ကျပ်တထောင်တန်ဖုန်းကတ် (နိုင်ငံခြားမှာ)

Sunday, April 22, 2012

သူများနိုင်ငံတွေမှာ တယ်လီဖုန်း SIM ကဒ်တွေကို ဇီးထုပ်၊ နေကြာစေ့ထုပ် တွေလိုဟော့ဒီလိုရောင်းနေပါတယ်..ကျနော်တို့ ဆီမှာတော့ စိန်တွေရွှေတွေရောင်းနေသလိုပဲ...​.သြော်....တန်ဖိုးလဲကြီးတာကိုး.​....ဒါလဲရတနာတစ်ပါးပဲလား.......​။

မြန်မာပြည်မှာ ဖုန်းနံပါတ် (sim card) တစ်ခုကို မြန်မာကျပ်ငွေ ၅၀၀၀ နဲ့ ရဖို့ အမျိုးမျိုး ပြောဆို ဆန္ဒထုတ်ဖေါ်နေကြတာ မကြာခဏ မြင်တွေ့နေရတော့ ...

တစ်ရက်မှာ ကျွန်တော် အခုနေတဲ့ အိမ်နားက ဈေးဆိုင်မှာ ဖုန်းနံပါတ် (sim card) တွေကို .. မြန်မာပြည်က ဈေးဆိုင်တွေမှာ ဆီးထုတ်၊ နေကြာစေ့ထုတ်တွေ ရောင်းသလို တိုင်မှာ ချိတ်ထားပြီး တစ်ခုကို ၇၉ ပြား၊ (မြန်မာငွေ ၁၀၀၀ ခန့်) နဲ့ ရောင်းနေတာ တွေ့လို့ ဓါတ်ပုံရိုက်ယူလာတာပါ။

(တနေ့နေ့တော့ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်လာစေရမယ်လို့သာ စိတ်ထဲ ကြုံးဝါးနေမိတာပါပဲ။)

[ဒီရက်ပိုင်းအတွင်း Facebook နေရာအတော်များများမှာ တွေ့နေရတဲ့ ဓာတ်ပုံနဲ့ ရေးသားချက် ဖြစ်ပါတယ်]

6 comments :

  1. Anonymous said... :

    It is our retired leaders who only knew and practised how to suppress people and only look after their family.[It against Buddhism]

  1. Anonymous said... :

    မြန်မာ့ဆက်သွယ်ရေးက ဝါးလုံးခေါင်းထဲ
    လသာနေကြတဲ့ ပညာရှင်/တက်ကြီးတွေကို
    ခေါ်ပြလိုက်စမ်းပါဗျာ
    သေခါနီးလေ သောက်သုံးမကျလေ
    လောဘကြီးလေဆိုတာ သူတို့ပြောတာ
    တရားလည်းသိမှာ မဟုတ်ပါဘူး

  1. Anonymous said... :

    ၇-၄-၂၀၁၂ နေ့ ညနေက KL က ဘန်ကောက်ကို
    MH နဲ့ ရောက်တော့၊ လေယာဉ်အထွက်မှာ၊ဆင်းလာတဲ့
    ခရီသည်တိုင်းကို TRUE MOVE SIM CARD တစ်ခုစီ
    အလကား ဝေပေးတယ်။ အဲဒိ SIM CARD ထဲမှာ၊
    ချက်ချင်းခေါ်ဖို့ CREDIT 7-BAHT ဖိုးပါတယ်။
    လေဆိပ်ကထွက်ထွက်ချင်း၊ 90-Baht(US$ 3)ဖြည့် လိုက်တာ၊ဘန်ကောက်မှာနေတဲ့ (၇)ရက်သုံးရောပဲ။
    ဒါပေမဲ့ အဲဒိ SIM CARD က အ၀င်/အထွက်
    နှစ်မျိုးစလုံး CREDIT ဖြတ်တယ်။ တော်လိုက်တဲ့
    “ ယ ”တွေ၊ SIM CARD တစ်ခု နဲ့ 7-Baht
    ရင်းပြီး၊ ခရီးသည် တစ်ယောက်ဆီက အနည်းဆုံး
    90-Baht ယူလိုက်တယ်။ အဲဒိ CARD ကို CREDIT
    ဖြည့်ရင်၊ အနည်းဆုံး 90-Baht ဖြည့်ရတယ်။ခရီးသည်
    ၁၅၀-လောက် ဆိုတော့၊ လေယာဉ်တစ်စီးဆိုက်တိုင်း
    US$ 450 လောက်ရအောင်ယူလိုက်တယ်။ ဆက်/စာ/
    ကြေး ၀န်ကြီးနဲ့ MPT ကအရာရှိကြီးဆိုသူများ၊ “ ယ”
    တွေရဲ့ ချီး ကို ရေခဲဘူးနဲ့ မှာပြီး တစ်နေ့ (၃)ကြိမ်
    လောက်စားကြပေတော့။ ဒါမှ ဥာဏ်တွေတက်လာမှာ။

  1. Anonymous said... :

    Cheap SIM card price is only a start to connect to a network. But most telecoms have different charges on connections, incoming and outgoing charges and monthly fees, etc etc.

    So even if they reduce the primary sim card charges, they have higer rates of fees in long run.

  1. Unknown said... :

    sim card တခုဘယ်လောက်နဲ့ပဲပဲရောင်းရောင်း လိုင်းမကောင်းရင် ဘာလုပ်မှာလဲ. အခု၂သိန်းတန် ဖုန်းပေါ်လာပြီ.. ဘာဖြစ်လဲ.. ဖုန်းလိုင်းတွေပူးတယ်. အသံက မကြည်ဘူး. အိမ်နဲ့ ဖုန်းပြောတာ တိုင်ပတ်နေတာ ဘာလို့လဲ...ဖုန်းလိုင်းတွေ လိုင်းဆွဲအားကောင်းအောင် အရင်မလုပ်ပဲနဲ့ . sim card တခု ၅၀ နဲ့ ပဲရောင်းရောင်း ဘာမှအလုပ်မဖြစ်ဘူး..အဲဒီတော့ သူတို့စီးပွားရေး ဂွင်ကြီးတခုလိုတော့ အသုံးချခံ မဖြစ်စေပါနဲ့...အဲတော့သူတို့ကို ပြောစရာ တခုပဲရှိတယ်..နောက်ထွက်မယ့် ဖုန်းကိုမပြောသေးဘူး.. အခုလက်ရှိ ထွက်ပြီးသား ဖုန်းတွေကိုပဲ လိုင်းကောင်းအောင် အရင်လုပ်ကြပါအုံးလို့.. ကိုယ့်လူတို့လည်း ၅၀၀၀ တန်ဖုန်းကိုင်ပြီး.သူပြောတာကိုမကြား ကိုယ်ပြောတာသူမကြားနဲ့တော့... အချိန်ကုန်ငွေကုန်တော့ မဖြစ်ကြစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ..

  1. Anonymous said... :

    အိန္ဒ္ဓယမှာ အလကားပေးနေတာကြာပြီဗျ။ ဆက်သုံးသွားရင် Service Tax က သူတို့အတွက်ဖြစ်သွားတယ်။ သုံးနေသရွေ့ သူတို့ဝင်ငွေဖြစ်သွားရော။ ဒါတွေ ဒို့ရဲ့ ၀န်ကြီးတွေ နားလည်ထားသင့်ယ်ဗျာ ...

    မြန်မာပြည်ကြီး အမြန်တိုးတက်ပါစေဗျာ ...

    အိန္ဒ္ဓယ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved