အိမ့်သံစဉ် ရေးသားသည်)
ကောသလမင်း အိပ်မက် ၁၆ ချက်ဆိုတာ အခုတော့ မှန်ကန်ကြောင်း သက်သေ နောက်တခုက အထင်အရှား ပေါ်လာ ပါပြီ တဲ့။
ဗူးခြောက်တွေ ရေမှာ မြုပ်တာတော့ မဟုတ်ပါဘူး။ ကျောက်တုံးက ရေပေါ်မှာ ပေါ်တဲ့ ထူးခြားဖြစ်စဉ်တခုကို ဖေ့စ်ဘုတ် စာမျက်နှာမှာတွေ့လိုက်ရတာပါ။
ယခင်အခေါ် ဘိတ်၊ ယခုအခေါ် မြိတ်မြို့ကနေ စက်လှေနဲ့ ၅ နာရီလောက် သွားရတဲ့ ပင်လယ်ရွာလေး တရွာက တံငါသည် သားအဖ ၂ ဦးက ပင်လယ်ပြင် ထွက်ရင်း ရလာတဲ့ ရေပေါ် ပေါ်တဲ့ ကျောက်တုံးတတုံးပါတဲ့။
အလေးချိန်ကတော့ ၃ ပိဿာ ရှိပြီး ပုံမှာ မြင်ရတဲ့အတိုင်း ရေပေါ် မှာပေါ်နေပါသတဲ့။
မီးတောင်က ထွက်တဲ့ ချောရည်ခဲပြီးဖြစ်တဲ့ ကျောက်တုံးဆိုရင် အထဲမှာ gas တွေအောင်းပြီး ရေပေါ်မှာပေါ်ပါတယ် nothing special, can be explain and this is not the first time that a stone float on water