဆန်းနေလို့လဲဗျာ။ စစ်တပ်ကို တစ်ချိန်လုံး ထိုင်ပုတ်ခတ်နေကြတာကိုး။ စစ်တပ်ကို ရတဲ့နည်းနဲ့ တွဲခေါ်ဖို့မှ မကြိုးစားကြတာ။

  1. Anonymous said... :

    ခုချိန်မှာကအရင်ကအငွေ့အသက်တွေမကင်းတော့သူတို့လည်း ????
    ဘုရားဟောတဲ့၃၈ဖြာမင်္ဂလာတရားနဲ့အညီနေထိုင်တတ်ဖို့
    ကိုအရင်ကြိုးစားခိုင်းရမှာ.....
    သူတို့လည်းပြည်သူတို့ထဲကလာတယ်လေ...
    တွဲခေါ်ဆိုတာဘယ်လိုတွဲခေါ်ပေးမှာလည်း
    အကာအကွယ်မဲ့လား? အကာအကွယ်နဲ့လား
    ဆန်ဒနဲ့ဘ၀တစ်ထပ်တည်းကျဖို့လိုတယ်လေ

  1. Anonymous said... :

    တပ်မတော်သားတွေရဲ့ ပရောဂ မဟုတ်ပေမယ့် နှစ်ပေါင်း ၆၀ကျော် စစ်အာဏာရှင် အဆက်ဆက်ရဲ့ ဒုက္ခ သုက္ခတွေကို လည်စင်းခံခဲ့ကြရတဲ့ ပြည်သူတွေပဲဗျာ .. လေးငါး-ခြောက်လနဲ့တော့ မျက်လုံးစုံမှိတ်ပြီး ယုံကြည်လို့ ရနိုင်ပါ့မလဲ။ တကယ်တန်းကျနော့် ခင်ဗျားဆို့ စစ်သားတွေက ပြည်သူတွေ ဘာပြောပြော အဆိုးမြင်နဲ့ ပြောတာလို့ထင်ပြီး ရန်သူလို သဘောထားနေတာပါ။ ပြည်သူက စစ်သားဆိုတာ ပြည်သူထဲက ပြည်သူဆိုတာ သဘောပေါက်ပြီးသားပါ။
    - ပြည်သူတဦး

  1. Anonymous said... :

    ပြည်သူက ထိုင်ပုတ်ခတ်နေတာ မဟုတ်ဘူး။ မင်းတို့ကိုယ်၌က အဆိုးကို မြင်နေတာ ။ ငါသဘောရိုးနဲ့ ပြောတယ် မင်းကို

  1. Anonymous said... :

    eleven မှာအဲလိုတွေ့ရသည် မှားနေသလားလို့
    ပခုက္ကူမြို့ တပ်မ ၁၀၁၊ မဲရုံတွင် NLD ၆၇၀ မဲ၊ ပြည်ခိုင်ဖြိုး ၃၀ မဲ၊ ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၂၃ မဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved