SAW အဖွဲ့ရဲ့ အလှူ

Sunday, April 22, 2012

.


ဓာတ်ပုံ - ဧရာဝတီ။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ အမျိုးသမီးများလူမှုစောင့်ရှောက်ရေးအဖွဲ့ SAW က ကလေးငယ် ၃၀ ကျော်ကို ဒီနေ့မှာ ရှင်သာမဏေများအဖြစ် သာသနာ့ဘောင်ထဲကို သွတ်သွင်းခဲ့ပါတယ်။

ဒီကလေးတွေကတော့ SAW အဖွဲ့က စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ သူတို့အဖွဲ့ရဲ့ စာသင်ကျောင်းမှာ တက်ရောက်နေကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။

SAW အဖွဲ့က လက်ရှိ မဲဆောက်မှာ မူကြိုအရွယ်ကနေ အထက်တန်းအဆင့်ထိ အခမဲ့ ဖွင့်ထားတဲ့ကျောင်းမှာ မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံရတဲ့ကလေးတွေနဲ့ မဲဆောက်အနီး ပတ်ဝန်းကျင်က မြန်မာကလေးငယ် ၄၀၀ ခန့် ပညာ သင်ကြားနေကြပါတယ်။

နောက်ပြီး မဲဆောက်မြို့အတွင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို စောင့်ရှောက်မှု ပေးနေတဲ့ ဂေဟာ ၆ ခု ဖွင့်ထားပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးသမီးတွေ၊မိဘမဲ့ကလေးတွေ၊ စွန့်ပစ်ခံကလေးတွေ၊ မဲဆောက်ထောင်ထဲရောက်နေတဲ့ မြန်မာပြည်သားတွေရဲ့ ကလေးတွေ၊ ကျန်းမာရေး ချို့တဲ့တဲ့ ကလေးတွေ၊ လုံးဝ ကုသလို့ မရတော့တဲ့ ဝေဒနာ ခံစားနေရတဲ့သူတွေကို လက်ခံ စောင့်ရှောက်ပေးနေပါတယ်။

၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ SAW အဖွဲ့ရဲ့ အမျိုးသမီး လူမှုစောင့်ရှောက်ရေး ဂေဟာတွေမှာ အမှန်တကယ် ခိုကိုးရာမဲ့ပြီး ဒုက္ခရောက်နေကြတဲ့ အမျိုးသမီးများနဲ့ ကလေးသူငယ်တွေကို လက်ခံကူ ညီပေးနေပါတယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုမင်းမင်းက ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။











.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved